Sunday, March 6, 2022

စစ်ထွက်ယောက်ျား


စစ်ထွက်ယောက်ျား

" လူမှာယောက်ျား ဆိုစကားမှ
အများထဲမှာ စစ်သားပါကွဲ့
များစွာယောက်ျား မစွမ်းအားသည့်
သူကားစွမ်းဆောင် ပြည်ငြိမ်းအောင်လို့
အမောင်တို့လေ လေးစားနေ ။
" သူကစစ်သား စစ်ထွက်သွားလည်း
များစွာရန်သူ ပြည်ဖျက်သူကို
ကျူ ပင်ကိုခုတ် ကျူ တငုတ်မှ
ကျူ ငုတ်မကျန် အမြစ်လှန်ပေး
မြန်ပြည်အရေး အသက်ပေး၍
မနှေးဆောင်ရွက် နေ့ညဆက်ပေါ့
စစ်ထွက်ယောက်ျား ဇာနည်ဘွားကို
လေးစားလို့နေ တို့တစ်တွေ ။
" စစ်ထွက်ယောက်ျား စစ်သည်များက
ရှေးကားစဉ်လာ ထိန်းသိမ်းကာဖြင့်
ရိက္ခာစုံစုံ မစုံကြုံလည်း
ကြုံသည့်နေရာ စိုက်ပျိူးကာဖြင့်
ဖွေရှာတောတွင်း သဘာဝဟင်းနှင့်
ထမင်းတစ်လုတ် ဟင်းတစ်ဆုတ်ကို
အဟုတ်ဟင်းလျာ နတ်သုဒ္ဓါဟု
စိတ်မှာမနွမ်း ရှေးကလမ်းတိုင်း
ဝမ်းဝရုံနှယ် မြတ်စိတ်သွယ်ကြောင့်
တကယ်လေးစား အိုစစ်သား ။
" စစ်မထွက်ခင် သုံးလူ့ရှင်ဝယ်
ငါလျှင်စစ်သား မာန်မထားဘဲ
ငါးပါးသီလ ခံယူကြ၍
သရဏဂုံ တည်၍ကုန်သော်
ကုံလုံရန်စွယ် အန္တရာယ်ကို
မဖယ်တရား လက်ကိုင်ထားပြီး
တရားကြွယ်ကြွယ် ဓားလည်းသယ်၍
ငါ့နယ်ငါ့မြေ ငါ့တိုင်းပြည်ကို
ငါလေချွေးစက် သွေးအသက်ဖြင့်
တစ်မက်စည်းရိုး အရိုးထိုးလို့
ကိုယ်ကျိူးမငဲ့ တိုင်းပြည်တွက်မို့
စဉ်ဆက်လေးစား အိုစစ်သား ။
" စစ်ထွက်ယောက်ျား အိုစစ်သားရေ
အများထဲမှာ ယောက်ျားပါဟေ့
များစွာယောက်ျား တစ်ကောင်ဘွားမို့
တိုများပြည်သူ လေးစားသူသည်
သူလိုယောက်ျား စစ်ထွက်သွား၍
စစ်သားစစ်စစ် ဧကန်ဖြစ်သည့်
စစ်ထွက်ယောက်ျား ဇာနည်ဘွား ။
တို့ပြည်သူများ အစဉ်လေးစား ။
သန်းဝင်းထွန်း( ဆွာ )

No comments:

Post a Comment