Sunday, January 16, 2022

နစက မညံ့ပါဘူးဗျ

နစက မညံ့ပါဘူးဗျ
            ကျွန်တော်တို့ အများစုမြင်နေကြတဲ့ အမြင်မှာတော့ သူက မပြတ်သားဘူး၊ ပျော့ညံ့တယ်၊ ဘာညာပေါ့ဗျာ။ ဒါပေမယ့် နိုင်ငံရေးဆိုတာ အဲ့ဒီလောက် မရိုးရှင်းဘူးဗျ။ ဘေးကကြည့်ပြီး ဝေဖန်ရတာနဲ့ တကယ်လုပ်နေရတာ ဘယ်တူပါ့မလဲဗျာ။
တကယ်တော့ သူလုပ်ချင်တယ်ဆိုရင် ခပ်ကြမ်းကြမ်းကိုင်ရုံတင် မကဘူး၊ ဖွဲ့စည်းပုံဖျက်သိမ်းပြီး အာဏာပါ အပြီးသိမ်းပစ်လိုက်လို့ရတယ်။ ဒါဆိုရင် NCA ပျက်ပြီ။ သူလည်း လုံးဝ စစ်အာဏာရှင်ဖြစ်သွားမယ်။အနောက်အုပ်စုကလည်း ခိုးကြောင်ခိုးဝှက်နဲ့ ညောင်နာနာလုပ်စရာမလိုတော့ဘူး။ အကြမ်းဖက်တွေနဲ့ EAOs တွေကို ပေါ်ပေါ်ထင်ထင် ထောက်ပံ့ပေးလို့ရသွားမယ်။ အဲဒီကနေ တစ်ဆင့် ပြည်တွင်းစစ်ဖြစ်မယ်။ တဖြည်းဖြည်း စစ်ဘောင်ကျယ်လာပြီး စစ်အုပ်ချုပ်ရေး ရှည်သည်ထက် ရှည်လာမယ်။ နောက်ဆုံးတော့ ထုံးစံအတိုင်း တပ်မတော်ကြီးက နိုင်လေသည်ပေါ့၊ သို့သော် တိုင်းပြည်ကတော့ စုတ်ပြတ်သတ်သွားမယ်။ ဒါဆိုရင် NLD လိုချင်တဲ့ စစ်တပ်ကအာဏာသိမ်းလို့ တိုင်းပြည်ပျက်ရတာပါဆိုတဲ့ သတ်ကွင်းထဲရောက်သွားမယ်။ တပ်မတော်နိုင်တယ်၊ တိုင်းပြည်ရှုံးတယ်၊ ဘယ်မှာလဲ အနိုင်။
လက်ရှိ NUG သွားနေတာ အဲ့ဒီလမ်းကြောင်းပဲ။ လျှော့တော့မတွက်နဲ့၊ ဒီဘဲတွေ ပေါကြောင်ကြောင်တွေ ပြောနေတာ ကျပ်မပြည့်လို့မဟုတ်ဘူး။ တမင် ဆွပေးနေတာ၊ သတ်ကွင်းထဲကို ခေါ်နေတာ။
ကာချုပ်က သူတို့ထက် ဆယ်ဆနပ်တယ်၊ နောက်မှာ ဝက်ဝံကြီးနဲ့ ပေါက်ဖော်ကြီးက ယူကရိန်း၊ ထိုင်ဝမ် ဥပမာတွေပြထားပြီးသား။ ယန်းကီးကလည်း တရုတ်ကိုဖောက်ဖို့ မြန်မာပြည်တစ်ပေါက်ကို အသည်းအသန်လိုချင်နေတာ။ ဒါပေမယ့် နစကမှာ ဘာအမှားမှ မရှိတော့ စိုးရိမ်တယ်၊ တိုက်တွန်းတယ်၊ ပူပန်တယ်ဆိုတာနဲ့ ဖင်စောင့်နေရုံကလွဲပြီး ဘာမှ လုပ်လို့မရဘူး။
အရေးကြီးတာက ခပ်ကြမ်းကြမ်းပဲကိုင်ကိုင်၊ ခပ်ပျော့ပျော့ပဲ ကိုင်ကိုင် နိုင်ဖို့အဓိက မဟုတ်လား။
အခုဆိုရင် NUG လုပ်ကွက်ပျောက်နေပြီ။ ဖွဘုတ်က သတင်းမှားလေးတွေ ထပ်ရှဲပြီး လူပြိန်းကြိုက် အောက်လုံးထိုးနေတာကလွဲရင် သူ့မှာ ကစားကွက်မရှိတော့ဘူး။ D-Day လည်း အော်ပြီးပြီ၊ ဘာမှဖြစ်မလာဘူး။ နိုင်ငံတကာကလည်း တဖြည်းဖြည်းသိလာပြီ။ နောက်ဆို စားခွက်ပါပျောက်တော့မယ်။ မယုံရင် မျိုးရန်နောင်သိမ်း တစ်လ $50 တောင်းစားတဲ့ post အောက်သွားကြည့်၊ ဝိုင်းဆဲထားတာ မိုးကိုမွှန်နေရော။ ပူစီပျံတောင် အတောင်း post တင်ရင် မန့်မဖွင့်ရဲတော့ဘူး (ဆဲကြလွန်းလို့)။ သူ့ဟာသူ photoshot တွေလုပ်ပြီး ဘယ်ကို ဘယ်လောက်ဝေခြမ်းရေးလုပ်ပါတယ်ပြောပြော လူတွေကလည်း လေထိုးလေလျော်ပဲ။
နောက်တစ်ချို့ fb ပိတ်ခိုင်းနေတာ၊ ကျွန်တော့်သဘောကတော့ ဖွင့်ပေးထားတာကိုကြိုက်တယ်။
လူတွေက false hope တွေနဲ့မျောပြီး အဟုတ်ကြီးထင်နေတာ၊ မြေပြင်မှာ pdf တွေ ဘယ်လိုခံနေရသလဲ သူတို့မသိဘူး။ သူတို့ပျော်နေကြတယ်။
ဒါလည်း အင်မတန် ပြောင်မြောက်တဲ့ ဆိုက်ဝါးပဲ။ လူဆိုတာက ဖုံးထားရင် ကြည့်ချင်တယ်၊ ပိတ်ထားရင် ထွက်ချင်တယ်၊ ချည်ထားရင် ရုန်းချင်တယ်။ ဖွင့်ပေးထားလိုက်တော့ သူတို့ဒေါသတွေ၊ အာဃာတတွေ လေထဲမှာ ပေါက်ကွဲကြရော။ ပိတ်ထားလိုက်မှ ဒါတွေကို မြေကြီးပေါ်ဖောက်ခွဲနေရင် ခက်ဦးမယ်။ လေသိပ်ကြမ်းနေပြီဆိုရင် အိမ်မှာရှိသမျှတံခါးတွေ အကုန်ဖွင့်ပေးထားရတယ် မဟုတ်လား၊ ဒီသဘောပဲ။
အဲဒီတော့ အားလုံး ဆန္ဒတွေ မစောကြပါနဲ့၊ ပြည်သူတွေ ဘာဖြစ်ချင်သလဲဆိုတာ နစကကြီးလည်း သိပါတယ်။ ကြိုးလည်း ကြိုးစားနေပါတယ်။ ပြည်သူတွေရဲ့ အသံတွေကိုလည်း အမြဲနားစွင့်နေပါတယ်။ ဒါပေမယ့် လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးနေရတဲ့အခြေအနေကိုလည်း နားလည်ပေးကြစေချင်ပါတယ်။

Sai Hlyan
January 05, 2022

No comments:

Post a Comment