Friday, March 18, 2022

သတ္တမမြောက် သုဒ္ဓကိန်းတစ်လုံး

သတ္တမမြောက် သုဒ္ဓကိန်းတစ်လုံး

The Seventh Prime Number
ခန္တာကိုယ်မှာ အရှက်လုံရုံ
အဝတ်တစ်စုံ ဖုံးထားတယ်
My body is adorned with clothes just enough to cover the shame
ကိုယ့်အသက်အတွက်
လက်တစ်ဖက်မှာ သေနတ်တစ်လက်....
In one hand holding a gun to cover my life
ကျောထက်မှာ
အိုးစားဖက်တွေ အတွက်
အသက်ရှင်ရေး မျှော်လင့်ချက်တွေ
On my back are life expectancies
for my comrades
စုပြုံထမ်းပိုး ပြီး
ခြေတစ်လှမ်း လှမ်းလိုက်တယ်
I started a foot step carrying those
all on my back
ပင်လယ်ရေမျက်နှာပြင်အထက်
ပေပေါင်းများစွာ.......
So many feet above the sea level
ဘယ်နေ့က ဆောင်းကုန်ပြီး
ဘယ်လက နွေပေါက်ခဲ့သလဲ
Which day does the winter stop and
which month the summer crept in?
မြေခင်းတစ်ထည်နဲ့
ရှာကြံထားရတဲ့ အနွေးဓာတ်ဟာ
နေထွက်သည့်တိုင်
ခိုက်ခိုက်တုန်ဆဲ အအေးဓာတ်ကို
မကျော်လွှားနိုင်ခဲ့.......
The warmth laboriously searched
using the bed sheet
Is not enough for the cold
which is still bone
cracking even when the Sun came out.
မိုးရွာချိန်မှာ မြေခင်းဟာ မိုးကာဖြစ်ပြီး
ညအိပ်ချိန်မှာ မြေခင်းဟာ အိပ်ရာဖြစ်သတဲ့
မိုးရွာတဲ့ ညတွေမှာ မြေခင်းဟာ........
The bed sheet is a rain coat when it rains;
And it is the bed sheet at night sleeping time. What about the rainy nights?
ကျောတစ်ခင်းစာ အိပ်ရာအတွက်
ကမ္ဗလာမြေကြီးကို ကျေးဇူးတင်မိသလို
တသွင်သွင်စီးဆင်းနေတဲ့ သောက်ရေ အတွက်
စိမ့်စမ်းလေးတွေကို ကျေးဇူးတင်မိပါရဲ့
Thanks to the mother earth
for one bed space;
Thanks to the small streams for
their everlasting drinking water.
ငှက်ပျောအူထမင်းနဲ့ ရေမုန့်ညင်း
အကြောပေါင်းတစ်ထောင် နဲ့ ငါးဥသီး
ဓားမခုတ်ရွက် နဲ့ ပဲပိစပ်
တွေ့သမျှဟာ.ရိက္ခာတဲ့
Water crest and banana stems
Raspberryt with one thousand veins
Soy bean and Damakhot leaves
Whatever you find is our food ration.
ဆီမပါပဲ မြက်ကို ရေလုံပြုတ်နိုင်သလို
အိုးမရှိချိန်မှာ ဦးထုပ်နဲ့
ထမင်းချက်နိုင်သတဲ့
Grasses can be boiled without cooking oil;
We can use our combat hats as rice cooking pots
ပုတ်သင်ကြော်ဟာ
ချိုပြီးစိမ့်မှန်း သိရပြီးနောက်ပိုင်းမှာ
ရိက္ခာစည်သွတ်ဘူးရတဲ့ရက်ဟာ
အာဂပါးစပ် လူဖြစ်ရကျိုးနပ်တဲ့ရက် ဖြစ်လာတယ်
After finding that fried chameleons
are very tasty.
The days of ration cans make you feel like
the poor man of U Pon Nya’s Yethe Play
(Thinking he has attained the highest
state of a gourmet)
ဟန်းကောထမင်းနဲ့ ငါးခြောက်ဟင်း
အာလူးမီးဖုတ်နဲ့ ဆားပြား
ပွတ်ချွန်းနဲ့ ရွှေဖီဦး
Rice cooked with soldiers’ Han gou
(mess kit Japanese name) and dry fish curry.Baked potato and salt
Rolled cigar and the Shwe Phi Oo tea
အလိုက်ဖက်ဆုံး.အတွဲအစပ်တွေကြားမှာ
တစ်နပ်စာ.အာဟာရဟာ
အူစိုရုံ လျှာပေါ်မြက်မပေါက်ရုံမှန်း
သဘောပိုက်လာနိုင်တယ်
Among these best combinations of army life.You realize;One meal is just
enough to moisten your stomach
and to protect your tongues
from growing grass
ဖက်ကြမ်း စည်သွတ်.ဘီစကွတ်နဲ့
၈ယောက် ၁ ရက်စာ တိုက်ခိုက်ရေးရိက္ခာဟာ
၁ယောက်တည်း ၈ ရက်စားမလောက်နိုင်မှန်းသိလာသလို ပိုက်ဆံဟာ အိမ်သာသုံးစက္ကူလိပ်လေးတွေထက် တန်ဖိုးနိမ့်ကြောင်း သိလာတယ်.....
Raw Myanmar cigars, ration cans and biscuits
1 day ration for 8 people
Is not enough for one man for 8 days
Money is of less value than toilet tissues
မြေပုံပေါ်မှာ ခြားထားတဲ့ မျဉ်းနက်လေးရှေ့က
မြေပြင်မှာ.ကတုတ်ကျင်းတွေ ဘန်ကာတွေ ရှိနေပြီး
လုံခြုံရေးတင်းကျပ်ပါတယ်ဆိုတဲ့ နိုင်ငံကြီးမှာ
ဗီဇာမလိုတဲ့ နောက်ဖေးပေါက်တွေ လှမ်းမြင်နေရတယ်
The ground in front of the black line of the topographic map
There exist bunkers and barricades
One can see visa free back doors of the
Security tight great nation!!!
သူများဆီက
မြစ်တစ်စင်းလုံးတောင် အပိုင်သိမ်းချင်ပေမယ့်
These people want a whole river basin from other country.
ကိုယ့်မြေမှာ ကျည်ဆံလေးတစ်တောင့်
မဆိုသလောက်လေး ရောက်လာရင်တောင်
တိုက်လေယာဉ်တွေ ပျံပြတဲ့ အထိ
နိုင်ငံကို ချစ်ပြကြတယ်
သိပ်ချစ်စရာကောင်းတဲ့ အိမ်နီးချင်းတွေ.....
However if a stray bullet fall within their territory
They show their love for their country by flying fighter planes
Very lovely neighbors….
အနောက်တောင်အရပ်က လင်းယုန်ကြီးပြောတဲ့
လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုတွေ
အရေခြုံပြီး
Those opportunists, covering themselves with Human rights and Humanity speeches of that Eagle living in the South West
အရှေ့တိုင်းက နှုတ်ခမ်းမွှေးတကားကားနဲ့
နဂါးကြီးမှုတ်တဲ့ မီးလျှံတွေကြားမှာ
Among the flames blown by the mustached Big Dragon
မီးမလောင်ပေမယ့်
တောကြောင်တွေ လတ်ခမောင်းခတ်ကြတာပ....
Although no fire is burning jungle
cats are showing their muscles
ဒီလိုနဲ့ပဲ အညတရတွေ
သူ့အသက် ကိုယ့်အသက်
လောင်းကြေးထပ်ကြရင်း
So, so the anonymous people
Fighting for your life, my life,
each other’s life
တစ်ခါတစ်ခါမှာ ကိုယ့်လက်တွေ သွေးစွန်းရတယ်
Sometimes my hands are bloodied
သွေးစွန်းနေတဲ့ လက်တွေနဲ့ပဲ
အသက်တွေ ပြန်ကယ်ရတယ်
Have to save lives with this bloodied hand!
သေနတ်ကိုင်ထားတဲ့ ဆရာဝန်ဟာ
ဂျနီဗာကွန်ဗင်းရှင်းမှာ.
အကြုံးမဝင်ပါတဲ့ .......
The Geneva Convent rejects an
armed physician in a conflict!
ရွှေပြည်တော်ဟာ.
မျှော်တိုင်းဝေးနေပေမယ့်
Although there are far pavilions,
the golden land is still far far away
ခြေတစ်လှမ်းလှမ်းတိုင်းတော့
သချိုင်း ဟာ မမျှော်ပဲ နီးနီးလာတယ်
The grave yard is creeping nearer
unexpectedly on each of the foot steps
ပါးစပ်နဲ့ ရှင်းနေတဲ့ စကားဝိုင်းတွေအောက်မှာ
သေနတ်နဲ့ ရင်းခဲ့ရတဲ့ အသက်ပေါင်းများစွာ
Under the loud mouth meetings and
conferences (peace processes)
So many lives have fallen under the guns
ကိုယ့်မြေ ကိုယ့်ရေမှာ
ကိုယ်တွေက အလံဖြူထောင်ပြပေမယ့်
We have put up the white flag on our soil!
တစ်ဖက်က အလံနီ ပြန်ထောင်ပြတာတော့
အခက်သား
But it is hard because
they put up the red flag back!
ကိုယ့်နိုင်ငံ ကိုယ့်တောင်ကုန်းမှာ.
တစ်ပါးနိုင်ငံ အလံထောင်ပြီး
တစ်ပါးလူမျိုး အားကိုးနေသူကို
ပြည်ထောင်စုဖွား တိုင်းရင်းသားလို့
သတ်မှတ်ရလေမလား
How can we consider them as
our national people?
When they put up other country’s
flag on our nation, on our hills and
counting on other people!!
လူသားချင်းစာနာမှုဟာ
စစ်သားတွေမှာပဲ မရှိသလိုလို.......
Speaking like the army people lack humanity!!!
မြေပြင်မှာ ဖောက်ခွဲလိုက်တဲ့
လက်နက်ကြီးဗုံးဆံတစ်ခုဟာ
ဒေါ်လာပေါင်းများစွာတန်သတဲ့
An artillery shell costs a lot of dollars
သူ့ရင်ဘတ် ကိုယ့်ရင်ဘတ်
ဖောက်ထွက်သွားတဲ့ ကျည်ဆံဟာ
The bullets piercing you and me
and all people
သွေးလူးနေတဲ့ စပါးစေ့ထက်တွေထက်
တန်ဖိုးကြီးသတဲ့
Cost much more than the blood
stained paddy grains!!!
လေယာဉ်တစ်ခါပျံတဲ့ ဆီတစ်ဂါလံဟာ
ရိက္ခာပေါင်းမည်မျှနဲ့ ညီမျှသလဲ
One airplane flight’s one gallon of fuel equal how much food rations???
မျက်လုံးကို စုံမှိတ်ကြည့်လိုက်တော့
မြင်နေရတာက
အရိုးပြိုင်းပြိုင်းထနေတဲ့ နိုင်ငံ့ပိုင်နက်
When you close your eyes; one see
our nation’s territory where only bone structure is left!
မျက်လုံးကို ဖွင့်ကြည့်မိတဲ့ မြင်ကွင်းက
အရိုးပါမြုပ်ပြီး ပိုင်နက်ကို ခြံစည်းရိုးခတ်နေရှာတဲ့
အစိမ်းရောင်မြေပုံလေးတွေ.....
When you open your eyes; you see
the green tombs, building fences
with our bodies and bones!!!
လေတိုက်တိုင်း ဖွေးဖွေးလှုပ်သွားပုံက
စွန့်ရှာလေသူတို့ အရိုးတွေ ထထ တွန်သလိုလို
Whenever the wind blows these tombs
are fluttering;
Like the bones of the martyrs
are speaking up!!!
အတွေးတွေ မဆုံးခင်
ဝုန်းဒိုင်းကျဲသွားတဲ့ ဆူညံသံတွေ
လက်နက်ကြီး လက်နက်ငယ် ယမ်းခွဲသံတွေ
အသက်ငင်နေတဲ့ ဗုံးဆံတွေ ကျည်ဆံတွေ
Even before I can close my thoughts
So many noises erupted
Small arms fire, artillery fire, the blasts
Death ringing shells, bullets
မြေပြင်နဲ့ ဝေဟင်မှာ
တော်လဲသံတွေ အလား
မိုးချိန်းသံတွေ အလား
On the land in the air,
Earth roaring
Like thunder striking
ကမ္ဘာမီးလောင်တာ မမြင်ဖူးပေမယ့်
ချနင်းခံရတဲ့ သားကောင်တွေကတော့
မျက်စိရှေ့မှာ အလဲလဲ အပြိုပြို
Though never seen a world burn out
The prays who are thrown
under the fire to step on
Felling down under my eyes.
ကြောက်ရွှံ့ခြင်း စိုးထိတ်ခြင်းနဲ့
ရှင်သန်လိုခြင်းတွေ သိစိတ်မှာ
အားပြိုင်နေဆဲမှာပဲ
Fear, worry, and the will to live on;
Even when they are fighting in my mind
မသိစိတ်မှာ တွယ်ငြိနေတဲ့ အတ္တတွေကြောင့်
ကိုင်ထားတဲ့ သေနတ်မှာ ယမ်းခိုးတွေဝေသွားရတယ်
Because of my self-ego living in my unconscious
My gun becomes full of gun smoke
ကိုယ့်အသက် ကာကွယ်ဖို့
သူ့အသက်ကို စတေးပစ်မိတာ
To scarify other’s life to save own life
ဟန်မူရာဘီရဲ့ ကိုဓ ဥပဒေထက်
ပိုပြီး ရင့်သီးသွားလေမလား
Is more bitterly stronger than the Code of Hammurabi??
ကျိန်ဆိုထားမိတဲ့ သစ္စာတွေ အတွက်
ဟစ်ပိုကရေတီးကို ရှက်ရွှံ့မိလေရဲ့
I am ashamed to Hippocrates for the oaths I have taken.
နာရီပေါင်းများစွာ ဖြုန်းတီးလို့အပြီးမှာ
ဟိုးအဝေးဆီက ကျားထိုးသံကြားရတယ်
After spending too many hours,
I heard bayonet fighting yells from far away!
အောင်နိုင်သူတွေရဲဝံ့ပြီး
သုံးရောင်ခြယ် အလံကို မြေမှာ စိုက်ချိန်မှာ
While the brave winners are raising up the three colored flag
သေအံ့မူးမူး မျက်လုံးတွေကတော့
အမြင့်မြတ်ဆုံးသောဂုဏ်ဆိုတာကြီးနဲ့
ဝံ့ကြွားနေမလားပဲ
The near death eyes may be full of pride
and brightened with so called highest honor!!!
ပြောင်းပူနေတဲ့ သေနတ်ကို မြေမှာ အသာချ
I put aside my hot barreled gun on the ground!!
ဘေးလွယ်အိတ်ထဲက မြေခင်းကို ဖြန့်ခင်း
Spread the bed sheet from my side pack on the ground!
ကျောပိုးအိတ်ထဲက ဆေးဝါးတွေ ထုတ်ပြီး
ခနော်ခနဲ့ ဆေးခန်းလေး ဖွင့်လှစ်လိုက်တယ်
Take out the medicines from the back pack;
And open a make-shift clinic!
သိပ်မကြာခင် မိနစ်ပိုင်းလေးကမှ
ကြမ်းခဲ့ ရမ်းခဲ့ သမျှ စစ်သားကြီးတွေဟာ
The strong fighting soldiers of just a few minutes ago
ခုချိန်မှာ မိခင်ရင်ခွင်တွင်းက
ပီဘိ ကလေးငယ်လေးတွေလိုလို
Are now docile children in their own mother’s lap.
ဆေးဝါးမလုံလောက်မှုတွေ
ပစ္စည်းကိရိယာ မစုံလင်မှုတွေ
ပြီးပြည့်စုံတဲ့ ကုသမှု မခံစားရမှုတွေ
သူတို့ မသိ
They do not know inadequate medicine,
equipment, treatment etc,
ရသမျှ အချိန် ရှိသမျှ ဆေးဝါးနဲ့
သေမင်းနဲ့ တကျော့ပြန် စစ်ခင်းပေးနေရှာတဲ့
ဆရာဝန်ချာတိတ်လေးကိုသာ
သူတို့ခဗျာ ကျေးဇူးတင်လို့ မဆုံး
အားနာလို့ မဆုံး
They are with never ending thanks and
filled with gratitude for this young doctor;
Who is fighting with death, using what
little time and medicine he has?
နောက်တစ်နေ့အတွက်
မြေပုံညွှန်းတွေ စုဖွဲ့မှုတွေ
လူနာအခြေအနေတွေ
အရာရာဟာ နေသားတကျဖြစ်သွားချိန်မှာ
Next day
After all the map-coordinates
, formations, patient conditions
Everything has been contained
ကျောပိုးအိတ်ထဲမှာ မိုးရေမစိုအောင်
မြေခင်းနဲ့ အထပ်ထပ်ပတ်ထားတဲ့
စာအုပ်လေးတွေ ပြန်ထုတ်မိတယ်
I take out the books I wrapped carefully
with bed sheet not to be rain soaked from my back pack.
ကျိန်းစက်နေတဲ့ မျက်ဝန်းအစုံနဲ့ပဲ
အနာဂတ်ကို ဖတ်ရှုနေတုန်း
While reading my future with weary and stingy eyes!
အကိုတစ်ယောက် စကားက
နားထဲကြားယောင်လာတယ်
I heard in my ears the voice of a Senior!
"'စာမေးပွဲဆိုတာမျိုးက မျှော်လင့်ချက်မထားရင်တောင် အားနာဖို့တော့ ထိုက်တန်တယ်မို့လား "တဲ့
Examinations are although you have no expectations!
They are worth to be filled with gratitude.
ကောင်းကင်ကို မော့ကြည့်မိတော့
ထိန်ထိန်သာနေတဲ့ လမင်းကြီးဟာ
ကိုယ့်ရဲ့ အဝေး
မိုင် ... ပေါင်း ... များ ... စွာ ...
When I looked up at the sky!
The fully brightening Moon is;
Far far away from me;
So many miles!!!
လက်ရုံး ( Thant Htin Wai )
Lieutenant Thant Htin Wae,
killed in action on 19-5-2017

No comments:

Post a Comment