Saturday, January 1, 2022

တပ်မတော်(လေ)သို့ တပ်တော်ဝင်ခြင်းအခမ်းအနား

(၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်က တပ်တော်ဝင်ခဲ့သည့် လေယာဉ်နှင့် ရဟတ်ယာဉ်များအား တွေ့ရစဉ်)

တပ်မတော်(လေ)သို့ တပ်တော်ဝင်ခြင်းအခမ်းအနား

တပ်မတော် (လေ)သို့ Yak-130၊ K-8  အမျိုးအစား အမောင်းသင်နှင့် အပေါ့စားတိုက်ခိုက်ရေးလေယာဉ်များ၊ Y-12၊ ATR-72 သယ်ယူပို့ဆောင်ရေးလေယာဉ်များနှင့် Eurocopter  ရဟတ်ယာဉ်များ တပ်မတော်(လေ)သို့ တပ်တော်ဝင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည်။

တပ်မတော် (လေ)၏ ၇၄ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတက်သင် လေတပ်စခန်းဌာနချုပ်တွင် ပြု လုပ်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

အဆိုပါ တပ်တော်ဝင်ခဲ့သည့် Yak-130 လေယာဉ်နှင့် K-8  လေယာဉ်တို့သည် အမောင်းသင် ဂျက်တိုက်လေယာဉ်နှင့် အပေါ့စားတိုက်ခိုက်ရေး လေယာဉ်အမျိုးအစားများဖြစ်ပြီး ဝေဟင်-ဝေဟင် စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ်လေကြောင်း ပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင်ကင်းထောက်ခြင်းနှင့် လွှဲပြောင်းသင်တန်းပို့ချခြင်းတာဝန်များကို ထမ်းဆောင်နိုင်ကြောင်း သိရသည်။

ထို့အတူ ATR-72 600  လေယာဉ်သည် အလတ်စားသယ်ယူပို့ဆောင်ရေး လေယာဉ်အမျိုးအစားဖြစ်ပြီး ခရီးသည်သယ်ပို့ခြင်း၊ ကုန်ပစ္စည်းများသယ်ပို့ခြင်း၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်းများကို ဆောင်ရွက် နိုင်ကြောင်း၊  Y-12 လေယာဉ်သည် လူနှင့် ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း၊ လေထီးခုန်ခြင်း၊ ပင်လယ်ပြင် ကင်းထောက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းတာဝန်များကို ဆောင်ရွက်နိုင်ကြောင်း၊ Eurocopter  ရဟတ်ယာဉ်သည် အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး အဓိကပုဂ္ဂိုလ်သယ်ယူပို့ ဆောင်ရေး၊ ခရီးသည်သယ်ဆောင်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နိုင်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့အတူ အဆိုပါတပ်တော်ဝင်ခြင်းအခမ်းအနားတွင် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြပျံသန်းခြင်း အစီအစဉ်တွင် တပ်မတော်(လေ) မှ သုတေသနပြုထုတ်လုပ်ထားသော  MTX-1A အမျိုးအစား အမောင်းသင်  လေယာဉ်တစ်စင်းကိုလည်း ထုတ်ဖော်ပျံသန်း ပြသခဲ့သည်။

တပ်မတော် (လေ)အတွက် ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်များကို အဆင့်မြှင့်တင်ခြင်းနှင့် ထပ်မံဝယ်ယူဖြည့်တင်းခြင်းများ ဆောင်ရွက်ပေးခြင်းအပြင် သယ်ယူပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များ နှင့်  တိုက်ခိုက်ရေးရဟတ်ယာဉ်များလည်း ဝယ်ယူဖြည့်တင်းနိုင်ခဲ့သည့်အတွက် မြန်မာ့ဝေဟင်ပိုင်နက်စိုးမိုးရေးကို အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်း၊  လေယာဉ်၊ ရဟတ်ယာဉ်များကို အဆင့်မြှင့် တင်သည့်နေရာတွင် စတုတ္ထမျိုးဆက်၊ ပဥ္စမမျိုးဆက်ကဲ့သို့ အဆင့်မြင့်တိုက်လေယာဉ်များအထိ မဟုတ်သော်လည်း  ဒုတိယမျိုးဆက်၊ တတိယမျိုးဆက် တိုက်လေယာဉ်အဆင့်မျိုး အထိရရှိ အောင်  အဆင့်မြှင့်တင်ခြင်းများ၊ သုတေသနပြုဆောင်ရွက်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း တပ်တော်ဝင်အ ခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  NUG၊ CRPH၊ PDF အဖွဲ့များသည် တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် တပ်မတော်နှင့် ပြည်သူသွေးကွဲစေရန် မဟုတ်မမှန်သတင်းများနှင့် ၀ါဒဖြန့်လျက်ရှိကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့်လည်း လက်ရှိဖြစ်ပေါ်နေသည့် နိုင် ငံရေးအခြေအနေမှန်များကို သိရှိအောင် လေ့လာကြရန်နှင့် စစ်သတင်းနှင့် စာရွက်စာတမ်းလုံခြုံရေး၊ စစ်ပစ္စည်းလုံခြုံရေး၊ စစ်မှုထမ်းလုံခြုံရေး၊ စစ်ဆင်မှုနှင့် လေ့ကျင့်ခြင်း လုံခြုံရေးဆိုသည့် လုံ (၄) လုံကို  အထူးသတိပြုဆောင်ရွက်ရန်လိုကြောင်း စသည်တို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

Credit: Eleven

Link: တပ်မတော် (လေ)သို့ Yak-130၊ K-8 အမျိုးအစား အမောင်းသင်နှင့် အပေါ့စားတိုက်ခိုက်ရေးလေယာဉ်များ၊ Y-12၊ ATR-72 သယ်ယူပို့ဆောင်ရေးလေယာဉ်များနှင့် Eurocopter  ရဟတ်ယာဉ်များ တပ်တော်ဝင် | Eleven Media Group Co., Ltd (news-eleven.com)

https://news-eleven.com

 

No comments:

Post a Comment