နိုင်ငံတော် သမ္မတမှ တတိယအမြင့်ဆုံးဘွဲ့ဖြစ်တဲ့ သူရဘွဲ့ချီးမြှင့်ခြင်းခံရတဲ့ ဗိုလ်ကြီးသူရသက်ခိုင်
ကိုယ်တွေရဲ့ ဆရာတစ်ယောက်
ပြောင်မြောက်သော သူရသတ္တိဖြင့် တာဝန်ကို ရဲဝံ့စွန်းစားစွာ
ထမ်းဆောင်ခဲ့သောကြောင့် သူရဘွဲ့ရရှိပြီး နိုင်ငံတာဝန်ကို ကျရာအခန်း ကဏ္ဍကနေ မငြီးမငြူတာဝန်ထမ်းဆောင်နေသော
ဗိုလ်သင်တန်းတက်ရောက်အောင်မြင်ခဲ့ပြီး ခလရ(၄) 4 Gurkha Rifle မှာ ဒုတိယဗိုလ် အဆင့်နဲ့ စတင်ပြီး တာဝန်တွေ ထမ်းဆောင်ခဲ့ပါသည်။ အရပ်သုံးစကားနဲ့ပြောရင် ဂေါ်ရခါးတပ်ရင်း။ ဖိုက်တာတပ် တကယ့်အစဉ်အလာကောင်းတဲ့တပ်။
၂၀၁၁ခုနှစ်မှာ ဒုတိယဗိုလ်အဆင့်နဲ့ လောက်ကိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ၊နယ်မြေလှုပ်ရှားရေးတာဝန်ကိုထမ်းဆောင်ရင်း
ဒေသခံတိုင်းရင်းသား ကျေးရွာများရဲ့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖတ်ဖတ်ကကူညီဆောင်ရွက်ပေးခဲ့တယ်။ သူရောက်ခဲ့တဲ့ ဒေသနေရာတိုင်းမှာ ဒေသခံမိဘတွေရဲ့ အချစ်တော်ဖြစ်ခဲ့တယ်။
၂၀၁၂ခုနှစ်မှာ နောက်တန်းဌာနချုပ်ကိုပြန်လည်စုဖွဲ့လေ့ကျင့်ခဲ့ပြီး နှစ်ကုန်ခါနီးမှာ ကချင်ပြည်နယ် ၊စစ်ဆင်ရေးတာဝန်ထမ်းဆောင်ခဲ့ချိန် မြစ်ကြီးနား၊ပူတာအို ဒေသ မှာ သူကျင်လည်ခဲ့ပြီး နယ်မြေလုံခြုံရေး တာဝန်တွေ ထမ်းဆောင်ခဲ့တယ်။ကြောက်စရာကောင်းတဲ့ စစ်သူကြီးတစ်ကြီးအဖြစ် သောင်းကျန်းသူတွေ ပါးစပ္ဖ်ား ရေပန်းစားနေခဲ့ချိန် သူနဲ့အတူ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်အရာရှိတွေကတော့ သူကိုနှလုံးသားနူးညံ့သူလို့ သတ်မှတ်ခံခဲ့ရတယ်။ ဘာ့ကြောင့်လည်းဆိုရင် စစ်ဖြစ်နေချိန် ပူတာအိုမွာ ဆန်တစ်အိတ်ကို ငွေ ၁သိန်း၇သောင်းထိ တန်ဖိုးကြီးနေချိန် သူရဲ့လှုပ်ရှားနယ်မြေမှာငတ်ပြတ်နေတဲ့မိသားစုတွေကို သူမကြည့်ရက်ခဲ့ဘူး သူ့မှာပါတဲ့ရိက္ခာတွေကို တက်နိုင်သလောက် ထောက်ပံ့ကူညီခဲ့တယ်။ နိုင်ငံတော်နဲ့တပ်မတော်ရဲ့ အကူအညီကြောင့် ပူတာအိုကို ရိက္ခာပို့ဖို့ ဖြစ်လာတဲ့အခါ သူ့တို့တပ်ရင်းက မြစ်ကြီးနားကနေ ပူတာအိုထိ ရိက္ခာယာဉ်တန်းကို လိုက်ပါပြီး လုံခြုံရေး လုပ့်ဖို့ဖြစ်လာတယ်။ မြစ်ကြီးနာကနေ စထွက်ကတည်းက သူကားတွေကို ဘေးမသိရန်မခအောင် မနက်မိုးလင်းတာနဲ့ တစ်စီးမကျန် အမွှေးတိုင်ထွန်းပီးဆုတောင်းတယ်
သူ့ရဲ့စက်အခေါ်က '' ရဲလေး'' ကားအစီး၃၀၀လုံးမွာပါတဲ့ ကားဆရာတွေရဲ့ပါစပ်ဖျားမှာ ဗိုလ်ရဲလေးက မင်းသားတစ်ယောက်လိုစွဲမြဲခိုင်မာနေတယ်။ ကားတစ်စီပျက်တာနဲ့ သူအရင်ဆုံးရောက်သွားတယ်။ သူကိုယ်တိုင်တက်သရွေ့ကူညီတယ်။ ကားလမ်းတစ်လျှောက်လုံးမှာ တံတားတွေတစ်စင်းမှမရှိဘူး KIAတွေမိုင်းထောင်ဖြတ်ဆီးခဲ့လို့ ချောင်းတွေထဲကနေ ဒိုင်ဘားရှင်းလုပ်ပီးဖြတ်ကျော်ခဲ့ရတယ်။ ဒီရိက္ခာတွေ သူ့ရဲ့ပြည်သုမိဘတွေစားဖို့ သူနည်းနည်းလေးမှ အလျော့မခံနိုင်ဘူး။ လမ်းမှာKIAတွေ ဖြတ်တိုက်ခံရတိုင် သူအော်ပီးပြောတဲ့အသံက ဒီရိက္ခာက မင်းတို့စားဖို့မဟုတ် ငါ့ရဲ့မိဘပြည်သူတွေစားဖို့ပြောပီးတိုက်ခဲ့တာ သူကိုယ်တိုင်ကားတွေရဲ့ရှေ့ဆုံးကနေ တပ်ရင်းနဲ့အတူ မားမား မတ်မတ်လုံခြုံရေးလုပ်ခဲ့ပြီး ပူတာအိုကို ၁လပြည့်တဲ့အချိန်မှာ အောင်မြင်စွာပို့ဆောင်နိုင်ခဲ့တယ်။ လမ်းတစ်ရှောက်လုံး တိုက်ပွဲတွေဖြစ်ခဲ့တယ်။ မိုင်းတွေဖော်ခဲ့တယ်။ အားလုံးရဲ့ချီးကျူးမှုကိုခံခဲ့ရတဲ့သူတစ်ယောက်ဖြစ်ခဲ့တယ် တိုင်းမှူး တပ်မမှူးတွေနဲ့ အထက်အရာရှိကြီးများ ကိုယ်တိုင် ချီးကျူ းစကား ဆိုရတဲ့အထိ သူ့ရဲ့လုပ်ရပ်တွေ ဂုဏ်ယူစရာ ဖြစ်ပါသည်။
၂၀၁၃မှာလည်း ကချင်ပြည်နယ်ထဲမှာပဲ ရန်သူနဲ့ အနီးဆုံး ရင်ဆိုင်ကုန်းမှာ စခန်းထိုင် လှုပ်ရှားခဲ့တယ်။ စခန်းထိုင်တာဝန်ထမ်းဆောင်ရင်း မိုးတွင်းကာလမှာ ရိက္ခာပြတ်တောက်ခဲ့ချိန် ငယ်သားတွေကို အရင်းနှီးဆုံးအားပေးဖြောင်းဖြ စိတ်ရှည်စွာနဲ့ စည်းရုံးခဲ့ပြီး ငှက်ပြောအူနဲ့ မြှစ်ကိုပဲ နတ်သုတ်ဒ္ဒါလိုစားခဲ့ရတဲ့အထိ သူ့ရဲ့စိတ်က အတော်မာကျောခဲ့တယ်။
၂၀၁၄ခုနှစ်၊ဇူလိုင်လမှာ ရှေ့တန်းပြန်ခဲ့ပြီး ၂၀၁၅ခုနှစ်မှာ လောက်ကိုင်ဒေသ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့ပြန်ပါတယ်။ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးပေမယ့် လောက်ကိုင်မှာလောက်တော့ မပြင်းထန်ခဲ့ဘူး။ သူထင်မှတ်မထားတာတွေ ဖြစ်လာခဲ့တာကိုး။
လောက်ကိုင်မြို့ထဲမှာ ရန်သူကိုနှိမ်နှင်းဖို့ အတော်ခတ်ခဲနေချိန်။ သူ့တပ်ရင်းမှူးရဲ့ဦးဆောင်မှုနဲ့ အလောင်လက်နက်တွေရတဲ့အထိ မြို့တွင်းစစ်ဆင်ရေးအတော်အောင်မြင်ခဲ့တယ်။ မြောက်ဘက် စီကော်လျန်ဒေသရှိ ပွိုင့် (၂၂၀၂)တောင်ကုန်းဟာ သူအတွက်မမေ့နိုင်တဲ့ မှတ်ကျောက်တင်ခံခဲ့ရတဲ့အထိကို သူအသက်ပါသေသေ သူကြိုးစားရုန်းကန်ခဲ့ရတယ်။ သူ့ရဲ့တပည့်တွေ ညီတွေ စီနီယာတွေ ဆရာတွေ ကျဆုံးနေတာတွေကို သူမည်သို့ခံစားနေရမလဲဆိုတာ မတွေးပဲနဲ့သိနိုင်တယ်။ အခိုင်အမာ ခံစစ်နေရာယူထားတဲ့ ဖုန်းကြားရှင်ရဲ့ ကိုးကန့်သောင်းကျန်းသူများ(MNDA)ကို စစ်နည်း ဗျူဟာမြောက်စွာ အောင်မြင်စွာ အလစ်အငိုက်တိုက်ခိုက်ခဲ့သော စစ်သူကြီးဖြစ်ပါသည်။
တပ်ရင်းမှူးမရှိတော့တဲ့အချိန်မှာတောင် သူ့စစ်ကြောင်းကို တိုက်ပွဲဖြစ်နေချိန် ထိန်းသိမ်းနိုင်တဲ့ သူရဲ့အစွမ်းကတော့ အံ့မခန်းပဲ စိတ်ဓာတ်ကျနေတဲ့ရဲဘော်တောင် သူ့ကိုကြည့်ပီး ရဲစွမ်းသတ္တိတွေပြည့်လာတဲ့အထိကို ဖြစ်လာအောင် ဘယ်လိုစည်းရုံးနိုင်သည်မသိ
လက်အောက်စစ်သည်နှင့် ပူးပေါင်းပြီး စက်လက်နက် ရန်သူ့သတ်ကွင်းကနေ တစ်ယောက်မကျန် အလောင်း လနက် ပစ္စည်းကအစပြန်ကယ်ထုတ်နိုင်တာ ကွပ်ကဲအုပ်ချုပ်မှု ဘယ်လောက်
စွမ်းရည်ပြည့်ဝသလဲဆိုတာ သိသာတယ်။ ဒါကြောင့် လောက်ကိုင်ဒေသမှာ စစ်ဆင်ရေးတာဝန်များကို ရွံ့ရွံ့ချွန်ချွန် ထမ်းဆောင်ခဲ့သူ အဖြစ်မှတ်တမ်းတင်ခြင်းကိုခံခဲ့ရတယ်။
တိုက်ပွဲတိုင်းမှာ အရာရှိကောင်းတစ်ယောက် ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းများနှင့် ကိုက်ညီသူပီပီ အထက်ကပေးအပ်သော အမိန့်ကို တိက်စြာ လိုက်နာပြီး လက်အောက်ငယ်သားများနှင့် ပူးပေါင်းကာရွံ့ရွံ့ချွန်ချွန် ဆောင်ရွက်ခဲ့သူ ဖြစ်တယ်ဆိုတာ ငြင်းဆိုဖွယ်ရာမရှိဘူး။
သူရဲကောင်းလို့ မှတ်ကျောက်တင်ခံရတဲ့သူရဘွဲ့ရရှိခဲ့ပြီး
ယခုအချိန်တွင် စစ်တက္ကသိုလ်တွင် သူတတ်ကျွမ်းသည့် စစ်နည်းဗျူ ဟာဘာသာရပ်ကို သူ့ရဲ့တပည့်တွေကို လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်။
"ဆရာထက်တပည့်လက်စောင်းထက်စေရမယ်"ဆိုပြီး စစ်နည်းဗျူဟာများကို သူတက်သွမ်းသလောက် အားကြိုးမာန်တက် ဗိုလ်လောင်းတွေကို သင်ကြားလေ့ကျင့်ပေးနေတာ လက်တွေ့ပါပဲ။
သူပြောပြတဲ့သူ့ရဲ့တိုက်ပွဲအကြောင်းတွေ သည်းထိပ်ရင်ဖိုစရာ အကြောင်းတွေပါသလို ရယ္စရာဟာသေတ သနားစရာတွေ ဝမ်းနည်းစရာတွေ ဒေါသဖြစ်စရာတွေ စုံလို့ပါပဲ ရေးရမယ်ဆိုရင်. . . . . . .အများကြီးပဲ။
#CreditYe Kyaw Swar(Nga Ye)
No comments:
Post a Comment