Friday, March 4, 2022

ယူကရိန်း၊ရုရှားစစ်ကိုဘယ်လိုစိတ်နဲ့ရှုမြင်လဲ


ယူကရိန်း၊ရုရှားစစ်ကိုဘယ်လိုစိတ်နဲ့ရှုမြင်လဲ
ယူကရိန်း၊ရုရှားဖြစ်စဥ်အပေါ်မှာရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးနဲ့သုံးသပ်နေကြတာတွေ့ရပါတယ်။
ရုရှားလိုလားသူတွေ
ယူကရိန်းနဲ့ရုရှားတင်းမာမှုတွေအစကနေတောက်လျောက်ရုရှားကဘယ်လို၊ဘယ်ကဲ့သို ဆိုတဲ့စာတွေရေးကြသူတွေ။ ဒီလူတွေထဲမှာ တပ်ဘက်ကလူတွေ၊ Nationalist တွေအများကြီးပါနေတယ်။
ယူကရိန်းလိုလားသူတွေ
ဒီလူတွေကကျတော့ရုရှား Vs ယူကရိန်း စစ်ပွဲမှာဒီလောက်ထင်ရှားနေတဲ့ရလဒ်ကိုပြစ်ပယ်ထားသူတွေ။ အင်အားချင်းယှသ်မရအောင်ကွာနေတာကိုကြည့်တာနဲ့ဘယ်သူဘာဖြစ်မယ်သိနေတာပါပဲ။
ဒီလိုရှိနေပေမယ့်လဲ ရုရှားစစ်သားအချိုကိုယူကရိန်းဘက်ကဖမ်းဆီးမိလာတာ (သုံပန်း) ၊ ရုရှားလေယာဥ်ပျက်စီးတာတွေကိုမှရှာရှာဖွေဖွေတင်ပြသူတွေ။ စစ်ဖြစ်နေတာပါ။ နိုင်ငံအချင်းချင်းပါ။ လေယာဥ်လေးတစ်စီးတလေမပျက်နိုင်ဘူးလား။ စစ်သား ၁၀ ယောက် ၁၅ ယောက်အဖမ်းမခံရနိုငိဘူးလား။
ပျက်စီးတာတွေ၊ဆုံးရှုးတာတွေ၊အဖမ်းခံရတာတွေဟာရှိနေမှာပါပဲ။ ဒါပေမယ့် Hard power မှာရုရှားကိုဘယ်လိုမှတွေးယှဥ်လိုတောင်မရတာကိုတစ်ကမ္ဘာလုံးအသိ။ နေတိုးဝင်မှပဲရမယ်။ နေတိုးကလဲလုံးဝဝင်မှာမဟုတ်။ ဒီတော့ချုပ်ကြည့်ရင် ယူကရိန်းနယ်မြေရှုးတယ်။ ရုရှားနိုင်တယ်။ အနောက်အုပ်စုကရုရှားကိုပိတ်ဆိုမယ်။ စတော့ရှယ်ယာတွေကျမယ်။
ရုရှားစတော့ရှယ်ယာကျတော့ဘာဖြစ်လဲ။ ဘာမှမဖြစ်ဘူး။ Virtual Currencies တွေ (Forex ၊ Stock) တွေဟာ Volatile ဖြစ်တယ်။ အငွေ့ပျံသွားတယ်။ ဘာမှမဖြစ်ဘူး။ ရုရှားမှာ Raw Material တွေအများကြီးရှိတယ်။ Industry ကောင်းတယ်။ အရှေ့ကမ္ဘာဈေးကွက်ကြီးရှိတယ်။ ဘာလိုနေသေးလဲ။
ဒီကိစ္စဟာဝမ်းသာစရာမဟုတ်
ရုရှားနိုင်သွားတာ၊ ယူကရိန်းရှုးတာဝမ်းသာစရာမဟုတ်ဘူး။ ခိုက်ခိုက်တုန်အောင်ချမ်းအေးတဲ့ကမ္ဘာ့မြောက်ခြမ်းဆောင်းဒဏ်ကိုကာလကြာအံတုလာရတဲ့ရုရှားနဲ့ယူကရိန်း ၂ ဘက်ကစစ်သားတွေအစားခံစားပေးရတယ်။
စစ်ဖြစ်တော့ဘာမှမဆိုင်ပဲ အသက်အိုးအိမ်စည်းစိမ်၊မိသားစုဆွေမျိုးတွေဆုံးပါး၊ နေ့ညဘာဖြစ်မယ်မှန်းမသိတဲ့ယူကရိန်းပြည်သူတွေကိုစာနာရမယ်။ ဒါပေမယ့်သူတိုရွေးချယ်လိုက်တဲ့သူတိုနဲ့ထိုက်တန်တဲ့သူကိုရခဲ့တာပဲ။ အခုထိလူရွှင်တော်က ယူနီဖောင်းနဲ့ရုပ်ရှင်ရိုက်တုန်း။ ခုထိအနောက်နိုင်ငံတွေရဲ့ဗျူဟာအတိုင်းမီဒီယာကဝါဒဖြန့်လိုကောင်းတုန်း။
တကယ်သာပညာပြည့်ခဲ့ရင်အစောကြီးကတည်းကရုရှားနဲ့ထိပ်တိုက်တွေ့မယ့်လမ်းကိုပါးပါးနပ်နပ်ရှောင်ခဲ့ရမှာ။ မနိုင်ဘူးဆိုတာသိနေတာပဲ။ ဘာလိုမရှောင်ခဲ့လဲ။ နိုင်ငံကိုချနင်းပြီးအနောက်ကရွှေ့တဲ့အတိုင်း 'ကပြ' ခဲ့တာပဲ။ ဒီလိုဥပမာမျိုးတွေကမ္ဘာပေါ်မှာအများကြီးရှိခဲ့တယ်။ နောက်လဲရှိလာဦးမှာပဲ။
ဒီလိုပြောလိုပူတင်လုပ်တာမှားတယ်လိုမဆိုဘူး။ Internal Security နဲ့ Orthodox သူ့နိုင်ငံရဲ့ယဥ်ကျေးမှုတွေ၊စံတွေ၊ လုံခြုံရေးတွေ၊ဂုဏ်သိက္ခာတွေကိုလာထိပါးနေတာ၊ခြိမ်းခြောက်နေတာကို၊ ကျွန်တော်ဆိုလဲဒီလိုလုပ်မှာပဲ။
မြန်မာနိုင်ငံအတွက်ကြီးမားတဲ့အကျိုး
အရင်ပိုစ်မှာသင်ခန်းစာကိုသူများဆီကယူတာလူတော်လိုရေးခဲ့တယ်။ အခုတော့ထူထဲနေတဲ့မြန်မာတွေကို ယူကရိန်းက 'ကွက်ကွက်ကွင်းကွင်း' ဒီလိုကွလိုဥပမာပေးခဲ့တယ်။
တရုတ်နဲ့ပတ်သက်ပြီးဘယ်လိုမျိုးမူဝါဒနဲ့လှုပ်ရှားသင့်တယ်ဆိုတာရေးတော့ တရုတ်စော်နံတယ်ဆိုပြီးလာမန့်ကြသေးတယ်။ နားမလည်လိုပါ။ အခုတော့ကျွန်တော်တကူးတကချေပနေစရာမလိုပြီ။ ယူကရိန်းကရုရှားနဲ့တင်ဥပမာပြပေးသွားခဲ့ပြီ။
မြန်မာဟာတရုတ်နဲ့ခွဲထုတ်ပြီးဗျူဟာခင်းလိုမရဘူးဆိုတာတနိုင်ငံလုံးသိသွားတာပေါ့။ ရုရှားစုစုပေါင်းလူဦးရေက သန်း ၁၄၀ ကျော်။ ယူကရိန်းလူဦးရေက ၄၃ သန်းကျော်။ ၃ ဆကျော်ပဲကွာတယ်။ ယူကရိန်းက အီးယူအဖွဲဝင်မို စီးပွားရေးအဆင်ပြေတယ်။
တရုတ်လူဦးရေက သန်း ၁၄၀၀ ကျော်။ မြန်မာက ၅၄ သန်း။ အဲ့မှာတင် ၂၆ ဆလောက်ကွာနေပြီ။ စီးပွားရေးမှာတရုတ်ကိုအများကြီးမှီနေရတယ်။ ဈေးပေါပေါနဲ့ထုတ်ရောင်းတဲ့တရုတ်ဖုန်းတွေရဲ့ AI တွေကနေမြန်မာ့ဒေတာတွေဘယ်လောက်ပါသွားပြီလဲမသိနိုင်ဘူး။
ဟိုကဂြိုလ်တုပေါင်းများစွာနဲ့မြန်မာကို မှတ်ပုံတင်ထားရင်သိမှာတောင်မဟုတ်ဘူး။ ၂၀၁၅၊ ၂၀၁၇ လောက်ကိုင်တိုက်ပွဲတွေဖြစ်တဲ့အခါမှာ MNDAA သုံးသွားတဲ့ UAV surveillance တွေ၊ စနိုက်ပါတွေတင် အခုတပ်ထက်အများကြီးကွာတယ်။ ဒါကမြင်သာတဲ့အချိုပဲထုတ်ပြထားတာ။
ဆိုလိုတာကဘာလဲ။
တရုတ်နဲ့ဘယ်လိုနိုင်ငံခြားရေးမူဝါဒချရမလဲ။
ပြည်သူတွေဘယ်လိုစိတ်ထားရမလဲ။ တရုတ်လိုကွန်မြူနစ်အရင်းရှင်ကြီးဘေးထားပြီး၊ လစ်ဘရယ်ဒီမိုခေတ်ပျက်ကြီးရူးနေမှာလား။
စတာတွေကို Subjective မပါဘဲသေချာစဥ်းစားပါလေ။
ဓမ္မဓိဋ္ဌာန်ကျကျမြင်လာပြီဆိုရင်တော့လဲ အနောက်ကမီဒီယာနဲ့မှိင်းသွင်းထားတာတွေတဖြည်းဖြည်းလျော့လာပြီး ကိုယ့်နိုင်ငံရဲ့ "ပထဝီနိုင်ငံရေး၊ယဥ်ကျေးမှုဓလေ့ထုံးစံ" နဲ့ကိုက်ညီတဲ့ နိုင်ငံရေးလမ်းပြစနစ်ကြီးပြောင်းကြတာပေါ့။
အစိုးရလဲပြောင်း၊ပြည်သူလဲမှန်မှန်ကန်ကန်လိုက်နာဆိုရင် "အစိုးရနဲ့ပြည်သူချစ်ကြည်ဖြူနေသမျှ၊ဘယ်လိုကြားဝင်သွေးထိုးမှုမဆိုတားဆီးနိုင်ပြီပေါ့"။
အားလုံးလိုချင်တဲ့ အေးချမ်း၊သာယာ၊ဝပြော၊ချစ်ခင်တဲ့နိုင်ငံအိပ်မက်မက်ကြမယ်။ ဗီဇပြောင်းမျိုးဖျက်လစ်ဘရယ်ကြီးကိုအမှိက်တောင်းထဲရဲရဲကြီးပစ်ချလိုက်ကြပါ။
Geopolitics' Admin

No comments:

Post a Comment