Tuesday, March 1, 2022

ဖြစ်စဉ်သမိုင်း နဲ့ ဖြစ်နိုင်ခြေ

ဖြစ်စဉ်သမိုင်း နဲ့ ဖြစ်နိုင်ခြေ

ဆိုဗီယက်ပြိုကွဲသွားပြီး မကြာဘူး ၁၉၉၆ မှာပဲ နေတိုး နဲ့ အမေရိကန်တို့ ဘီလူးစွယ်ထုတ်ပြခဲ့တယ် ။ အဲဒါကတော့ ရုရှားရဲ့ မဟာမိတ် ယူဂိုဆလားဗီးယားကို ကျူးကျော်ပြီး ဝင်တိုက်ကြတာပါပဲ ။
အကြောင်းပြချက်က လူ့အခွင့်ရေးပဲ ။ ရုရှားက သံတမန်နည်းနဲ့ အမျိုးမျိုးကြိုးစား ဟန့်တားခဲ့ပေမယ့် မရပါဘူး ၊ တရုတ်သံရုံးကိုတောင် တမင် ဒုံးကျည်နဲ့ ပစ်ခဲ့အထိ မောက်မာရိုင်းစိုင်းခဲ့ပါတယ် ။
မာန်မာန နဲ့ ဇာတိမာန် ထက်သန်တဲ့ ရုရှားတို့လည်း သူတို့ရဲ့ စစ်အင်အားကို သိုသိပ်စွာပဲ တိုးမြှင့်ရင်း အင်အားဖြည့်ခဲ့တယ် ။ မူလကတည်းက အခြေခံပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားခဲ့တဲ့ ရုရှားတို့ အတွက် ၁၂ အကြာမှာ ဝက်ဝံလက်သည်းတို့ ထုတ်ပြနိုင်ခဲ့ပါပြီ ။
အဲဒါကတော့ ဂျော်ဂျီယာပဲ ဖြစ်ပါတယ် ။ သူလည်း အခု ယူကရိန်းလိုပဲ အမေရိကန် နဲ့ နေတိုး အားကိုးပြီး ရုရှားနယ်စပ်မှာ ရုရှားကို ခြိမ်းခြောက်ဖို့ ကျိုးစားလာလို့ ဝက်ဝံကြီးက ဆော်ပစ်ပါတော့တယ် ။
တောင်အော်ဆက်တီးယားနဲ့
အယ်ခါဇီးယားကို လွတ်လပ်ရေးပေးရပြီး အခြားလျှော်ကြေးတွေ နဲ့ စစ်ပြေငြိမ်းစာချုပ် ချုပ်ရတဲ့အထိ ရုရှားက တိုက်လိုက်တာ 1-8-2008 ကနေ 12-8-2008 အထိ ၁၂ ရက်ပဲ ကြာခဲ့ပါတယ် ။ အဓိက ရုရှားသုံးခဲ့တာ Iskander Missile တွေပဲ ဖြစ်ပါတယ် ။
ယူကရိန်းအတွက် ယခု ပြဿနာက ဒုတိယမြောက် ခံစားရတဲ့ ဝေဒနာဖြစ်ပါတယ် ။ ပထမအကြိမ်တုန်းက အားလုံးသိထားကြတဲ့ ခရိုင်းမီးယားပြဿနာပါပဲ ။ ရုရှားပင်လယ်ထွက်ပေါက် ခရိုင်းမီးယားကနေ ခြိမ်းခြောက်လာလို့ ရုရှားက 20-2-2014 မှာ စတင်တိုက်ခိုက်ပြီး 26-3-2014 မှာ ခရိုင်းမီးယားကို ပေါ်ပေါ်ထင်ထင် သိမ်းပိုက်ပစ်လိုက်ပါတယ် ။
ရုရှားရဲ့ လေကာစနစ်တွေ ၊ အနုမြူဒုံးတွေ ၊ တိုက်ချင်းပစ် ဒုံးတွေ ကြောင့် အနောက်အုပ်စု လေနဲ့ပဲ ခြိမ်းခြောက်ရင်း ယူကရိန်းကတော့ နယ်မြေပဲ့ခဲ့ရပါတယ် ။
ယူကရိန်းအတွက် 2014 စစ်ပွဲအတွက် အမဲစက်တခု ရှိခဲ့ပါတယ် ။ အဲဒါကတော့ ယူကရိန်းနိုင်ငံ AZOV မြစ်နားမှာ အခြေပြုပြီး ဖွဲ့စည်းခဲ့တဲ့ AZOV အမည်ခံယူတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ပေါ်လာခဲ့တယ်။ လူဖြူအစွန်းရောက်အဖွဲ့ဖြစ်တယ်။ Neo-Nazi တပ်ဖွဲ့ အဖြစ် ကမ္ဘာက သိမှတ်ထားကြတယ်။
AZOV တွေဟာ လူဖြူမဟုတ်ရင် သတ်ဖြတ် မုဒိန်းကျင့် ဒါးပြတိုက်နဲ့မို့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းခံရတယ် ။ ဒါကိုပဲ ယူကရိန်းက တရားဝင်စစ်တပ်ထဲ ဝင်ခွင့်ပေးခဲ့ပါတယ် ။
ဒွန်းဘပ်စ်ဒေသမှာ Genocide လုပ်ပြီး ရုရှားတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့လို့ ပူတင်က....
'' ယူကရိန်းရဲ့ နာဇီလက်သစ်တွေကို တိုက်ခိုက်ဖို့ အထူးစစ်ဆင်ရေး ဆင်နွှဲတာဖြစ်တယ် "
ဆိုပြီး ပြောနေတာပါပဲ ။
ယူကရိန်းဟာ ဒီ 2014 ဖြစ်စဉ်ကို သင်ခန်းစာမယူပါဘူး ။ နေတိုးအုပ်စုရဲ့ ရုပ်သေးအစိုးရ တနည်း လူရွှင်တော်သမ္မတ အစိုးရ က ရုရှားဆန့်ကျင်ရေး အဆက်မပျက်လုပ်နေပြီး နေတိုးအုပ်စုထဲ အဖွဲ့ဝင်လျှောက်လွှာတင်တဲ့ အထိ ခြေလွန် လက်လွန် ဖြစ်လာချိန်မှာ ယနေ့ ဖြစ်ရပ်တွေအထိ အကျိုးသက်ရောက်လာရတာပါပဲ ။
ဒါကို အမေရိကန် နဲ့ နေတိုးက ဘာကြောင့် ဝင်မတိုက်သလဲ ဆိုရင်....
- အမေရိကန်ဆိုတာ သူနိုင်ငံအထိ ပြန်တိုက်နိုင်မယ့်သူဆိုကို ရန်မစရဲပါဘူး ။ ရုရှားလို နိုင်ငံမပြောနဲ့ မြောက်ကိုရီးယားလို တိုင်းပြည်က စိန်ခေါ်တာတောင် ရူးချင်ယောင်ဆောင်ခဲ့တာ အားလုံးအသိပါပဲ ။ သူဖက်က သေချာမှ တိုက်ရဲတာပါ လစ်ဗျား ၊ အီရတ် ၊ ပနားမား တို့ကို ဝင်တိုက်ရဲတာ သူကို ပြန်မတိုက်နိုင်မှန်း သိလို့ပါပဲ ။
- နေတိုးဆိုတာကတော့ ဒုတိယ ကမ္ဘာစစ်က စွမ်းရည်ပြပွဲ မှတ်ကြောက်မှာ ကျရှုံးပြီးပါပြီ ၊ ဟစ်တလာကို ဖင်တုန်အောင် ကြောက်ရွံ့ခဲ့ကြတဲ့ နေတိုးအုပ်စုတိုင်းပြည်တွေ '' ဟိုင်း...ဟစ်တလာ '' ဆိုပြီး အလေးပြုနေရချိန်မှာ ရုရှားတနိုင်ငံတည်း ပြန်တိုက်ရင်း ပြခဲ့ရတဲ့ စွမ်းရည်ကို သူတို့အသိဆုံးမို့ တပ်နီတော်ကို သူတို့ ငယ်ကြောက်ဖြစ်နေလို့ ထိပ်တိုက်မတွေ့ရဲပါဘူး ။
ဒီလိုမျိုး အမေရိကန် နဲ့ နေတိုး အုပ်စုအားလုံးကို စိန်ခေါ်ပြီး ယူကရိန်းကို တိုက်နေတဲ့ ရုရှားက သူရဲ့ တကယ့်လက်နက် ၊ တကယ့်အင်အားနဲ့ တိုက်နေတာ မဟုတ်သေးပါဘူး ။
10 % မပြည့်တဲ့ တပ်အင်အားသုံးပြီး အဓိက လက်နက်တွေကို ထုတ်မပြသေးပဲ ဒုတိယတန်းစား လက်နက်တွေနဲ့ပဲ တိုက်ပြနေတာပါ ။ သူ့ရဲ့ ပထမတန်းစား အဆင့်မြှင့် လက်နက်တွေ နဲ့ ကျန်တဲ့ 90% သော အင်အားစုကို အမေရိကန် နဲ့ နေတိုးအတွက် အသင့်ပြင် စောင့်ဆိုင်းထားပါတယ် ။
ယခုဆိုရင် မော်စကို လမ်းမကြီးတွေမှာ ကီလိုမီတာ ၁၀၀၀၀ (မိုင် ၆၀၀၀) အထိ ပစ်နိုင်တဲ့ တာဝေးပစ် အနုမြူထိပ်ဖူးတပ် ဒုံးပျံကြီးတွေကို ပစ် မှတ်အသီးသီးအား ချိန်ရွယ်မှတ်ပုံတင် ဖြန့်ကျက်ထားပါပြီ ။
ဇာကွန်လို့ ခေါ်တဲ့ အနူမြူထိပ်ဖူးတပ် ဟိုက်ပါဆောနစ် ဒုံးပစ်စင်နဲ့ ရေငုပ်သဘော်တွေက အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ကနေ ပစ်ခတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ ။ အမေရိကန် ကမ်းရိုးတန်းနားတောင် ရေပေါ်တက်ပြပြီး ခြိမ်းခြောက်ပြထား မကြာသေးပါဘူး ။
ဒီကြားထဲ တရုတ်က အမေရိကန်တို့ ရဲ့ ကြွားဝါ အားကိုးနေတဲ့ ကိုယ်ပျောက်ဗုံးကြဲ လေယာဉ်တွေကို ပစ်ချနိုင်တဲ့ ဒုံးတွေ အောင်မြင်ပြီ ဆိုကာ ကြေညာလိုက်လို့ အမေရိကန်လည်း F 35 တွေ ဆက်အားကိုးရမလား ဆိုတာ သွေးလေ ခြောက်ခြားနေရပါပြီ ။
ဗလမရှိပေမယ့် ဇရှိတဲ့ မြောက်ကိုရီးယားကလည်း သူတို့ရဲ့ မစမ်းသပ်ရသေးတဲ့ လက်နက်တွေ စမ်းခွင့်ရချင်ပါပြီ ဆိုတဲ့ လေသံကလည်း ထိတ်လန့်ဖို့ ကောင်းနေတာ အမှန်ပါပဲ ။ ရေငုပ်သဘော် အရေအတွက်မှာ ကမ္ဘာ့အများဆုံး ပိုင်ဆိုင်သူ ၊ ဟိုက်ပါဆောနစ် နည်းပညာအောင်မြင်ထားသူ ၊ အနုမြူဗုံးပိုင်ရှင် မြောက်ကိုးရီးယားဆီကို ရုရှားရဲ့ ရေငုပ်သဘော်ကနေ ဟိုက်ပါဆောနစ် တပ်ဆင်ပစ်ခတ်တဲ့ နည်းပညာသာ မျှဝေထားလိုက်ရင်တော့ အမေရိကန်အတွက် ဘီလူးရန်ထက် သရဲရန်ကိုတောင် ထိမ်းနိုင်ဖို့ မလွယ်ပါဘူး ။
ဒီဖြစ်စဉ် ဒီအခြေအနေများအရ တတိယကမ္ဘာစစ်ဖြစ်ဖို့ ခက်ခဲပါတယ် ။ အမေရိကန် နဲ့ အနောက်အုပ်စုတို့ထံ ယခု ရုရှားတို့ နဲ့ အရှေ့အုပ်စုရဲ့ နည်းပညာများ စမ်းသပ်အောင်မြင်ရင်တော့ မပြောတတ်ပါဘူး ။ လတ်တလော အနေအထားအရတော့ ဒေသတွင်း စစ်ပွဲနဲ့ပဲ ပြီးဆုံးသွားမှာပါပဲ ။
ကိုရွှေမျိုးဝင်း

No comments:

Post a Comment