Sunday, March 13, 2022

ခွန်ဆာ မှ O 7 သို့ (၃)

ခွန်ဆာ မှ O 7 သို့ (၃)

                မြန်မာ့တပ်မတော်လေ ရဲ့ တန်ပြန်တိုက်စစ်အတွက် စီမံချက်ကတော့ ယိုးဒယား F 16 တစီးကို မြန်မာ F 7 လေးစီးနဲ့ တိုက်မယ်ဆိုရင် ဗျူဟာအရ အဆင့်နိမ့် မြန်မာ F 7 သုံးစီး ပျက်စီးပြီး နောက်ဆုံးတစီးက ယိုးဒယား F 16 ကို ပျက်အောင် ပစ်ချနိုင်တယ် ဆိုတဲ့ အချက်အလက်တွေ ရှာတွေ့ခဲ့ပါတယ် ။
ဒီတော့ မြန်မာ့လေတပ်ရဲ့ လေသူတွေ နောက်တွန့် သွားမယ် ထင်ကြပါသလား... ? အလုအယက် သူတိုက်မယ် ကိုယ်တိုက်မယ် ဆန္ဒပေးကြတဲ့ အထိ ဖြစ်နေလို့ လေတပ်မှာ တပင်ရွှေထီး နားသပွဲ သူရဲကောင်းရွေးသလို လက်မ အပ်စိုက်ရွေးရမလို ဖြစ်ခဲ့ရသတဲ့ ။
ဒီသတင်းတွေဟာ ထိုင်း လေတပ်ဆီကို ရောက်သွားလေတော့ မြန်မာတို့ရဲ့ F 7 လို G 3 အဆင့်အနိမ့်စား လေယာဥ်တွေကို G 4 အဆင့် ယိုးဒယား F 16 တွေ ယှဥ်မတိုက်ရဲလို့ တစီးမှ လေထဲ တက်မလာတော့ပါဘူး ။
ဒါတွေဟာ မြန်မာ့တပ်မတော်ရဲ့ ရဲရင့်တဲ့ သတ္တိနဲ့ စစ်ရေးစွမ်းရည်အပေါ် ယိုးဒယားတို့ ပမာမခန့် မပြုရဲတဲ့ လက္ခဏာဖြစ်ပါတယ် ။ ထိုင်းတွေ အတွက် အလောင်းဘုရား သားတော် ဆင်ဖြူရှင်ရဲ့ တိုက်စွမ်းရည်အောက်မှာ ပြားပြားမှောက်ခဲ့ရပြီးအောက် ကြောက်စိတ်မကုန်သေးတဲ့ လက္ခဏာလို့ ပြောရင် မလွန်ပါဘူး ။
သူတို့အတွက် ပူပူနွေးနွေး အဖြစ်တခုကလည်း ၁၉၉၈ မှာ ဖြစ်ခဲ့ရသေးတာကိုး ။ ကျနော်ရေးဘူးတဲ့ မြန်မာ့ရေတပ်ရဲ့ စွမ်းရည်သတ္တိပြပွဲ အကြောင်းနဲ့ တပ်မတော်ခေါင်းဆောင်ကြီးတွေရဲ့ ပြတ်သားတဲ့ လုပ်ရပ်တွေကို နမူနာ တပိုင်း ပြန်လည် ဖော်ပြလိုပါတယ် ။
ထိုင်းစစ်ရေယာဥ် PMG 83 ကို မြန်မာတို့ရဲ့ သစ်သားခွံငါးဖမ်းသဘော်ကို ပြင်ထားရတဲ့ ရန်နိုင် ၅၁၀ က အင်အားမမျှပဲ ( ဆင် နဲ့ ဆိတ် အဆင့်ပါ) ဆော်လိုက်တာ ထိုင်း စစ်ဘော်ကြီး စုတ်ပြတ်ပြီး ထွက်ပြေးရတယ် ။
အဲဒါကို မကျေနပ်လို့ ထိုင်းတွေက PMG 84 နဲ့ ရန်နိုင် ၅၁၀ ကို အလစ်ချောင်းပြီး တိုက်ခိုက်ပါတယ် ။ တောပစ်တောင်ပစ် နဲ့ မြန်မာပိုင် ကျွန်းပေါ်က ဘုရားတွေ ရွာတွေ မှန်ပါရော ။ အဲဒီကနေ မြန်မာ့တပ်မတော်က ဒီလို လုပ်ခဲ့ကြပါတယ် ။
ထိုင်းစစ်ရေယာဥ် PGM 84 ရဲ့ ရမ်းကားမှုများအတွက် မြန်မာ အစိုးရဟာ ပထမဆုံး ထိုင်း သံအမတ်ကြီးကို ခေါ်ယူပြီး ပြင်းထန်စွာ သတိပေးကန့်ကွက်ပါတယ် ။
1949 ဂျနီဗာကွန်ဗန်းရှင်း၏ Relative to the protection of civilion, Common Articles 2 အရ ဗုံးဆံကျရောက်မှုကို ပြင်းထန်စွာကန့်ကွက်ပါကြောင်းအား ပစ္စည်းသက်သေ ဓာတ်ပုံသက်သေတွေ နဲ့ လှုပ်မရအောင် ချည်တုတ်ပါတယ် ။
တဆက်တည်းမှာပဲ အငြင်းပွားနေဆဲ ကျွန်းအား တက်ရောက် သိမ်းပိုက်ထားခြင်းကို ကန့်ကွက်ကြောင်း ။
Gas ပိုက်လိုင်းအတွက် စာချုပ်ပါ လျှော်ကြေးပြဿနာအား ဂုဏ်သိက္ခာရှိစွာ ဖြေရှင်းရန် ဆိုပြီး တောင်းဆိုလိုက်ပါတယ် ။
ဒါက ပထမအဆင့် လှုပ်ရှားမှု ဖြစ်ပြီး နောက်တဆင့် အဖြစ် UN ကို တရားဝင် တိုင်ကြားလိုက်ပါတယ် ။
အဲဒီလို မိမိအလွန် မဖြစ်ရလေအောင် ပြုဖွယ်ရှိသည်များအား လူကြီးလူကောင်း ဆန်စွာ ပြုလုပ်ပြီးတာ နဲ့ ရွှေဘတို့ရဲ့ ဇ ကို ပြသတဲ့ အနေနဲ့ တတိယ အဆင့်အဖြစ် ထိုင်းကို ပြင်းထန်တဲ့ စစ်ရေးတိုက်ခိုက်မှု ပြုလုပ်မယ်လို့ တရားဝင် ကြေညာလိုက်ပါတော့တယ် ။
ဘာတွေ လုပ်ပြခဲ့သလဲ ဆိုတော့ တပ်မတော် (ကြည်း)၊ အမှတ်(၂)အခြေချဗျူဟာမှ လက်အောက်ခံတပ်ရင်းများအား တိုက်ပွဲဝင်အဆင့်အမြင့်ဆုံးတပ်လှန့်ထားလိုက်ပါတယ် ။
အဲဒီနောက် ကမ်းရိုးတန်းဒေသ စစ်တိုင်းအောက်သို့လည်း နီးစပ်ရာ တိုင်း တပ်မများ၏ လက်အောက်ခံတပ်ရင်းပေါင်းများစွာအား တွဲဖက်၍ အင်အားဖြည့်ထားလိုက်ပါတယ် ။
အခြားသော နိုင်ငံအနှံ့ရှိ ထုတ်နုတ် တပ်ရင်း တပ်မများကလည်း မြန်မာ ထိုင်းနယ်စပ်တလျှောက်သို့ အပြင်းအထန် အလျှင်အမြန် ချီတက်နေရာယူထားလိုက်ပြီး ထိုင်းတို့အား ခြိမ်းခြောက်ထားလိုက်ပါပြီ ။
အ​ငြင်းပွား​နေရတဲ့ ထိုင်းတို့ သိမ်းပိုက်ထားတဲ့ ဟသာ်ကျွန်း(KoLam) တပ်မတော် (ရေ)မှလည်း စစ်ရေယာဉ်သုံးစီး ဝိုင်းပတ်ပိတ်ဆို့ထားလိုက်ပါပြီ ။ နောက်ပြီး ထိုင်းတို့ရဲ့ စစ်ရေး လှုပ်ရှားမှုကို မပြတ်ထိန်းချုပ်စောင့်ကြည့်စေခဲ့ကာ Border line နောက်ချန်လုံခြုံရေးအတွက် လျှာကျွန်းအနီး စစ်ရေယာဉ်နှစ်စီးကို နေရာချထားလိုက်ပါ​တော့တယ် ။
ထို့အပြင် တရခ ဋ္ဌာနချုပ်လက်အောက်ရှိ စစ်ရေယာဉ်အုပ်စုသည် ရေပြင်နယ်နိမိတ်လုံခြုံရေးကို အမြင့်ဆုံးအဆင့်သတ်မှတ်ထိန်းချုပ်ထားလိုက််ပါ​ပြီ၊၊
အဲဒီလို အမြင့်ဆုံး အဆင့် သတ်မှတ်လိုက်တဲ့ အတွက် ရေတပ်ဗျူဟာရှိ စစ်ရေယာဉ်စု(၁) နဲ့ (၂) တို့ရဲ့ လက်အောက်ရှိ စစ်ရေယာဉ်များအားလုံးနီးပါးသည် နှစ်နိုင်ငံအငြင်းပွားရာသို့ဦးတည်ကာ သရဲမရဲ စီးထားကြသလို အလုအယက် စက်ကုန်ဖွင့် ချီတက်ကုန်ကြပြီဖြစ်သည်။
မြန်မာတပ်မတော်သည်ကား စစ်တိုက်ရန် အတွက်ဆိုလျှင် ရီးစားဦး နဲ့ ပထမဆုံး ချိန်းတွေ့ရမည့် လူပျိုပေါက်စ ကဲ့သို့ ရွှင်လန်းတက်ကြွနေကြသည်မှာ အားရဖွယ် ကောင်းလှပါတော့တယ် ။
ဒီလို မြန်မာဖက်က တက်ကြွစွာ စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် ထိုင်းနယ်စပ်တလျှောက်မှာ နေထိုင်တဲ့ ထိုင်းပြည်သူတွေက မြန်မာတွေ စစ်ပွဲကြီး တခု သေချာပေါက် ဆင်နွဲတော့မယ် ဆိုတဲ့ လက္ခဏာပြနေလို့ အလုအယက် ထွက်ပြေးကြပါပြီ ။
ထိုင်း TV Channel များကလည်း မြန်မာတို့ စစ်တိုက်ရန်ချီတက်လာပြီဖြစ်ကြောင်း မြန်မာ့တပ်မတော်ရဲ့ ရဲဝင့်စွာ စစ်ပြင် ချီတက်နေပုံ ရုပ်သံတွေ နဲ့ အဆက်မပြတ် ထုတ်လွှင့်နေပြီး ဘေးလွတ်သို့သာ အမြန်ဆုံး ထွက်ပြေးကြရန် ထိုင်းပြည်သူတို့ကို တိုက်တွန်း ကြေညာလျက်ရှိပါသည် ။
အဲဒီလို မြန်မာ့တပ်မတော် ရဲ့ တင်းမာပြတ်သားတဲ့ ရာဇသံပို့ပြီးနောက် မြေပြင်လှုပ်ရှားမှု စစ်ပြင်မှုများကြောင့် ထိုင်း စစ်ဖက်ထိပ်သီးများ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရချေပါပြီ ။
စစ်ရေးသုံးသပ်ချက်များအရ မြန်မာ့တပ်မတော် နဲ့ ထိုင်းတပ်မတော်ရဲ့ စွမ်းရည်သတ္တိ ၊ လက်ရုံးရည် နှလုံးရည် ကွာခြားမှုတို့ကို သိနေတဲ့ အတွက် ထိုင်းဖက်နေ နှစ်နိုင်ငံ တိုင်း အဆင့် အရေးပေါ် ဆွေးနွေးပါရစေလို့ တောင်းဆိုလာရပါတယ် ။
အဲဒါကြောင့် မြန်မာဖက်က နာမည်ကျော် ကမ်းရိုးတမ်းဒေသစစ်တိုင်းမှူးကြီး သီဟသူရစစ်မောင် နဲ့ ထိုင်းဖက်က အမှတ် ၃ စစ်တိုင်းမှူး ဗိုလ်ချုပ်ကြီး ဝဝ်တ်တနာချိုင်း တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ် ။
ဆွေးနွေးရာမှာတော့ မြန်မာ စစ်တိုင်းမှူးကြီးရဲ့ တင်းမာတဲ့ မျက်နှာထား နဲ့ အတူ စစ်သားခြင်းသာ သိထားသော အခြားအခြားသော ဂုဏ်သတင်းတို့ကြောင့် ထိုင်းတို့လည်း ယင်းအရှိန်အဝါဖြင့် ကြောက်ရွံ့မှုနဲ့ ဆွေးနွေးခဲ့ကြပါတယ် ။
အဲဒီလို ဖြစ်နေရတာကိုက ရဲရင့်တဲ့ မြန်မာတပ်မ​တော်ရဲ့ ဂုဏ်သတင်းကြောင့်လို့ပဲ ဆိုရပါမယ် ။ မြန်မာဖက်က စစ်တိုင်းမှူးကြီးရဲ့ တင်းမာပြတ်သားတဲ့ တောင်းဆိုမှုတွေ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် ။
- ဟသာ်ကျွန်း(Ko Lam)သည် 1939 ခုနှစ်ထဲကပင်
ဗြိတိသျှတို့လက်ထက် Chart No 3051 အရ မြန်မာပိုင် ဖြစ်ကြောင်း
- ဆလုံကျွန်းဘုရားထိခိုက်မှုအတွက် လျှော်ကြေးငွေ တောင်းဆိုခြင်း
- Gas pipe line အတွက် စာချုပ်ပါအတိုင်း လျော်ကြေးပေးဆောင်ရန်
- ဆလုံလူမျိုးသည်
မူလမြန်မာရင်းမြစ်မျိုးနွယ်သာဖြစ်ပြီး အငြင်းပွားနေမှုကို နောက်ဆုတ်ရန် ပြတ်သားစွာ တောင်းဆို ဆွေးနွေးခဲ့ပါသည်။
ဒီနေရာမှာ ဘရွှေကြီးရဲ့ ပါဝါရှယ်ယာခွဲဝေခြင်း အနုပညာကို ကောင်းစွာ မြင်တွေ့ရပါတယ် ။ မူလက မည်သို့ပင် တိုင်ပင်ဆွေးနွေးထားပါစေ လက်တွေ့ အကောင်အထည်ဖော်ပြီ ဆိုတာ နဲ့ မိမိလူအား လုံးဝ စိတ်ချစွာနဲ့ ပြတ်သားသော အခွင့်အာဏာပေးအပ် ဆောင်ရွက်စေတာ တွေ့ရပါတယ် ။ ဒီလို ဖြစ်စဥ်တေလဟာ ဘရွှေကြီး လက်ထက်မှာ အကြိမ်ကြိမ် ကြုံခဲ့ကြရပါတယ် ။
ထိုင်း စစ်တိုင်းမှူးလည်း မရဲဘဲ ကျွဲပြဲ စီးမိသူလို သူ့အပြစ်နဲ့သူ ခပ်ကုပ်ကုပ် ပြန်သွားပြီး နောက်နေ့မှာပဲ ဟသာ်ကျွန်းပေါ်က ထိုင်းတပ်သားတွေ ဆုတ်ခွာသွားပါတယ် ။
ထိုင်း စစ်ဖက်ကသာ မြန်မာ့တပ်မတော်ကို လေးစား ကြောက်ရွံ့နေတာ မဟုတ်ပါဘူး ။ ထိုင်းဝန်ကြီးချုပ်လည်း အတူတူ ကြောက်တာပါပဲ ။ ဆွေးနွေးပြီး နောက်ရက်မှာပဲ ရန်ကုန်ကို ချက်ခြင်း ပြေးလာပါတယ် ။
မြန်မာတို့ရဲ့ တောင်းဆိုမှု အားလုံးနီးပါးကို လိုက်လျှောခြင်း ပြုပါမည် ဖြစ်ကြောင်း နဲ့ မြန်မာအစိုးရကိုလည်း တရားဝင် တောင်းပန်ပါကြောင်း Trader Hotal (ယခု ဆူးလေ ရှန်ဂရီလာ)တွင် ပြည်တွင်းပြည်ပ သတင်းဋ္ဌာနများကို ကြေညာပေးခြင်းဖြင့် ထိုင်းတို့ဟာ မြန်မာ့တပ်မတော်ရဲ့ ရဲစွမ်းသတ္တိ နဲ့ လုပ်ရဲကိုင်ရဲ စိတ်တို့ကို အရှုံး​လက်​မြှောက်သွားခဲ့ရတာ ပုံပြင် မဟုတ်တဲ့ ဖြစ်ရပ်မှန်ပါပဲ ။
ဒီပွဲရဲ့ ရလာဒ်အဖြစ် Gas အတွက် လျှော်ကြေး နဲ့ မြန်မာပိုင်နက်အတွင်း ကျည်ကျခဲ့တဲ့ အတွက် လျော်ကြေးအဖြစ် ဒေါ်လာ သန်းပေါင်း 320 ရရှိခဲ့ပါတယ် ။
အငြင်းပွား ကျွန်းအတွက် အဆင်ပြေသည့် အချိန်တွင် ပြန်လည်ဆွေးနွေးရန် သဘောတူခဲ့ပါတယ် ။
ဆလုံလူမျိုးတွေဟာ မြန်မာတိုင်းရင်းသားတွေ ဖြစ်ပါတယ်လို့ တရားဝင် အသိအမှတ်ပြုသွားရပါတယ် ။
အဲဒီ အဖြစ်အပျက်က ၁၉၉၈ မှာ ဖြစ်ခဲ့တာပါ ။ ယခု O 7 တောင်ကုန်းပြဿနာက ၂၀၀၁ မှာ ပြန်စလာတော့ အဆိုပါ မြန်မာလေတပ်ရဲ့ သတ္တိကို ကြောက်နေတဲ့ ယိုးဒယားတို့ရဲ့ F 16 တွေ လေထဲ တက်မလာရဲတာ မဆန်းလှပါဘူး ။
မြန်မာတို့ဖက်ကလည်း စစ်ပြင်ဆင်မှု အားလုံး အသင့်ဖြစ်ပြီ ဆိုတာနဲ့ မြန်မာစစ်ခေါင်းဆောင်များဟာ အထူးသတင်းစာ ရှင်းလင်းပွဲ ခေါ်ယူပြီး တင်းမာပြတ်သားတဲ့ သဘောထားကို ရှင်းလင်းစွာပဲ ပြောကြားလိုက်ပါတယ် ။
O 7 တောင်ကုန်းကို ထိုးစစ်ဆင် ပြန်သိမ်းမယ် ။ ယိုးဒယားဝင်ရှုပ်ရင် ယိုဒယားကိုလည်း စစ်ကြေငြာတယ် ဘန်ကောက်ထိတိုက်မယ်ဆိုတဲ့ သဘောပြောလိုက်တော့ သတင်းစာရှင်းလင်းပွဲ တက်ရောက်လာတဲ့ စစ်သံမှူးတွေ အားလုံး အံ့သြထိတ်လန့် ကုန်ရပါပြီ ။
အထူးသဖြင့် ယိုးဒယားသံအမတ်ကြီးကတော့ စကားတောင် ပြန်မပြောနိုင်ပဲ သူ့နိုင်ငံကို ယခုသတင်းအား အလျှင်အမြန် ပေးပို့ လိုက်ပါတော့တယ် ။
ယိုးဒယားမြေပြင်တပ်တွေကတော့ သူတို့ရဲ့ အဆင့်မြင့်လေတပ်က စိုးမိုးထားပြီး မြန်မာ့ကြည်းတပ်ကို ဦးနှိမ်ချေမှုံးလိမ့်မယ် ၊ မြန်မာ့တပ်မတော်ရဲ့ နာမည်ကျော် တိုက်ခိုက်ရေးတပ်မတွေနဲ့ နာမည်ကျော် အမြောက်တွေ ဘာမှ လုပ်မရအောင် ယိုးဒယားလေတပ်က ဖျက်ဆီးလိမ့်မယ်လို့ ယူဆပြီး တက်ကြွနေပါတယ် ။
တိုက်ပွဲစလာပြီ ဆိုတာနဲ့ လေကြောင်းစိုးမိုးမှုမှာ ပြောင်းပြန်ဖြစ်နေပြီး လေထဲမှာ မြန်မာတို့ရဲ့ အဆင့်နိမ့် F 7 တွေ စိုးမိုးနေပြီး ယိုးဒယားတို့ရဲ့ F 16 တွေကတော့ ပေါ်မလာရဲတော့ပါဘူး ။
မြန်မာတို့ရဲ့ တိုက်ခိုက်ရေး တပ်မတွေဟာ ရည်မှန်းချက် ဒေသများသို့ ကျားစီးဖားစီး ဘီလူးသရဲများလို တရကြမ်း တိုက်စစ်ဖွင့်ကြပါပြီ ။
ဟန်ချက်ညီ ပစ်ခတ်ပေးနေတဲ့ မြန်မာ့တပ်မတော်အမြောက်တပ်ရဲ့ ထိရောက်တဲ့ ပစ်ခတ်မှုများအောက်မှာ ပြည်တွင်းလောက်ကောင် SURA နဲ့ ယိုးဒယားအူကြောင်ကြား ခြေလျှင်တပ်တို့ အတုံးအရုံး ဖြစ်ကြရပါပြီ ။
ယိုးဒယားတို့ အတွက် အဲဒါထက်ပိုပြီး သွေးလေ ခြောက်ခြားသွားရတဲ့ အဖြစ်ကတော့ သူတို့ရဲ့ အင်မတန် လုံခြုံလှတဲ့ နောက်တန်းရှိ အမြောက်စခန်းက အဖြစ်အပျက်ကြီး တခုကြောင့်ပါပဲ ။
ယိုးဒယားပိုင်နက် အတွင်းပိုင်း နောက်တန်းကျကျမှာ တင့်ကားများ သံချပ်ကာများနဲ့ အကာအကွယ်ပေးထားရတဲ့ ယိုးဒယား အမြောက်စခန်းဆီကို ည အမှောင်ထုအား အကာအကွယ် ယူ၍ တိတ်တဆိတ် ခြေသံလုံလုံ နဲ့ လျှင်မြန်စွာ ရိပ်ကနဲ ရောက်လာတဲ့ တပ်ဖွဲ့တဖွဲ့ဟာ ယိုးဒယားအမြောက်စခန်းကြီး တခုလုံးကို မွမွကြေအောင် တရကြမ်းဝင်တိုက်ကြပါတယ် ။
ယိုးဒယားသားတို့ အလန့်တကြားဖြစ်သွားအောင် သူတို့ ပိုင်နက် အတွင်းပိုင်းထိ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ပြီး အမြောက်ကြီးတွေကို ဖျက်ဆီး တိုက်ခိုက်တဲ့ အဖွဲ့က မြန်မာ့တပ်မတော် အထူးတပ်ဖွဲ့မဟုတ်ဖူး ဗျ ။ အံ့သြစရာကောင်းတဲ့ အဲဒီ တပ်ဖွဲ့ကတော့။
ကိုရွှေမျိုးဝင်း
ခွန်ဆာ မှ O-7 သို့ (၁)
ခွန်ဆာ မှ O 7 သို့ (၂)
ခွန်ဆာ မှ O 7 သို့ (၃)
ခွန်ဆာ မှ O 7 သို့ (၄)

No comments:

Post a Comment