နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်
အဂ္ဂမဟာသရေစည်သူဦးသိန်းစိန်သည် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ အဋ္ဌမမြောက်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသက်ဝင်ပြီးနောက် နိုင်ငံတော် သမ္မတဖြစ်သည်။ ဦးသိန်းစိန်သည် ၂ဝ၁၁-ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် သမ္မတအဖြစ် ရွေးချယ် ခံရပြီးနောက် ဧပြီလ (၁)ရက်နေ့မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။ ဦးသိန်းစိန်ကို ၁၉၄၅ ခုနှစ်၊ ဧပြီလ ၂၀ ရက် သောကြာနေ့တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျုံကူးရွာတွင် ဖွားမြင်ခဲ့သည်။









