Tuesday, March 15, 2022

မြန်မာ မြန်မာ ကမ္ဘာပေါ်မှာ (ဝင့်)ကြွားနိုင်စေဖိုရာ

မြန်မာ မြန်မာ ကမ္ဘာပေါ်မှာ (ဝင့်)ကြွားနိုင်စေဖိုရာ

        အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေသတွင်းရေတပ်များ တွေ့ဆုံပွဲ (MILAN-2022)အခမ်းအနားသို့တက်ရောက်ခဲ့တဲ့ မြန်မာ့တပ်မတော်(ရေ) မှ စစ်ရေယာဉ် (ဆင်ဖြူရှင်)ဟာ မတ်လ ၈ ရက်နေ့မှာ ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ် ဆိပ်ခံတံတား (သီလဝါ)သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
MILAN-2022 ကို ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၄ ရက် အထိပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ဆင်ဖြူရှင်)အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၂၂ စီး ပါဝင် တက်ရောက်ခဲ့ပါတယ်။
စစ်ရေယာဉ်(ဆင်ဖြူရှင်) ယခုသွားရောက်ခဲ့တဲ့ ခရီးစဉ်အသွား/အပြန်ဟာ စုစုပေါင်း ရေမိုင် ၃,၀၂၀ မိုင်ခန့်ရှိပြီး အမျိုးသမီးစစ်မှုထမ်းအနေဖြင့် အရာရှိ ၁၁ ဦးနဲ့ အခြားအဆင့် ၉ ဦး လိုက်ပါခဲ့တယ်လို့ သိရပါတယ်။
ခုလိုမျိုး မိုင်ပေါင်း ၃၀၀၀ ကျော်ခန့်ရှိတဲ့ ပင်လယ်ပြင်မှာ အမျိုးသားစစ်မှုထမ်းတွေနဲ့အတူ ရင်ဘောင်တန်းကာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးစစ်မှုထမ်းတွေ က‌တော့ တကယ့်ကို လေးစားဖွယ်ရာပါ။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ အမျိုးသမီးဦးရေဟာ နိုင်ငံ့လူဦးရေရဲ့ ၅၁ ရာခိုင်နှုန်းကျော်ရှိပြီး ကျရာကဏ္ဍမှာ ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ရေးသား ဖော်ပြလိုက်ရပါတယ်။
Credit:

No comments:

Post a Comment