စာမေးပွဲဆိုင်ရာအကြံပြုချက်များ
(အပိုင်း ၂)
- Posted by Myanmar Network Forum Moderator3 on January 6, 2014 at 11:00
နံနက်စောစောထသူနှင့် ညဥ့်နက်မှ အိပ်သူ (Early bird and night owl)
သင့်ကိုယ်သင်ဘယ်လိုအချိန်မျိုးမှာ စာကျက်ရတာ ပိုအားကောင်းတယ်ဆိုတာကို သိထားတာက အကျိုးရှိပါတယ်။ တချို့သော သူများက နံနက်စောစောထပြီး စာကျက်မှတ်ရတာ ပိုအားသန်ကြသလို တချို့သော သူများကလည်း နေ့လည်(သို့) ညဥ့်နက်နက်မှာ ကျက်မှတ်ရတာကို အားသန်ကြပါတယ်။ ထို့ကြောင့် သင့်ရဲ့စာကျက်ချိန်ကို သင့်ရဲ့အကောင်းဆုံး အခြေအနေနဲ့ နိုးနိုးကြားကြားရှိတဲ့အချိန်ကို သတ်မှတ်ပါ။









