Thursday, March 3, 2022

အရေးမပါတဲ့အရာ

အရေးမပါတဲ့အရာ

        အာဏာသုံးပြီး ရန်သူကိုထိပ်တိုက်တွေ့ရတာ ကြိုက်တယ်မဟုတ်လား။ ဒီမှာ... လုပ်တော့။
အကြမ်းဖက်တွေဘက်က သတင်းဌာနတစ်ခုဖြစ်တဲ့ ခေတ်သစ်ရဲ့အဆိုအရ မြန်မာအပေါ်တရားစွဲတာကို NLD က ကန့်ကွက်ပေးခဲ့တဲ့ကိစ္စကို NUG က ပြန်ရုတ်သိမ်းသတဲ့။ တဆိတ်... အဲဒါက NLD အာ‌ဏာယူထားတဲ့လက်ထက်မှာဖြစ်ခဲ့တာမို့ အာ‌ဏာရနေတဲ့ အစိုးရက သွား ကာကွယ်ခဲ့တာလေ။ နိုင်ငံတော်ကို အမည်တပ်တရားစွဲတဲ့ကိစ္စကို နိုင်ငံရဲ့အစိုးရက ကာကွယ်ဖြေရှင်းရမှာ သူ့အလုပ်ပဲမဟုတ်ဘူးလား။ အဲဒီတုန်းကတော့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်မယ့် အမေစုနဲ့အတူ ရပ်တည်ပါတယ် .. ဆို.. We Stand With ..ဆို။ Billboard ကြီးတွေတောင် ဖောဖောသီသီထောင်လို့။ လော်ဘီတွေနဲ့ပါ အင်အားပြခဲ့ကြပြီးမှ အခုလို ပြန်ရုတ်သိမ်းတော့... ခင်ဗျားတို့ဟာက နိုင်ငံအတွက်အလုပ်လုပ်တာမှ မဟုတ်တာ။ ပါတီပရိုမိုးရှင်းပဲ။
        ရလဒ်တွေက သိပ်ကောင်းခဲ့တယ်ဆိုတော့ ဇောင်းထနေတာ။
ဒါထက် အရင်အစိုးရက တာဝန်အရ လုပ်ခဲ့တဲ့ကိစ္စကို အခု အကြမ်းဖက်တွေက ရုတ်သိမ်းပြတော့ .. အကြမ်းဖက်‌နဲ့ပါတီ တစ်သားတည်းရှိရာ မကျဘူးလား။ တစ်ဖက်ကတော့ အဲဒီလိုတွေ နိုင်ငံကို ချနင်းပြနေပြီ။ ကိုယ်တွေဆီကတော့ အခုထိ NLD ကို ပါတီဖျက်ဖို့ အသံမထွက်ရဲကြဘူး။
        ပွင့်ပွင့်လင်းလင်းပြောမယ်။ ဒေါ်စုကြည်က အခုချိန်မှာ နိုင်ငံရေးသေနေပြီ။ ဒါပေမဲ့ နုဂျီကို ဆက်မွေးထားတာက အခုအစိုးရ (တိတိကျကျပြောရရင် စစ်တပ်) ကို ပါဝါအပျော့အရ ဖိအားပေးဖို့။ နုဂျီနဲ့ ဖြစ်စေ၊ ငှက်ပါတီနဲ့ဖြစ်စေ စစ်တပ်က အပျော့ဆွဲ ဆွေးနွေးအောင် ဖိအားပေးဖို့။ ‌ဒီနေရာမှာ ဒေါ်စုကြည်နဲ့ မဆွေးနွေးလည်း သူ့ပါတီကိုမှ မဖျက်တာ လိုရင် ခေါ်ဆွေးနွေးပြီး ကစားကွက်ခင်းမှာပေါ့ လို့ မတွေးနဲ့။ ငှက်ပါတီမှာ ဒေါ်စုကြည်ရဲ့ပါဝါကို မီတဲ့လူ တစ်ယောက်မှမရှိဘူး။
        ပြောချင်တာက အကြမ်းဖက်တွေဟာ ငှက်ပါတီရဲ့ တာဝန်အရလုပ်ခဲ့တဲ့အရာအပေါ်တောင် လွှမ်းမိုးသလို စာထုတ်နေပြီ။ အခြေအနေမှန်ကို သဘောပေါက်တော့။ နိုင်ငံကိုတောင်ရောင်းစားတဲ့ အကြမ်းဖက်ပါတီကို ဆက်ထားမလား။ ဥပဒေကို အလေးထားရင် ဒီတစ်ကွက်နဲ့တင် ပါတီဖျက်လို့ရပြီ။
        ပါတီမဖျက်ချင်ဘူးမဟုတ်လား။ ဒေါ်စုကြည်ကိုသာ ပြန်ထုတ်ပြီး အောက်ကျခံ ဆွေးနွေးလိုက်တော့။ ဒေါ်စုကြည်ကိုမှ ပွဲမထုတ်လာရင် အာဆီယံကလည်း အစည်းအဝေးတွေမှာ ထပ်ပယ်ထားမှာပဲ။ ဒီတော့ ရွေးပေါ့။
        နောက်တစ်ခု အရေးကြီးတာရှိတယ်။ ဒေါ်စုကြည်၊ ငှက်ပါတီနဲ့ နုဂျီက စစ်တပ်ကို ပါဝါအပျော့နဲ့ ဖိအားပေးဖို့ဆိုရင် သောင်းကျန်းသူတွေနဲ့ PDF ကတော့ အမာလိုင်းနဲ့ ဖိအားပေးဖို့ပဲ။ အရင်ကတည်းက အဲဒီလိုလုပ်ခဲ့ကြတာ။ အခုလည်း ဒီလိုပဲ။ နောက်လည်း ဒီလိုပဲဖြစ်နေမှာပဲ။ ဒီတော့ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာရဲ့ အတိမ်အနက်ကို တွက်ကြည့်ပြီး လိုအပ်သလို ဖိအားပေးပေါ့။
        အခုတိုင်းပြည်မှာကြုံနေရတာတွေကလည်း အပျော့လိုင်းသမားတွေရဲ့ လှုံ့ဆော်မှုနဲ့ အမာလိုင်းသမားတွေရဲ့ လက်နက်တွေကြားမှာ သာမန်ပြည်သူတွေက လှိမ့်နေအောင် ခံနေကြရတာပဲ။ ပြဿနာရဲ့ အရင်းအမြစ်တွေကို မဖြေရှင်းဘဲ သာမန်ပြည်သူတွေဆီ လက်မှတ်လိုက်ထိုးခိုင်းရုံနဲ့ ပြေလည်သွားမယ့်အရာမဟုတ်ဘူး။ သောင်းကျန်းသူတွေကတော့
"The enemy of my enemy is my friend." ဆိုတဲ့ မူကို ကိုင်ပြီး အခုချိန်မှာ နုဂျီနဲ့ပေါင်းတယ်။
သို့သော်....
သူတို့မသိတာက သူတို့ရန်သူရဲ့ ရန်သူကလည်း "ရန်သူ" ပါပဲ။ NLD အာဏာရခဲ့ဖူးတယ်။ ရွေးကောက်ပွဲနိုင်ပြီးတက်လာရင်တောင် တိုင်းရင်းသားပါတီက ဝန်ကြီးချုပ်နေရာမရဘူး။ တိုင်းရင်းသားအားကောင်းတဲ့ မဲဆန္ဒနယ်တွေကို လုံခြုံရေးအကြောင်းပြပြီး ဖြုတ်ချလို့ ကျွန်တော်တို့တောင် အော်ခဲ့ကြရဖူးတယ်။ ငှက်တွေကသာ ဖယ်ခဲ့တာ။ အဲဒီစာရင်းကို စစ်တပ်ကတောင် သဘောတူတာမဟုတ်ဘူး။
        မည်သို့ပင်ဆိုစေကာမူ NLD ကို အခုထိ မဖျက်ခြင်းက NLD ကိုဖျက်ရလောက်အောင် စစ်တပ်က ပါဝါမရှိဘူးဆိုတဲ့သဘော သက်ရောက်တယ်။ အသံတိတ်သပိတ်ကို အင်အားသုံးဖြိုခွဲပြကတည်းက အကြမ်းဖက်တွေဟာ စစ်တပ်ကိုစိန်ခေါ်နိုင်ကြောင်း ပြရာရောက်တယ်။ ရင်းမြစ်ကို ဖြိုချခိုင်းတာ။ သေးသေးကွေးကွေးတွေကို တန်းဆင်းထိုးခိုင်းတာမဟုတ်ဘူး။
အကြမ်းဖက်တီးတဲ့ဆိုင်းကွက်နောက် လိုက် က ရင်း ပွဲပျက်ဖန်များလာတဲ့အခါ ငပွေးတွေက ပိုပြီးတော့တောင် ထိပ်ပုတ်လာဦးမယ်။ အမြတ်ထွက်မှာကတော့ စီအိုင်အေတွေဆိုတာကို သဘောပေါက်ဖို့ လိုတယ်။
ဒီတော့ ကျွန်တော်ပြောချင်တာက -
- NLD/PDF နဲ့ ပတ်သက်တဲ့ မူဝါဒကို ပြန်သုံးသပ်ပါ။ ရင်းမြစ်တွေကိုပဲ အာရုံစိုက်ပါ။
- NLD ကို ဘာလို့ချန်ထားနေတာလဲ။ တကယ်ပဲ All Inclusive Dialogue အတွက်လား။ တကယ်လုပ်မယ်ဆိုပါစို့။ နိုင်ငံတကာက လက်ခံတဲ့ထိ ဒေါ်စုကြည်ကို ပွဲထုတ်ဆွေးနွေးနိုင်လို့လား။
- ဘယ်အရာက တကယ်စွမ်းအားအပြည့်သုံးပြီး ဖြေရှင်းရမယ့်အရာ/ ဘယ်ဟာက လျစ်လျူရှုလို့ရတဲ့ အရာဆိုတာကို ခွဲမြင်ဖို့လိုတယ်။
        မကြာခင် စစ်ပွဲတွေလာတော့မယ်။ စစ်စရိတ် မထောင်းအောင် အတိုဆုံးနဲ့သာ ပွဲဖြတ်ဖို့လုပ်ကြပေတော့။ ကျွန်တော်လည်း စိတ်ပင်ပန်းတယ်။
သန့်နေစိုး

No comments:

Post a Comment