Monday, March 14, 2022

ခွန်ဆာ မှ O 7 သို့ (၄)

ခွန်ဆာ မှ O 7 သို့ (၄)

        ယိုးဒယားတို့ရဲ့ အမြောက်စခန်းကို ထိုးဖောက်တိုက်ခိုက်ခဲ့ကြတာ အများသိထားသလို ဝ (UWSA) တပ်ဖွဲ့တွေပဲ ဖြစ်ပါတယ် ။ ဝ တပ်အနေနဲ့ ယိုးဒယားထဲကို ဝင်တိုက်ရာမှာ လွယ်လွယ်ကူကူ လာခဲ့ကြရတာ မဟုတ်ပါဘူး ။ သူတို့ဌာနချုပ်က အဲဒီအချိန်တုန်းက မြောက်ပိုင်း ပန်ဆန်းတခုပဲ ရှိသေးတဲ့ကာလပါပဲ ။ သူတို့ ဖြတ်သန်းလာရတဲ့ နယ်မြေဟာ တကယ်တမ်းကျတော့ SURA ကြီးစိုးရာ နယ်မြေတွေ ဖြစ်ပါတယ် ။
မြန်မာ့တပ်မတော်ရဲ့ ပံ့ပိုးမှုနဲ့ သိုသိပ်စွာ ချီတက်လာတဲ့ ဝ အထူးတပ်ဖွဲ့ဟာ မူလက ၅၀၀ ခန့် ပါဝင်ပြီး အများစုက RPG တွေ သယ်လာကြပါတယ် ။
ယိုးဒယားနယ်ထဲကို စိမ့်ဝင်ထိုးဖောက်ရာမှာ အချို့သတင်းတွေအရ ၃၀၀ ခန့် ဝင်သွားပြီး ၂၀၀ ခန့်က နောက်ချန်တပ်အဖြစ် နေခဲ့ကြပါတယ် ။ တိုင်းတပါးရဲ့ နယ်မြေထဲအထိ ထိုးဖောက်ဝင်ရောက်ပြီး အသက်စွန့်ကာ ရန်သူ့အမြောက်ကြီးတွေကို ဖျက်ဆီးခဲ့ရာမှာ ဝ အထူးတပ်သား ၂၀၀ ခန့် ပေးဆပ်ခဲ့ရပါတယ် ။
ဝ တပ်ဟာ တိုင်းပြည်အတွက် တိတ်တဆိတ် အဲလို ပေးဆပ်စွန့်စား တိုက်ခိုက်ခဲ့ကြပေမယ့် ယနေ့ထိ ဒီကိစ္စကို ဂုဏ်ယူပြောကြားခြင်း မရှိခဲ့ပါဘူး ။ တဆက်တည်း မြန်မာ့တပ်မတော်အပေါ် ဝေဖန်နေကြတဲ့ ဝ တပ်ကြတော့ မတိုက်ရဲဘူး ဆိုတဲ့ အဖြေကို ရှင်းပြရမယ်ဆိုရင် ဒီတိုက်ပွဲက အရေးကြီး ကဏ္ဍကနေ ပါဝင်နေတာ တွေ့ရပါတယ် ။
(တိုက်ပွဲပြီးနောက် SURA တို့ရဲ့ နယ်မြေကို ဝ တောင်ပိုင်းဌာနချုပ်အဖြစ် မြန်မာ့တပ်မတော်က အပိုင်စားပေး ချီးမြှင့်ခဲ့ပြီး ဝ တပ်အနေနဲ့လည်း မြန်မာ့တပ်မတော်ရဲ့ တပ်စခန်း သေးသေးတခုကိုတောင် ယနေ့ထိ ရန်စမကျူးကျော် တဲ့ အထိ စည်းနဲ့ကမ်းနဲ့ နေခဲ့ကြပါတယ် ။ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဝ ခေါင်းဆောင်ကို နေပြည်တော်မှာ မြန်မာ့တပ်မတော် တပ်ချုပ်ကြီးကိုယ်တိုင် ဆန်ပြုတ်တိုက် ဧည့်ခံတယ် ဆိုတာ အဲလို သမိုင်း ၊ အဲလို သူ့စည်း ကိုယ့်စည်း နေခဲ့ကြလို့ပဲ ဗျ)
ယိုးဒယားတွေအတွက်တော့ သွေးပျက်လောက်တဲ့ အနေအထားရောက်နေပါပြီ ။ သို့သော် ခေါင်းမာတဲ့ ယိုးဒယားစစ်ဦးမှူးက ခေတ်မှီ သံချပ်ကာတွေ တင့်ကားတွေ အားကိုးနဲ့ တိုက်ကြဖို့ ကြံစည်ပြန်ပါတယ် ။
ဒီအချိန်မှာ မြန်မာ့တပ်မတော်သားတိုင်းရဲ့ လက်ထဲမှာ မော်တာကျည် (စိန်ပြောင်း) တတောင့်စီ သယ်လာတာတွေ့ရပါတယ် ။ ဒီတော့ မော်တာ မပါပဲ ဘာကြောင့် ကျည်တတောင့်စီ သယ်နေကြသလဲ ဆိုပြီး ယိုးဒယားအရပ်သားတွေ စပ်စုတော့ တင်းမာခက်ထန်တဲ့ မျက်နှာပေးနဲ့ မြန်မာ့တပ်မတော်သားတွေ အဖြေကြောင့် ယိုးဒယားသားတို့ ထိတ်လန့်သွားကြပြန်ပါတယ် ။
"မင်းတို့ ယိုးဒယားတင့်ကားတွေရဲ့ ချိန်းထဲ ထည့်ဖို့ တယောက် တတောင့် သယ်လာတာပဲ ''
ဆိုတဲ့ အဖြေကြောင့် သတင်းစကားကြားသွားပြီး ယိုးဒယားတင့်သမားတွေ တွန့်ဆုတ်သွားကြသတဲ့ ။ ယိုးဒယားတင့်တွေ တွန့်ဆုတ်နေချိန်မှာ နယ်စပ်မျဥ်းတလျှောက် ထိုးစသ်ဆင်နေတဲ့ မြန်မာ့တိုက်ခိုက်ရေးတပ်တွေကတော့ ယိုးဒယားပိုင်နက်အထိ ကိုက် ထောင်ချီ သိမ်းပိုက်ထားကြပါပြီ ။
စစ်ပွဲကြီးမို့ တိုင်းပြည်အတွက် ပေးဆပ်ခဲ့ကြရတဲ့ စစ်သည်သူရဲကောင်းကတော့ ရှိစမြဲပါပဲ ။ ဒီအချိန်မှာ ယိုးဒယားက အတွင်းရေးများလည်း ကောလဟာလအဖြစ် ပေါက်ကြားလာပြန်ပါတယ် ။
ယိုးဒယားဘုရင်ရဲ့သားတော် ( ယခု ယိုးဒယား ဘုရင်) က လေကြောင်းကနေ မြန်မာမြို့ကြီးတွေကို ဗုံးကြဲဖို့ အကြံပေးသတဲ့ ။ ဒီတော့ ယိုးဒယားဘုရင်က အဲလိုဗုံးကြဲမိရင် မင်းလေယာဥ်တွေ ပြန်ဆင်းရမယ့် လေယာဥ်ကွင်းတောင် ကျန်မှာမဟုတ်ဘူး မြန်မာခြေလျှင်တပ်တွေက အတင်းဝင်သိမ်းလိမ့်မယ် လို့ တားမြစ်သတဲ့ ။
ရွှေရောင်ပစ်မှတ် ဆိုတဲ့ ဝါဒဖြန့် ရုပ်ရှင်ထဲက စစ်ကြောင်းမှူးက သူ့ကိုသာ တပတ်အချိန်ပေးပါ ဘန်ကောက်မြို့လယ်မှာ လမ်လျှောက်ပြပါ့မယ် လို့ တောင်းဆိုတဲ့ ဒိုင်ယာလော့ဟာ ယိုးဒယားတို့ရဲ့ အသဲဆိုင်ကို ဆွဲကိုင်လှုပ်ရမ်းနိုင်ခဲ့တာ အမှန်ပါပဲ ။
ယိုးဒယားတောင်ပိုင်း တခုလုံးအပေါ် ခြောက်ခြားသွားအောင် တပ်မတော်ထောက်လှမ်းရေး ၁၉ ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေကလည်း ထိမိလွှမ်းမိုးနိုင်ခဲ့ပါတယ် ။ သာမန် အရပ်သားထိုင်းလူမျိုးတွေ မဆိုထားနဲ့ ယိုးဒယားတပ်မတော် အတွင်းမှာကိုပဲ မြန်မာ့တပ်မတော်နဲ့ ထိပ်တိုက်မတွေ့ရဲသူတွေများပြားနေကြပါပြီ ။
တိုက်ပွဲမစခင် မြန်မာ့တပ်မတော်ရဲ့ တောင်ကုန်းပေါ်ကို အလည်ရောက်လာတဲ့ ထိုင်း ဗိုလ်ချုပ်က အဓိက ဟန့်တားနေရတဲ့ အကြောင်းကလည်း စိတ်ဝင်စားစရာပါပဲ ။ မြန်မာတပ်တွေ တပ်စွဲထားတဲ့ တောင်ကုန်းကို သူတရားဝင် အလည်လာစဥ်က တွေ့ခဲ့တာပါ ။
ထိုင်း ဗိုလ်ချုပ်နဲ့ အဖွဲ့ တောင်ကုန်းပေါ် ခြေလျှင်တက်ရတော့ မောလွန်းလို့ မကြာခဏနားကြရပေမယ့် ကြိုဆိုခဲ့ကြတဲ့ မြန်မာအရာရှိတွေက လေချွန်မပျက် ၊ လမ်းအတက်အဆင်းမှာ ပီတီပြေးဆင်း ပြေးတက် လုပ်ပြတဲ့ အဖွဲ့က လုပ်ပြနဲ့ တမင် ပညာပေး ခြောက်လှန့်ခဲ့ကြပါတယ် ။
နောက် စခန်းက စားဖိုချောင်ကို လေ့လာပြီး ထိုင်း ဗိုလ်ချုပ်က ပဲဟင်းမွှေတဲ့ ဝါး ဒလက်လေးကို ​ယူကြည့်ပြီး သူသဘောကျလို့ ပေးလိုက်ပါလို့ တောင်းလို့ ပေးလိုက်ပါတယ် ။
အဲဒီဗိုလ်ချုပ်က အဲဒီ ပဲမွှေတဲ့ ဒလက်လေး ပြပြီး မြန်မာတပ်သားတွေက ဒါလေးနဲ့ ပဲဟင်းချက်ပြီး လောက်စာလုံးလောက် ငပိစားပြီး တပတ်လောက် စစ်တိုက်နိုင်တယ် ၊ သူနဲ့ထိုင်းအရာရှိတွေ ငါးခါလောက် နားပြီး တက်ရတဲ့ တောင်ကုန်းကို မြန်မာတပ်သားတွေ နေ့တိုင်း ပီတီပြေးဆင်း ပြေးတက်လုပ်နိုင်တယ် တဲ့ ၊ ချောကလက်မရရင် ဆန္ဒပြချင်ပြီး ရေဗွက်အိုင်နဲနဲကြီးရင် ရဟတ်ယာဥ်ခေါ်ပြီး တဖက်ကို ကူးချင်တဲ့ ယိုးဒယားတပ်က ဒီလို မာကျောတဲ့ မြန်မာတပ်ကို ဖက်ပြိုင် ယှဥ်တိုက်ဖို့ မဖြစ်နိုင်ကြောင်း ဆွေးနွေးပါတယ် ။
အဲလို အကြိတ်အနယ်ဖြစ်နေပြီး မြန်မာကို သာလွန်စစ်လက်နက်တွေနဲ့ တိုက်ရင် နိုင်ရမယ် တိုက်ပါဆိုပြီး မြှောက်ပေးနေတဲ့ အနောက်အုပ်စု သြဇာခံ ဗိုလ်ချုပ်တွေ နဲ့ မတိုက်သင့်ဘူးဆိုတဲ့ ဗိုလ်ချုပ်တွေကြား ဘာဆက်လုပ်ရမယ်ဆိုတာကို မြန်မာ့တပ်မတော်ကပဲ အဆုံးအဖြတ်ပေးလိုက်ပါတယ် ။
အဲဒါကတော့ ယိုးဒယားတို့ အားကိုးနေတဲ့ တင့် တပ်ဖွဲ့ကို ပညာပေး ဆုံးမပြလိုက်တာပါပဲ ။ မြန်မာ့တပ်မတော်ရဲ့ ကိုယ်ပိုင်ထုတ် လက်နက်လို့ယူဆရတဲ့ တင့်ပစ်ဒုံး နဲ့ တချက်ပဲ ပစ်လိုက်ပါတယ် ။
တန်းစီနေတဲ့ ယိုးဒယား တင့်ကားတွေထဲက ကံဆိုးသူ မောင်ရှင်တင့်ကားခမျှာ ဘီယာဗူး ချီးကားကြိတ်ခံရလို ပိန်လိန်ရှုံ့တွပြီး ပေါက်ကွဲစုတ်ပြတ်သွားတာ မျက်မြင်တွေ့လိုက်ရတဲ့ ယိုးဒယားတင်းကားတွေ ကပျာကယာ ညီညာဖျဖျ နောက်ဆုတ်ပြေးကြတာ ဒရောသောပါး ဖြစ်သွားကြပါပြီ ။
အလွန်မာကျောခိုင်ခံ့တဲ့ အမေရိကန်တင့်ကို သံဖြူပြားနဲ့ လုပ်ထားတဲ့ ကစားစရာကားလို ပိန်လိန်စုတ်ပြတ်သွားအောင် ပစ်နိုင်တဲ့ ပြင်းထန်သော ပဲ့ထိမ်းဒုံးကျည်တွေ မြန်မာ့တပ်မတော်မှာ သုံးနေပြီလို့ သတင်းပို့ကြပါတယ် ။
ဒီတော့မှ ဆက်တိုက်သင့် မတိုက်သင့် ငြင်းခုန်နေကြတဲ့ ယိုးဒယား စစ်ဘက် နဲ့ ယိုးဒယား အစိုးရတို့ ဆက်မတိုက်ဖို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီး သံခင်း တမန်ခင်း လမ်းကြောင်းပေါ်သို့ တက်လှမ်းလာပါတော့တယ် ။
၂၀၀၁ ယိုးဒယား မြန်မာ နယ်စပ်တိုက်ပွဲမှာ လက်နက် နည်းပညာ သာလွန်တဲ့ ယိုးဒယားတပ်မတော်ဟာ ရဲရင့်တဲ့ မြန်မာ့တပ်မတော်ကို အရှုံးပေးခဲ့ရတာကို GOOGEL မှာ Thai Myanmar border war ဆိုပြီး ရိုက်ရှာကြည့်ရင် တွေ့နိုင်ပါတယ် ။
၁၉၉၈ ရေတပ်ခြင်း ပြိုင်ပွဲ နဲ့ ၂၀၀၁ နယ်စပ် တိုက်ပွဲတွေကနေ မြန်မာတွေကို အချက်ပြလိုက်တာက မင်းတို့ အင်အားမတောင့်ရင် စော်ကားခံရမှာပဲ ဆိုတဲ့ အသိကို မြန်မာ့တပ်မတော်ရဲ့ ရင်ထဲထိ ထည့်ပေးလိုက်တာပါပဲ ။
အဲဒါကြောင့် ဘရွှေကြီးရဲ့ ရေတို ရေရှည် စီမံကိန်းများနဲ့ အမျှော်အမြင်ရှိရှိ တည်ဆောက်လာကြတဲ့ အတွက် ယနေ့ မြန်မာ့တပ်မတော်ရဲ့ အနေအထားဟာ ဒေသတွင်းမှာ ပမာမခန့် မပြုရဲတော့တဲ့ အထိ ဖြစ်ထွန်းလာခြင်း ဖြစ်ကြောင်း မြန်မာများ မမေ့မလျှော့ မပေါ့ဆကြစေရန်အတွက် ပြန်လည်တင်ပြလိုက်ရပါတယ် ။
ကိုရွှေမျိုးဝင်း
ပုံမှာ ဝ (UWSA) တပ်ဖွဲ့ ဖြစ်ပါသည်။
ခွန်ဆာ မှ O-7 သို့ (၁)
ခွန်ဆာ မှ O 7 သို့ (၂)
ခွန်ဆာ မှ O 7 သို့ (၃)
ခွန်ဆာ မှ O 7 သို့ (၄)

No comments:

Post a Comment