Monday, March 7, 2022

ငုံ့ခံမလား တုန့်ပြန်မလား စဉ်းစား

ငုံ့ခံမလား တုန့်ပြန်မလား စဉ်းစား

ယမန်နေ့ (၂-၃-၂၀၂၂) ရက်နေ့က NLD အစွန်းရောက် အကြမ်းဖက်လှုံ့ဆော်သူ အနုပညာရှင်တချို့ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ အတော်လေး ဂယက်ထသွားတယ်လို့ ပြောရပါမယ်။ ကျွန်တော်တို့တွေက ICJ တရားရုံးမှာ မြန်မာနိုင်ငံအတွက် ရဲဝံ့ပြတ်သားစွာ ရပ်တည်ဆောင်ရွက်ခဲ့ကြတဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦးတို့ကို ကြိုဆိုဖို့ ဗျာများနေတဲ့အချိန်မှာ သတင်းက တက်လာတော့ ဘာမှ အကြမ်းဖက်လှုံ့ဆော်သူတွေကို အနုပညာရှင်တွေကို လွှတ်ပေးတာနဲ့ ပတ်သက်လို့ ဘာမှ ဝေဖန်ထောက်ပြခြင်းတောင် လုပ်ဖို့ မအားခဲ့ပါဘူး။ လူမှုကွန်ရက်ပေါ်မှာတော့ ဝေဖန်မှုတွေနဲ့ ပလူပျံနေကြပါတယ်။
NLD အစွန်းရောက်တွေ အကြမ်းဖက်လှုံ့ဆော်နေတဲ့ကာလမှာ လူမုန်းခံပြီး အကြမ်းဖက်လှုံ့ဆော်သူတွေကို ဝေဖန်ဖော်ထုတ် ပြောဆိုနေကြသူတွေရှိတယ်။ ကျွန်တော်တို့ အနေနဲ့လည်း အကြမ်းဖက်လှုံ့ဆော်မှု၊ အကြမ်းဖက်လှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ် ရေးသားနေပါတယ်။ အကြောင်းကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဦးဆောင်နေတဲ့ တပ်မတော်ကြီးအနေနဲ့ ဥပဒေစိုးမိုးရေးကို တကယ်လုပ်လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ခေတ်အဆက်မြန်မာပြည်မှာ ဥပဒေကို အာဏာရှိသူတွေက လိုသလို အသုံးချပြီး လက်တစ်လုံးခြား လုပ်ခဲ့ကြတာတွေ များလွန်းလို့ မြန်မာပြည်မှာ ဥပဒေစိုးမိုးတဲ့နေရာ ကြက်မတဝပ်စာတောင် မရှိလို့ တင်စားပြောဆိုလို့ ရပါတယ်။
အနုပညာရှင်ဆိုသူတွေကို လွှတ်ပေးပုံကိုလည်း လေ့လာကြည့်မိပါတယ်။ ဘာတဲ့ -
"နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်မှုကြောင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အနုပညာရှင်များဖြစ်သည့် ပိုင်တံခွန် (သရုပ်ဆောင်)၊ လူမင်း(သရုပ်ဆောင်)၊ ပြေတီဦး(သရုပ်ဆောင်)၊ အိန္ဒြာကျော်ဇင် (သရုပ်ဆောင်)တို့အား အနုပညာဖြင့် နိုင်ငံတည်ဆောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် ၎င်းတို့ ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို ၂၀၂၂ခုနှစ်၊ မတ်လ ၂ရက်နေ့တွင် လွတ်ငြိမ်းခွင့် ပြုခဲ့ပြီး ဝင်းမင်းသန်း (Beauty Blogger) အား ၎င်းကျခံလျက်ရှိသည့် ပြစ်ဒဏ်များအနက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်းနှင့် ဒါရိုက်တာဝိုင်းအပေါ် အရေးယူထားသည့် ပြစ်မှုအား ပိတ်သိမ်းပေးခဲ့ကြောင်း" တဲ့ဗျာ။
ဆိုတော့ပေါ့လေ ဒီအနုပညာရှင်တွေ ဘယ်လိုစရိုက်ရှိတယ်။ ဘယ်လို လုပ်စားခဲ့ကြတယ်။ အကြမ်းဖက်လှုံ့ဆော်မှုတွေ ဘယ်လိုလုပ်ခဲ့ကြတယ်ဆိုတာက အထွေအထူး ပြောနေဖို့ မလိုတော့ပါဘူး။ လူမှုကွန်ရက်ပေါ်မှာ များပြားလှတဲ့ follower တွေဆီကို NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူတွေရဲ့ ဝါဒဖြန့်လှုံ့ဆော်မှုတွေ ပြန်လည်ဖော်ပြပေးပြီး လှုံ့ဆော်တယ်။ လူသိများ ကျော်ကြားမှုကို အခွင့်ကောင်းယူပြီး ရုပ်ပြစည်းရုံးသိမ်းသွင်းမှုတွေ လုပ်ခဲ့ကြတယ်။ ပလီပလာပြောရာမှာ သူမတူအောင် ကျွမ်းကျင်တဲ့ အနုပညာရှင်များက သောက်ရေးမပါတဲ့ ပရမ်းပတာနိုင်ငံရေးစကားလုံးတွေ ပြောပြီး လူငယ်ပေါင်းများစွာ အကြမ်းဖက်သမားဘဝရောက်အောင် တွန်းပို့ခဲ့ကြတယ်။
ဆိုတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာက "နိုင်ငံတည်ဆောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက်" လို့ ပြဆိုထားတယ်။ အဲဒီအနုပညာရှင်တွေက နိုင်ငံတော်တည်ဆောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးမှာ တကယ်ပဲ ကူညီဆောင်ရွက်မလား။ ကူညီဆောင်ရွက်မယ်လို့ ကတိပြုတယ်ဆိုရင် -
(၁) NLD, ၈၈ က နိုင်ငံရေးလုပ်စားသူတွေရဲ့ ဝါဒဖြန့်လှုံ့ဆော်မှုတွေကို ထပ်ဆင့်မျှဝေ လှုံ့ဆော်ခဲ့မိတာတွေဟာ မှားယွင်းကြောင်း ပြောပါ။
(၂) သူတို့ရဲ့ လှုံ့ဆော်မှုတွေကြောင့် အကြမ်းသမားတွေ ဖြစ်သွားရတဲ့ လူငယ်တွေ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ကြဖို့ ပြောဆိုဝံ့ပါသလား။
ဒီ(၂)ချက်ပဲ လုပ်ပြပါလို့ တိုက်တွန်းချင်ပါတယ်။ နိုင်ငံတော်တည်ဆောက်ရေး အကြောင်းပြပြီး အခွင့်ထူးခံ လူတန်းစားလို ဆက်ဆံခြင်း ခံနေရတဲ့ အနုပညာရှင် ဆိုသူများအတွက် မေးခွန်းပါ။ အခုလွှတ်ပေးလိုက်တဲ့ အနုပညာရှင်တွေပဲ တည့်တည့်ပြောပါအုံးမယ်။ ၂၀၁၅ ကြားဖြတ်ရွေးကောက်ပွဲမှာ ခင်ဗျားတို့ NLD အတွက် ဝါဒဖြန့်ရုပ်ရှင် ရိုက်ပေးခဲ့တဲ့ မှတ်တမ်းကို ပြန်ကြည့်။ ခင်ဗျားတို့ ပြောတဲ့ ပညာတတ်ကြီးတွေ၊ ကမ္ဘာကျော်ကြီးတွေရဲ့ ၅နှစ်တာ သက်တမ်းကာလအတွင်း လုပ်ဆောင်ချက်တွေဟာ ခင်ဗျားတို့ လော်သလို ဖြစ်ခဲ့သလား။ လေးတန်းအောင် လွှတ်တော်အမတ် ဘယ်ပါတီက ပါသလဲ။ ဘွဲ့မရတဲ့ ဝန်ကြီးချုပ်က ဘယ်ပါတီကလဲ။ ခင်ဗျားတို့ရဲ့ ဝါဒဖြန့် ရုပ်ရှင်ထဲမှာ တခြားသော ပါတီအဖွဲ့အစည်းတွေကို ထိုးနှက်တိုက်ခိုက်ပြီး ပြောဆိုခဲ့တာတွေက ရစရာမရှိအောင်ပဲ။ ၂၀၂၀ မှာလည်း ခင်ဗျားတို့ ဒီလိုပဲ ထပ်လုပ်ကြပြန်တာပဲ။
အကြည်တော်ရေးတဲ့ သူခိုးစာအုပ်ကို ကိုးကားပြီး တစ်ဖက်ကို အပုပ်ချ ခင်ဗျားတို့ ထောက်ခံတဲ့ NLD က လူတွေကိုတော့ သူတော်စင်ကြီးတွေ အလား။ အခု ခင်ဗျားတို့ ထောက်ခံတဲ့ ဒေါ်စုကိုယ်တိုင်က အဂတိလိုက်စားမှုပေါင်းများစွာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေက အဂတိလိုက်စားမှုပေါင်းများစွာ။ ခင်ဗျားတို့ တကယ်ပဲ အမှန်တရားကို အလေးထားပြီး နိုင်ငံတော်တည်ဆောက်ရေးကို တကယ်လုပ်ချင်တယ်ဆိုရင် ခင်ဗျားတို့ ထောက်ခံခဲ့တဲ့ သူခိုးတွေရဲ့ သရုပ်မှန်ကို ခင်ဗျားတို့ တတ်ထားတဲ့ အနုပညာနဲ့ ပြည်သူကို ချပြနိုင်မလား။ ခင်ဗျားတို့ လုပ်တတ်ပါတယ်။ မဟုတ်မမှန်တာကိုတောင် လုပ်ကြံဖန်တီးပြီး ပြည်သူအများကို ခင်ဗျားတို့ ဂျင်းထည့်ခဲ့သေးတာပဲ။ True Story တွေ ရိုက်ရမယ်ဆိုရင် ပိုပြီးတော့ မပြီပင်ပေဘူးလား။ ဒါကတော့ အကြမ်းဖက်လှုံ့ဆော်သူ အခွင့်ထူးခံ သရုပ်ပျက်လှုံ့ဆော်မှုတွေနဲ့ ပြည်သူကို မှိုင်းတိုက်ခဲ့တဲ့ အနုပညာရှင်တွေကို ပြောလိုခြင်း ဖြစ်ပါတယ်။
နောက်တစ်ပိုင်းကတော့ နစက တာဝန်ရှိသူများပေါ့ဗျာ။ အများကြီး ပြောမနေတော့ပါဘူးဗျာ။ NLD အစွန်းရောက်တွေရဲ့ လှုံ့ဆော်မှုမှာ မပါဝင်ဘဲ ကိုယ့်အခွင့်အရေးအရ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်နေထိုင်ရင်း မျက်နှာမှာ စစ်ခွေး၊ ၅၀၀၀ စား၊ ဒလန် အရေးခံခဲ့ရတဲ့သူ ဘယ်နှယောက်ကို ကူညီစောင့်ရှောက်ပေးပြီးပြီလဲ။ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုမှာ မပါဝင်ဘဲ ကိုယ့်အခွင့်အရေးအရ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် နေထိုင်ရင်း လူကိုရန်ရှာခံရ၊ နေအိမ်နှင့် ရှိသမျှ စည်းစိမ်ဥစ္စာတွေ မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူ ဘယ်နှယောက်ကို ကူညီစောင့်ရှောက်ပေးခဲ့ပြီးပြီလဲ။ NLD အစွန်းရောက်တွေရဲ့ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် သေဆုံးသွားရတဲ့ မိသားစုဝင်တွေ အတွက် ဘယ်လိုများ နှစ်သိမ့်မှု ပေးခဲ့သလဲ။ နစက အစိုးရကြီးက ပြည်သူ၊ ပြည်သူ လို့ ပါးစပ်ဖျားက မချပြောပြီး အကြမ်းဖက်လှုံ့ဆော်တဲ့ ပြည်သူကိုမှ ပြည်သူထင်နေတာတော့ မရိုးသားတဲ့ လုပ်ရပ်လို ရှုမြင်စရာ ဖြစ်နေပါတယ်။
မျက်နှာမှာ ၅၀၀၀ စား၊ စစ်ခွေး လို့ တက်တူးအထိုးခံရတဲ့ သူလည်း ပြည်သူပဲ၊ NLD တွေရဲ့ မီးလောင်တိုက်သွင်းခြင်းကြောင့် ဘဝပျက်သွားရတဲ့ သူတွေလည်း ပြည်သူ၊ NLD တွေရဲ့ ယုတ်မာရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့် သေဆုံးသွားရတဲ့ သူတွေက ပြည်သူမဟုတ်ဘူးလား။ မင်းမဲ့စရိုက်ဆန်စွာ NLD တွေရဲ့ ယုတ်မာရက်စက်မှုတွေ ခံဖို့ စတေးခံသက်သက်တွေလား။ ဒီလူတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေ ရဖို့ အကြောင်းမရှိတော့ဘူးလား။
ဒီလိုထောက်ပြပြောဆိုရခြင်းက တိုင်းပြည်အာဏာကို လွှဲပြောင်းရယူစဉ်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၇)(၄၁၈) အရ တာဝန်ယူရခြင်း ဖြစ်တယ်လို့ နစက အကြီးအကဲက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးကို လှည့်ပြီး ပြောခဲ့တယ် မဟုတ်လား။ NLD အစွန်းရောက် အကြမ်းဖက်လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သမားတွေကို ပြည်သူတွေပဲဆိုပြီး ညှာတာစာနာမှုတွေ ပေးခဲ့တယ်မဟုတ်လား။ ဆိုရပါရင် နစက ဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ဖို့ လုပ်နေတယ်။ ဒီမိုကရေစီစနစ်အရ လူပြိန်းအများစုရဲ့ ထောက်ခံအားပေးမှုလိုတယ်။ လူပိန်းကြိုက် လုပ်ရပ်တွေ များများလုပ်ပြပြီး ဒီမိုကရေစီအပြောင်းအလဲမှာ အများစုရဲ့ ထောက်ခံမှုရဖို့ အကွက်ကျကျ လုပ်နေသလားလို့ သံသယဖြစ်စရာ ရှိလာပါတယ်။
အာဏာကို လွှဲပြောင်းရယူစဉ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှဲပြောင်းရယူခဲ့ရပါတယ်။ NLD အစွန်းရောက် အကြမ်းဖက်လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သမားတွေကို လွှတ်ပေးတော့လည်း ဥပဒေက ပေးအပ်ထားတဲ့ အခွင့်အာဏာအရ လွတ်ငြိမ်းပေးတယ်လို့ အကြောင်းပြတယ်ပေါ့ဗျာ။
သို့ဆိုပါလျှင် NLD အစွန်းရောက် အကြမ်းဖက်တွေရဲ့ ရိုင်းစိုင်းယုတ်မာ ရက်စက်မှုတွေကြောင့် အတိဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့အခွင့်အရေးတွေနဲ့အညီ နိုင်ငံတော်ရဲ့ အာဏာကို ရယူထားသူတွေက ဆောင်ရွက်ပေးရမယ့် ကိစ္စတွေရှိတယ်ဗျာ။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ -
ပုဒ်မ (၃၄၇) နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရပိုင်ခွင့်ပေးရမည်။
နစက လက်အောက်မှာ တာဝန်ထမ်းဆောင်နေသည့် အရာရှိကြီးများက အကြမ်းဖက်ခံရလို့၊ မျက်နှာတက်တူးထိုးခံရလို့၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းအောင် စော်ကားခံရလို့ သွားတိုင်ရင်တောင် အမှုဖွင့်မပေးချင်ဘူး။ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေအတွက် ဥပဒေအရ တန်းတူညီမျှအခွင့်အရေးဆိုတာ ဘယ်မှာလဲ။
ပုဒ်မ (၃၅၃) မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးမှု မရှိစေရ။
NLD အစွန်းရောက်တွေရဲ့ ယုတ်မာရက်စက်မှုကြောင့် အသက်တွေလည်း ဆုံးရှုံးခဲ့ရတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုတွေလည်း ဆုံးရှုံးခဲ့ရတဲ့ ပြည်သူပေါင်း မနည်းတော့ဘူးဗျာ။ NLD အစွန်းရောက် အကြမ်းဖက်တွေကို နေ့စဉ်နဲ့ အမျှ မေတ္တာရပ်ခံပြီး ဖိတ်ခေါ်နေတာကို တွေ့ရပေမယ့် အကြမ်းဖက်ခံနေရတဲ့ပြည်သူတွေအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ချက်တစ်စောင် မထုတ်ခဲ့ဘူး။ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ပိုဝေးသေးတယ်။ ဝန်ကြီးဌာန အသီးသီးကလည်း ဝမ်းနည်းကြောင်းပြောဖို့ အဝေးကြီး၊ ကူညီထောက်ပံ့ပေးဖို့ ဝေလာဝေး။ လျစ်လျှူရှုထားလို့ မရတဲ့ နေရာမှာ မငတ်ရုံးကျွေးထားတာတော့ ရှိပါတယ်။ ဒီလူတွေက နိုင်ငံတော်စရိတ်ကို မှီခိုစားသောက်ချင်လွန်းလို့ မဟုတ်ဘူး။ ကိုယ့်ခွန်ကိုယ့်အားနဲ့ ရုန်းကန်ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာ အစရှာမရတော့လို့၊ အဝတ်တစ်ထည် ကိုယ်တစ်ခု၊ ဖိနပ်မပါ ခြေဗလာနဲ့ အကြမ်းဖက်ဘေးကနေ အသက်လုပြေးခဲ့ရတဲ့သူတွေမို့လို့ပါ။
ပုဒ်မ (၃၅၆) နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။
NLD အစွန်းရောက် အကြမ်းဖက်တွေရဲ့ အန္တရာယ်ပြု စော်ကားမှုတွေကို ကာကွယ်မပေးနိုင်လို့ ကုန်ပြီဗျာ။ ကဲ နိုင်ငံတော်အနေနဲ့ ဘာလုပ်ပေးမလဲ။ ဒါပဲမေးချင်ပါတယ်။
ဆိုတော့ . . . ဆိုတော့ . . . ဆိုတော့ ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး ဆိုတာတွေက လူကြားကောင်းအောင် ပြောတဲ့ စကားတွေများလားလို့ သံသယဖြစ်မိလာတယ်။
နောက်ဆုံးအနေနဲ့ကတော့ NLD အစွန်းရောက် အကြမ်းဖက်တွေရဲ့ ယုတ်မာရိုင်းစိုင်း ရက်စက်မှုဒဏ်တွေကို လူးလှိမ့်ခံနေကြသူများ၊ မေတ္တာရှင်ကြီးများ၊ သည်းခံနိုင်စွမ်းကြီးမားကြသူများ ခင်ဗျာ -
ခင်ဗျားတို့တွေက ခင်ဗျားတို့ ခံခဲ့ရတာတွေအတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးစေချင်တာ။ ခင်ဗျားတို့ မျှော်လင့်ချက်ဟာ လက်တွေ့အခြေအနေမှာ မျှော်လေဝေးလေ ပုံစံမျိုးဖြစ်နေတယ်။ မြို့နယ်၊ ခရိုင်တွေမှာ တိုင်လို့လည်း မရ၊ တောလို့လည်း မရ။ ဘယ်လိုလုပ်ရမလဲဗျာ။ နိုင်ငံတော်ရဲ့ အမြင့်ဆုံး နစက ကိုယ်တိုင်က အစွန်းရောက်အကြမ်းဖက်လှုံ့ဆော်သူနဲ့ အကြမ်းဖက်သမားတွေကိုမှ ပြည်သူလို့ ထင်ပြီး အကြမ်းဖက်ဘေးအန္တရာယ်သင့်နေတဲ့ ပြည်သူကို ပြည်သူလို့ မထင်မှတော့ ခင်ဗျားတို့ မျှော်လင့်ချက်က မျှော်လေ ဝေးလေ ဖြစ်နေအုံးမှာပဲ။
အဲဒီတော့ အကြမ်းဖက်အန္တရာယ်တွေကို ငုံ့ခံမလား၊ တုန့်ပြန်မလား ဆိုတဲ့ မေးခွန်းပဲ မေးစရာရှိတော့တယ်။ ငုံ့ခံနေနိုင်ပါပြီ ဆိုရင်လည်း ဆက်ပြီးတော့ ငုံ့ခံနေကြ။ ငုံ့ခံမနေနိုင်တော့ဘူး။ တုန့်ပြန်မယ်ဆိုရင်လည်း ပြတ်ပြတ်သားသား တုန့်ပြန်ကြ။ ငါတို့ တုန့်ပြန်ရင်ရော ငါတို့ကို နီပိန်း အကြမ်းဖက်လှုံ့ဆော်သူတွေကို ခွင့်လွှတ်သလို ခွင့်လွှတ်မှာလား၊ စာနာမှာလား။ မမေးနဲ့။ ခွင့်လွှတ်ချင်မှ ခွင့်လွှတ်မယ်။ စာနာချင်မှ စာနာလိမ့်မယ်။ မမျှော်လင့်ပါနဲ့။ ဖမ်းဆီးလိမ့်မယ်။ သေမိန့်ပေးချင်လည်း ပေးလိမ့်မယ်။ အဆုံးအထိ တွေးထားပြီးတော့မှ တုန့်ပြန်ကြပါ။ ဘာကိုမှ မမျှော်လင့်တော့ဘူးဆိုမှ တုန့်ပြန်ကြပါ။ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာတွေက ရေးသားပြောဆိုလို့ ကောင်းတဲ့အရာတွေ မဟုတ်ဘူး။ မကောင်းတာလုပ်ဖို့က အထူးသင်စရာလည်း မလိုဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်တုန့်ပြန်တတ်သလို တုန့်ပြန်ကြ။
စာရေးသူကို မေးနိုင်တဲ့ မေးခွန်းတွေ ရှိတယ်။ မင်းကကွာ သူတပါးလွတ်မြောက်တာ ဝမ်းမသာဘူးလား။ ဝမ်းမြောက်ရမယ့်အစား သူတပါးကို ဒုက္ခရောက်စေချင်နေတာလား။ ဒီနေ့ ဒီအချိန်အထိ ဘယ်သူ့ ဘယ်သူမှ ဒုက္ခမရောက်စေချင်လို့ ရေးခဲ့၊ ပြောခဲ့လွန်းလို့ ဒလန်လို့ သတ်မှတ်ခံနေရတာပေါ့ဗျာ။ သူယုတ်မာတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပေါင်းများစွာ သေဆုံးခဲ့ရပြီလေဗျာ။ အဲဒီ သူယုတ်မာတွေက နိုင်ငံတော်တည်ဆောက်ရေးမှာ ဘယ်အခန်းကဏ္ဍကနေ တာဝန်ယူမှာလဲ။ မလိမ့်တပတ်လုပ်ပြီး အကြမ်းဖက်လှုံ့ဆော်သူတွေနဲ့ ပြန်လည်ပူးပေါင်းပြီး တိုင်းဖျက်ပြည်ဖျက် မလုပ်ပါဘူးလို့ နစက အာမခံလား။ ဘယ်သူအာမခံလဲ။ ဒီတိုင်းပြည်ဟာ သူယုတ်မာတွေ အတွက်ပဲ အခွင့်အရေးရှိသလား။ အခြားသော ပြည်သူတွေက စတေးခံဖို့ သက်သက်လား။
NLD အစွန်းရောက် အကြမ်းဖက်တွေကတော့ ရက်စက်ယုတ်မာဖို့ အခွင့်အရေးရတာနဲ့အမျှ ရက်စက်ယုတ်မာနေကြအုံးမှာပဲ။ မတုန့်ပြန်ဝံ့တာကို အခွင့်ကောင်းယူပြီး ပိုမိုရက်စက်ယုတ်မာရိုင်းစိုင်းလာကြဖို့ပဲ ရှိပါတယ်။ ဘယ်သူ့ ဘယ်သူရဲ့ အကူအညီ အစောင့်အရှောက်တွေကိုမှ မျှော်လင့်မနေနဲ့။ ငါတို့ ငုံ့ခံမလား၊ တုန့်ပြန်မလား ကိုယ့်ကိုယ်ကိုသာ မေးခွန်းထုတ်ကြတော့။
နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment