(လွတ်လပ်ပြီးစ ဝန်ကြီးချုပ်ဦးနု)
ဦးနုနဲ့ဒေါ်ခင်ကြည် မွှေးခဲ့တဲ့မီး
ဗိုလ်ချုပ်နေဝင်း တော်လှန်ရေးအစိုးရ အနေနဲ့ ဘင်္ဂလီ ရိုဟင်ဂျာကို အတော်ရှင်းခဲ့ရတာဗျ။
မူဂျာဟစ် ကာဆင်ရဲ့ မူဂျာဟစ်လက်ကျန် အဒူဇောလီနဲ့ ညောင်ချောင်း(ဘူးသီးတောင်)ပတ်ဝန်းကျင်မှာ ဘီအေဇော်ဖော၊အလံနီကွန်မြူနစ်တွေနဲ့ ပူးပေါင်းနေတဲ့ ဇာမော်တို့ပေါ်ပေါက်လာတယ်။
နည်းဗျူဟာအသစ်တွေ ချမှတ်ခဲ့ပြီးတော့ အကောင်ထည်ဖော်ခဲ့သူကတော့ ဖဆပလ အမတ်နဲ့ ဖဆပလရဲ့ ကျန်းမာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ စူလတန်မာမွတ် ဖြစ်ပါတယ်။ မော်လဝီဂိုဏ်းချုပ်တွေနဲ့ စူလတန် မာမွတ်တို့ က စစ်တွေ မစလ ပညာတက် အချို့ကို စည်းရုံးပြီး ထိုင်းနိုင်ငံမစလ အဖွဲ့ချုပ်ကို ချဉ်းကပ်ကာ အဲဒီအဖွဲ့ ထောက်ခံမှုနဲ့ လစ်ဗျားကို စေလွှတ်ခဲ့ပါတယ်။
သူတို့ရဲ့ ရည်ရွယ်ချက်က မေယုကမ်းသွယ်(မောင်တော၊ဘူးသီးတောင်၊ရသေ့တောင် အနောက်ဘက်ခြမ်း)ကို အာကစ္စတန် (Arkstan)နိုင်ငံ ထူထောင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီနယ်မြေက ရခိုင် (အာရကန်)နဲ့ ပါကစ္စတန်ကြားမှာရှိတဲ့ ဒေသဖြစ်တဲ့အတွက် ဒေသနှစ်ခုလုံးပါတဲ့ ဘာသာရေးဆိုင်ရာ မစလ နိုင်ငံထူထောင်ဖို့ ကြံစည်ခြင်းဖြစ်ပါတယ်။
အဲဒီ အဖွဲ့ကို အာကစ္စတန် ဦးဆောင်အဖွဲ့ အဖြစ် ဖွဲ့စည်းခဲ့ကြပါတယ်။ အဲဒီနိုင်ငံကို မော်လဝီ ၊ မော်လနာ တစ်ဦးဦးကအုပ်ချုပ်ပြီး ကာကွယ်ရေး ကိုကိုင်တွယ်ဖို့ ဆာနီ (စစ်ဦးစီးချုပ်)တစ်ဦးက တာဝန်ယူမှာ ဖြစ်ပါတယ်။ အဲဒီနောက် မူဂျာဟစ် အဖွဲ့တွေ ဖြစ်ကြတဲ့ အဒူဇော်လီအဖွဲ့၊ ဘီအေဇော်ဖောအဖွဲ့၊ ဇာဖော်အဖွဲ့တွေ ပူးပေါင်းပြီး "ရိုဟင်ဂျာအမျိုးသား လွတ်မြောက်ရေးပါတီ " ကို ဖွဲ့စည်းခဲ့ပါတယ်။
ရခိုင်ပါတီတွေ ဖြစ်တဲ့ " ရခိုင် အမျိုးသားလွတ်မြောက်ရေး ပါတီ" နဲ့ " ရခိုင်ကွန်မြူနစ်ပါတီ"တို့က ညီညွတ်ရေးအတွက် ကမ်းလှမ်းခဲ့ပါတယ်။
ရိုဟင်ဂျာပါတီက " ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုပေးဖို့ ၊ ဘူးသီးတောင် မောင်တောကို ရိုဟင်ဂျာ ဒေသအဖြစ် အသိအမှတ်ပြုပေးဖို့၊ရခိုင်ပြည်လွတ်မြောက်တဲ့အခါ အုပ်ချုပ်ရေးမှာ ရခိုင်၆၀%၊ ကုလား၄၀% ပါဝင်ဖို့ " တောင်းဆိုခဲ့တဲ့အတွက် မပေါင်းစည်း နိုင်ခဲ့ကြပါဘူး။
၁၉၆၆ အောက်တိုဘာလကနေ ဒီဇင်ဘာအထိ တပ်မတော်က ကျီးကန်း စစ်ဆင်ရေးကို ဆင်နွဲခဲ့ပြီး စစ်တွေ၊မြေပုံ၊ ကျောက်တော်၊ပုဏ္ဏားကျွန်း၊သံတွဲနဲ့ တောင်ကုတ်မှာ စိမ့်ဝင်နေတဲ့ ဘင်္ဂါလီ ၁၃၀၇ ဦးကို မောင်တောကို ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ရွှေကျီးစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ပြီး မောင်တော၊ကျိန်ချောင်း၊အလယ်သံကျော် ဒေသ ကျေးရွာ ၂၃အုပ်စုမှာ ဘင်္ဂါလီလူမျိုး ၅၇၆၇၄ ဦး စာရင်းအတိအကျ ဖော်ထုတ် ရရှိခဲ့ပါတယ်။စစ်ဆေးမှုတွေ အဆက်မပြတ် မလုပ်ဆောင်နိုင်ခဲ့တာကြောင့် စိမ့်ဝင်မြဲ စိမ့်ဝင်လျက် ရှိနေခဲ့ပါတယ်။
၁၉၆၉ မှာတော့ မြတ်မွန်စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ပြီး စစ်တွေခရိုင် နဲ့ ကျောက်ဖြူခရိုင် မှာ ခိုးဝင်စစ်ဆေးခြင်း၊မှတ်တမ်းပြုစုခြင်း၊လူဦးရေစာရင်း ကောက်ယူခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
၁၉၇၄မှာတော့ စံပယ် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ပြီး ချင်း၊ရှမ်း၊ကချင်ပြည်နယ်များ မှာပါတပြိုင်နက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။
၁၉၇၄ ဒီဇင်ဘာလထိ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၉၇၇ဦး၊မှတ်ပုံတင်ဥပဒေချိုးဖောက်သူ ၆၆၃ဦးနဲ့နိုင်ငံခြားသားလို့ သံသယရှိသူ ၁၈၂၄၅ဦး ကို စစ်ဆေး အရေးယူနိုင်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ မောင်တောမှ ၁၄၁၅ဦး၊ဘူသီးတောင်မှ ၅၅၀ဦး၊ရသေ့တောင်မှ ၉၃၅ဦး စုစုပေါင်း ဘင်္ဂါလီ ၂၉၀၀ဦး နေအ်ိမ်တွေကို စွန့်လွှတ်ပြီးတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ကို ထွက်ပြေးခဲ့ကြကြောင်း သိရှိရပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်
SawTun. ပြန်လည်မျှဝေသည်
No comments:
Post a Comment