နိုင်ငံတော် သမ္မတကြီးဦးစန်းယု
ဗိုလ်ချုပ်ကြီး ဦးစန်းယုသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ၏ သမ္မတအဖြစ် နိုဝင်ဘာလ ၉ ရက် ၁၉၈၁ မှ ဇူလိုင်လ ၂၇ ရက် ၁၉၈၈ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
နိုင်ငံတော် သမ္မတကြီးဦးစန်းယု
ဗိုလ်ချုပ်ကြီး ဦးစန်းယုသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ၏ သမ္မတအဖြစ် နိုဝင်ဘာလ ၉ ရက် ၁၉၈၁ မှ ဇူလိုင်လ ၂၇ ရက် ၁၉၈၈ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ဦးနေဝင်း
ဦးနေဝင်း (၁၀ ဇူလိုင် ၁၉၁၀၊ သို့ ၁၄ သို့ ၂၄ မေ ၁၉၁၁ - ၅ ဒီဇင်ဘာ ၂၀၀၂) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ၁၉၅၈ မှ ၁၉၆၀ အထိ၊ ၁၉၆၂ မှ ၁၉၇၄ အထိ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ ၁၉၆၂ မှ ၁၉၈၁ အထိ နိုင်ငံ့အကြီးအကဲအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ သူသည် မြန်မာ့တပ်မတော်၏ ခေါင်းဆောင်အဖြစ် ၂၆ နှစ်ကြာ ဆောင်ရွက်ခဲ့သည်။
အဂ္ဂမဟာသီရိသုဓမ္မအဂ္ဂမဟာသရေစည်သူဦးဝင်းမောင် (ခ) မန်းဝင်းမောင် သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ တတိယမြောက်သမ္မတဖြစ်သည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက်
မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၁၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် တနင်္လာနေ့တွင် ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာ၌ ဖွားမြင်သည်။ အဖ ဦးရွှေရင်၊ အမိ ဒေါ်သာယာ ဖြစ်သည်။ ဖခင်မှာ ပညာအုပ် ဖြစ်သည်။ ကရင် တိုင်းရင်းသား ဖြစ်၍ နိုင်ငံရေးလောကတွင် မန်းဝင်းမောင်ဟု လူသိများ ထင်ရှားခဲ့သည်။
အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ ဒေါက်တာ ဦးဘဦး
အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ ဒေါက်တာ ဦးဘဦး သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတဖြစ်သည်။ ပါလီမန် ဒီမိုကရေစီ ခေတ်အတွင်း လွှတ်တော်မှ ဂုဏ်ထူးဆောင် သမ္မတ အဖြစ် ရွေးကောက် တင်မြှောက် ခံရခြင်း ဖြစ် သည်။ ၁၉၅၂ ခုနှစ် မတ်လ ၁၆ ရက် မှ ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက် အထိ သမ္မတတာဝန် ထမ်းဆောင် ခဲ့သည်။
စဝ်ရွှေသိုက်
(ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတကြီး)
စဝ်ရွှေသိုက်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတဖြစ်သည်။ ၁၉၄၈-ခုနှစ် ဇန်နဝါရီ ၄ ရက် မှ ၁၉၅၂ ခုနှစ် မတ်လ ၁၆ ရက် အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။သမ္မတကြီး စဝ်ရွှေသိုက်သည် ညောင်ရွှေမြို့၌ အင်းတိန်မြို့စား အဖ စဝ်ချုံ ၊ အမိ စဝ်နန်းဆာတို့မှ ၁၈၉၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၂၅၇-ခုနှစ်)တွင် မွေးဖွားခဲ့သည်။ စဝ်ရွှေသိုက်၏ အမည်ရင်း မှာ စဝ်ရွှေဆိုက် ဖြစ်သည်။ အကြောင်းမှာ ၎င်းမွေးဖွားချိန်တွင် ရှမ်းပြည်ညောင်ရွှေဒေသရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဖောင်တော်ဦးစေတီတော်မြတ်ကြီး ပွဲတော်ကျင်းပနေခိုက်ဖြစ်သည်။ ထိုအချိန်အတွင်း မယ်တော်စဝ်နန်းကြီးသည် မီးမဖွားနိုင်ပဲ ဒုက္ခတွေ့လျက်ရှိပုံမှာ ဝမ်းတွင်းရှိသန္ဓေသားသည် ဘုန်းကြီးသူဖြစ်၍သာ မွေးဖွားရ ခက်ခဲသည်ဟု ယူဆကြသဖြင့် လောကီယတြာအဖြင့် ရွှေထီးမိုးပေးခဲ့သော်လည်း မီးမဖွားနိုင်ပဲဖြစ်နေသည်။ မီးတထိန်ထိန်အိုးစည် ဗုံမောင်းသံတညံညံဖြင့် လှည့်လည်လာသော် ဖောင်တော်ကြီးသည် ကန်တော်ကို လက်ယာရစ် လှည့်ကာ စေတီတော်မြတ်ကြီးအား ကန်တော့ဦးတိုက် ဆိုက်မိချိန်တွင် မွေးဖွားခဲ့သောကြောင့် စဝ်ရွှေဆိုက်ဟု အမည်မှည့်ခဲ့သည်။ စဝ်ရွှေသိုက် ဟု ဆိုက်မှ သိုက်အသံသို့ ပြောင်းလဲခေါ်ခဲ့ကြောင်း သိရှိရသည်။
မဟာသရေစည်သူ ဦးသန့် (၂၂ ဇန်နဝါရီ ၁၉၀၉ – ၂၅ နိုဝင်ဘာ ၁၉၇၄) သည် မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ကာ ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး ၁၉၆၁ ခုနှစ် စက်တင်ဘာလအတွင်း လေယာဉ်ပျက်ကျ သေဆုံးပြီးနောက်ပိုင်း ၎င်း၏ နေရာတွင် အရွေးချယ်ခံခဲ့ရခြင်း ဖြစ်ကာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဥရောပသားမဟုတ်သူများထဲမှ ပထမဆုံးထမ်းဆောင်သူလည်း ဖြစ်သည်။ အာရှတွင် ပထမဦးဆုံး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ ဦးသန့်အား ၎င်းမွေးဖွားရာ ပန်းတနော်မြို့ကို ရည်စူး၍ ပန်းတနော် ဦးသန့် ဟု အမည်တွင်ခဲ့သည်။