Sunday, January 23, 2022

စစ်တလင်းမှာနေပါသည်

စစ်တလင်းမှာနေပါသည်

စစ်ချီ၍သွား ကာလများမှာ
ချစ်သားအိမ်သူ ကျန်ခဲ့လူကို
မပူလို့ဖြင့် မဟုတ်ပါ။
တကုန်းတက်ကျော်
တစ်တောင်ပေါ်နား
လှုပ်ရှားချီတက် နေ့ဆက်တောလမ်း
မမောပမ်း၍ မဟုတ်ပါ။
စစ်မြေတလျောက် ယမ်းမီးတောက်နှင့်
အမြောက်ဗုံးပေါက် သွေးမြေရောက်မှာ
မကြောက်လို့ဖြင့် မဟုတ်ပါ။
သောင်းကျန်းမရှင်း ဖျက်မကင်းလျင်
ပျက်ယွင်းပြည်ပျောက် စိုးရွံ့ ကြောက်၍
မိုးပေါက်နေဒဏ် အံကြိတ်ခံရင်း
စစ်တလင်းမှာ နေပါသည်။
မုန်းမာန်ခ

No comments:

Post a Comment