Thursday, December 16, 2021

သတင်းကောင်း

သတင်းကောင်း

လေးကေကော်ကို လွတ်မြောက်နယ်မြေဆိုပြီး PDF နဲ့ ပေါလောကသားတွေ ခိုလှုံနေတယ်တော့ ကျနော် အံ့သြမိပါသေးတယ် လေးကေကော်ဆိုတာ မြဝတီမြို့ကနေ ကားနဲ့ ခပ်သွက်သွက် မောင်းသွားရင်ပဲ ၁၅ မိနစ်ဆိုရောက်ပြီဗျ

တောင်ကုန်းတခုလုံးကို အလှပန်းပင်တွေနဲ့ မွမ်းမံထားတဲ့ ကြည်နူးဖွယ်ဗျူးတောင်ကုန်းလေး ကျော်သွားရင် မြန်မာ့တပ်မတော် တပ်စခန်းတခုလည်း ရှိပါတယ်

ပြောချင်တာက လေးကေကော်ဆိုတာ မြန်မာ့တပ်မတော်ရဲ့ အမြှောက်တကမ်းတောင် မရှိတဲ့ မြဝတီမြို့အနီးက အေးချမ်းတဲ့ ဒေသအသစ်လေးပါ အဲဒါကို လွတ်မြှောက်နယ်မြေဆိုပြီး လေကျယ်နေတာ တွေ့ခဲ့လို့ အင်းးးး ကျားသနားလို့ နွားချမ်းသာတာ သူတို့မသိပဲ ပျော်နေပါလားလို့ တွေးမိပါသေးတယ်

မနေ့ကတော့ PDF တို့ ပွဲပျက်သွားရပြီပေါ့ ဘာပဲပြောပြော မြဝတီလို မြို့နားကနေ သာသာယာယာ ပြည်ဖျက်လုပ်ငန်းတွေ မလုပ်နိုင်တော့တာပဲ ဝမ်းသာရမယ့် အခြေအနေဖြစ်ပါတယ်

PDF တွေ လက်နက်မချရင် ပြည်သူ့စစ်ဗျူဟာ နဲ့ ချေမှုံးခြင်းခံရမယ်လို့ ပြောသွားပါပြီ  ကျနော်တို့အားလုံး ငယ်သံပါအောင် အော်နေရတဲ့ အချက်တွေဖြစ်ပါတယ် 

( ဥပဒေ စိုးမိုးလာခြင်းရဲ့ ပြယုတ်ဖြစ်ပြီး PDF တို့ရဲ့ အိပ်မက်ပျက်ရတဲ့ ပွဲစဥ်မို့ သတင်းကောင်း ဖြစ်ပါတယ် )

ကိုရွှေမျိုးဝင်း


No comments:

Post a Comment