နေတိုး - NATO
မြောက်အတ္တလန်တစ် သဘောတူစာချုပ်အဖွဲ့အစည်း (The North Atlantic Treaty Organization) (NATO; အသံထွက်/ˈneɪtoʊ/, NAY-toe)၊ ပြင်သစ်- Organisation du traité de I’Atlantique Nord (OTAN)၊ “(မြောက်) အတ္တလန်တစ်မဟာမိတ်” ဟုလည်း ခေါ်တွင်သည်။ ၁၉၄၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော မြောက်အတ္တလန်တစ် သဘောတူစာချုပ် အပေါ်တွင် အခြေပြုသော နိုင်ငံအစိုးရအချင်းချင်း စစ်ဘက်မဟာမိတ် ပြုထားသောအဖွဲ့အစည်း တစ်ခုဖြစ်သည်။ နေတိုးရုံးချုပ်များ သည် ဘယ်(လ်)ဂျီယံ နိုင်ငံ ဘရပ်ဆယ်(လ်စ်) မြို့တွင် ရှိသည်။ အဖွဲ့အစည်းသည် စုပေါင်းကာကွယ်တိုက်ခိုက်ခြင်းစနစ် ပါဝင်၍၊ အသင်းဝင်နိုင်ငံများသည် တစ်စုံတစ်ခုသော ပြင်ပအဖွဲ့အစည်းမှ တိုက်ခိုက်လာခြင်းကို တုံ့ပြန်နိုင်ရေးအတွက် အပြန်အလှန် အကာအကွယ်ပေးကြရန် သဘောတူညီကြသည်။