Sunday, January 30, 2022

စစ်သည်တော်

စစ်သည်တော်

တိုက်လည်းဖြိုးဖြိုး … တိုးလည်းရုတ်ရုတ်
ဆုတ်လည်းညီညီ … ချီလည်းကြွကြွ
ချလည်းကျပ်ကျပ် … ရပ်လည်းမှန်မှန်
ပြန်လည်းစိုက်စိုက် … စစ်တိုက်ပီပီ
စစ်ချီစစ်သွား … ဖြစ်သောအားကြောင့်
ထူးပြားမစိုး … မညှိုးမနွမ်း
တစ်ဝမ်းတစ်ဖွား … လူအလားသို့
တစ်ပါးမလွယ် … ဥပါယ်မခို
မယိုမဖိတ် … တစ်စိတ်တည်းကျုံး
တစ်ချ ာရုံ၍ … နှလုံးမကွဲကြစေနှင့်
သူ့တပ်ကိုယ့်တပ် … စစ်မြေရပ်၌
ကျပ်ကျပ်တည်းတည်း … စည်းစည်းရုံးရုံး
နှလုံးမတွန့် … စိတ်လိုလွန့်လျှက်
သက်စွန့်မျ ားသူ … နိုင်မြဲဟူလော့
သူတို့မှတ်ရိုး … စစ်မက်ထိုးသော်
အားကြိုးတင်းတင်း … လူလူချင်းကို
ဘယ်မင်းဖက်ပြိုင် … ဘယ်တပ်ဆိုင်အံ့
" သူ့နိုင်ငံသား … သံမှုန့်စားမှ
တို့ (ဒို့ ) ဓါးတုံးမည် … မှတ်တော်တည်လော့ "
လက်ဝဲသုန္ဒရ ( ၁၀၈၅ - ၁၁၆၁ )

No comments:

Post a Comment