Thursday, January 20, 2022

အဖျက်သမား PDF တွေရဲ့ ခြိမ်းခြောက်စာ


အဖျက်သမား PDF တွေရဲ့ ခြိမ်းခြောက်စာ

အထက(၅) တောင်ကြီး ကျောင်းသားများသမဂ္ဂကဆိုပြီး ကျောင်းအုပ်ဆရာမကြီးကို ခြိမ်းခြောက်စာပို့တယ်။ ကျောင်းသားသမဂ္ဂလို့အမည်ခံပြီး အကြမ်းဖက်လုပ်ရပ်လုပ်ဖို့ ကျောင်းအုပ်ဆရာမကြီးကို ခြိမ်းခြောက်နေတာ။ အကြမ်းဖက်အုပ်စု NUG နဲ့ PDF အကြမ်းဖက်အဖွဲ့တွေက ကလေးတွေရဲ့ပညာရေးကို ပစ်မှတ်ထားနေကြတယ်။

ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ဆရာဆရာမတွေကို ပစ်မှတ်ထား တိုက်ခိုက်နေကြတယ်။ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းအုပ်ကြီးတွေကိုလည်း ကျောင်း ဖွင့်ရင် သတ်မယ် ဆိုပြီး ခြိမ်းခြောက်ကြတယ်။ ကျောင်းဝင်ပေါက်တွေရှေ့မှာ မှုတ်ဆေးတွေနဲ့ လက်ရှိအစိုးရကို ဆန့်ကျင်တဲ့စာသားတွေရေး၊ ကျောင်းထဲပစ္စည်း တွေကိုဖျက်ဆီး၊ ကျောင်းသားကျောင်းသူတွေ ဒုက္ခရောက်အောင် စာသင်ကျောင်း တွေကို မိုင်းထောင်တယ်။ ပညာရေးမှူးတွေကိုသတ်တယ်၊ ကျောင်းအုပ်ကြီးတွေကို သတ်တယ်။



၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေစပြီး ယနေ့အချိန်ထိ PDF အကြမ်းဖက် သမားတွေ မီးရှို့ ဖျက်ဆီးခဲ့တဲ့ စာသင်ကျောင်းပေါင်း ၁၀၀ ကျော်၊ ဗုံးထောင် မိုင်းခွဲခဲ့တဲ့ ကျောင်းပေါင်း ၄၀၀ ကျော်အပြင် တစ်ခြားခြိမ်းခြောက်စာ ကပ်ခံရတဲ့ကျောင်း တွေလည်း အများကြီး။ အကြမ်းဖက်သမားတွေဖြစ်စေချင်တဲ့ ဆန္ဒက မြန်မာနိုင်ငံ ကြီးကို အလုံးစုံပျက်သုဉ်းဖို့နဲ့ ကလေးတွေပညာသင်ခွင့်မရဖို့အတွက်ပဲ။ အခု NUG၊ PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကြောင့် သားသမီးကို ပညာတတ်ကြီး ဖြစ်စေချင်တဲ့ မိဘတွေလည်း သားသမီးအသက် အန္တရာယ်အတွက် ဒုက္ခရောက် နေကြရပြီ၊ ကလေးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်တဲ့ဆရာ၊ ဆရာမတွေ လည်း အသတ်ခံရမှာကို ကြောက်ပြီးကျောင်းကို မလာရဲဖြစ်နေကြပြီ။ ခြိမ်းခြောက်ခံ နေရတဲ့ ကျောင်းအုပ်ကြီးတွေလည်း ကျောင်းတွေဖွင့်ပေးဖို့ အခက်ဖြစ်နေကြပြီ။



NUG နဲ့ PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်က ဘယ်လောက် အောက်တန်းကျပြီး ရွံ့ရှာစက် ဆုပ်ဖွယ် ကောင်းနေသလဲ ဆိုတာစဉ်းစားကြည့်တော့။ သူတို့ ကတော့ ပြည်ပ ထောက်ပံ့ငွေ လေးတွေနဲ့ အနောက်နိုင်ငံတွေမှာ သာယာနေပြီ။ သူတို့သား သမီးတွေ ကိုလည်း ပညာတတ်အောင်ထားခဲ့ပြီးပြီ။ သေချာစဉ်းစားကြပါ။

Phoe Thar


No comments:

Post a Comment