Saturday, January 29, 2022

KNU က ပါးပါးလေးရှိသေးတယ်


KNU က ပါးပါးလေးရှိသေးတယ်

မိတ်ဆွေအချို့က မုန်းကိုး ၊ ဖောင်းဆိုင် ဖက်က အခြေအနေ ရေးပါအုံးဆိုလို့ MNDAA နဲ့ တပ်မတော်ရဲ့ အနေအထားကို ရှာဖွေလေ့လာကြည့်တော့ ဒါတွေ တွေ့ရပါတယ် ။
MNDAA က ၂၀၁၅ နဲ့ ၂၀၁၇ မှာ လောက်ကိုင်ကနေ တပ်မတော် တွယ်ပစ်လို့ နယ်စပ်ကွက်ကွက်လေးမှာ သွားခိုနေရတဲ့ တပ်ဖွဲ့ပါပဲ ။ နာမည်ကြီး ဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင်က ဖအေ့အမွေ ဆက်ခံပြီး အားစမ်းနေတာပါ ပဲ ။
တပ်မတော်က လောက်ကိုင်မှာ MNDAA ကို ဆုံးမ နှင်ထုတ်လိုက်တော့ သံလွင်မြစ် အရှေ့ဖက်ခြမ်းက ဟုန်အိုင် ဆိုတဲ့ ဒေသလေးမှာ ခိုအောင်းနေရပါတယ် ။
. တပ်မတော်က ဒေသငယ်လေးက ရွာသေးသေးမှာ ခိုအောင်းနေတဲ့ MNDAA ကို ဆက်မတိုက်ပဲ ထားခဲ့ပါတယ် ။ သူတို့ဟာ လေးနှစ်တာကာလအတွင်း ဟုန်အိုင်ကို အခြေပြုပြီး လူသူလက်နက်အင်အား စုဆောင်းခဲ့ရာမှာ အင်အားတောင့်တင်းလာပြန်ပါတယ် ။
သူတို့က ၂၀၁၇ က အားနည်းချက်တွေကို သေချာပြင်ဆင်လာကြသလို ကျူးကျော်မယ့် နေရာမှာ စခန်းအကြီးကြီး တခုကို အသေအချာ တည်ဆောက်ထားပြန်ပါတယ် ။
သံလွင်အနောက်ဖက်ကမ်း မုန်းကိုး ဖောင်းဆိုင်ဒေသကို အခြေပြုပြီး ကြူကုတ်အထိ မြို့ပြဒေသတွေပါ ပိုင်နက်နယ်မြေ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ကွက်ဖော်လာပါတယ် ။
တပ်မတော်ကလည်း MNDAA ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မြို့ပြအုပ်ချုပ်ရေးအထိ ခြေလှမ်းကြဲနေတာကို ဘယ်လက်ပိုက်ကြည့်နေပါ့မလဲ ။
. အဲဒါကြောင့် လက်နက်ကြီး မြေပြင် ဝေဟင် ကောင်းကောင်းကြီး ကျွေးနေပြီး မြန်မာ့တပ်မတော်ရဲ့ လက်နက်သစ်တွေကို လက်တွေ့ စမ်းသပ်ပြပါတော့တယ် ။
. စုပြုံပစ်ခတ်နေတဲ့ လက်နက်ကြီးဒဏ်ကြောင့် MNDAA တို့ မူးစုပဲစု စုထားရတဲ့ အင်အားလည်း အတော်ပဲ့ရွဲ့ကုန်ပါပြီ ။ ထိခိုက်သေကျေ ၅၀၀ ခန့် ရှိနေပါပြီ ။ ထွက်ပြေးနေတဲ့ တပ်သားသစ်လေးတွေလည်း မနည်းမနော ဖြစ်နေပါတယ် ။
. သူတို့ရဲ့ မြို့တမြို့ အပိုင်စားရရေး အိပ်မက်ကို ရိုက်ချိုးပြရမှာ အမှန်ပါပဲ ။ လိုင်ဇာ ၊ပန်ဆန်း ၊ မိုင်းလား ၊ အစရှိတဲ့ စံပြသူပုန် မြို့တွေ နောက်ထပ် ပေါ်မလာအောင် ချေမှုံးဖို့ အရေးတကြီး လိုအပ်နေပါတယ် ။
ယနေ့ နာမည်ကြီး လေးကေကော် နဲ့ KNU တို့ဖက်ဆီ တိုက်နေတယ်ဆိုတာ မြန်မာ့တပ်မတော်ရဲ့ သွေးပူလေ့ကျင့်ခန်း အဆင့်ပါပဲ ။ ကိုးကန့်တွေနဲ့ တိုက်နေတဲ့ မုန်းကိုး ၊ ဖောင်းဆိုင် တိုက်ပွဲနဲ့ ယခု ကရင်ဖက်က တိုက်ပွဲ နှိုင်းယှဉ်ကြည့်ရင် ပြင်းထန်မှု ဆယ်ပုံ တပုံပဲ ရှိပါသေးတယ် ။
မိမိအေးချမ်းသာယာရေးကို ဥပေက္ခာပြုပြီး လော်ဘီတွေ ပြောစကားနဲ့ သွေးနထင်ရောက်ပြီး လိုင်းပေါ်တက် တောပြော တောင်ပြော သွေးကြွနေကြတာ ကိုယ့်သေတွင်း ကိုယ်တူးနေကြတာပါပဲ ။
ဝါဒဖြန့်တိုက်ပွဲတွေမှာ မြေပြင်နဲ့ ကင်းကွာတဲ့ ဆိုက်ဝါးတွေနဲ့ သာယာနေတဲ့ နီပိတ်လေးတွေအတွက် အဖြစ်မှန်သိချင်ရင် မြန်မာ့တပ်မတော် ထိုးစစ်ရပ်ပါ အော်နေရတဲ့ KNU ထိပ်သီးတွေဆီ သွားမေးကြည့်လေ ။
. မင်းတို့ မြှောက်ပေးနေတဲ့ KNU ဖိုက်တာတွေလည်း ဆေးကြောင် ဖွန်ကြောင် နဲ့ အတိတ်ကာလ စွမ်းရည်တွေ မရှိကြတော့ဘူး ဟ ။ အဲဒါကြောင့် သူတို့ ခေါင်းဆောင်တွေကိုယ်တိုင် လေယာဉ်မပျံသန်းရ ဇုံ သတ်မှတ်ပေးပါတို့ ၊တပ်မတော်ထိုးစစ်တွေ ရပ်ပါတို့ဖင်ပြဲအောင် အော်နေကြရတာပါ ။
. MNDAA ဖက်က ပွဲကပြီးလို့ အားနေတဲ့ လက်နက်ကြီးတွေနဲ့ လေကြောင်းပစ်ကူတွေများ KNU ဖက် စစ်မြှားဦး လှည့်လာခဲ့ရင်တော့ စပိအောက်ချိန်တောင် ရောက်လိုက်မယ် မထင်ပါဘူး ဗျာ ။
ကိုရွှေမျိုးဝင်း

No comments:

Post a Comment