Tuesday, January 11, 2022

ငါတို့နိုင်တော့မှာ


(ငါတို့နိုင်တော့မှာဟု ကြွေးကြော်ပြေးသွားရင်း မှောက်သွားသည့် ကားတစ်စီး)

ငါတို့နိုင်တော့မှာ 

PDF လူငယ်များ၏တိုက်ပွဲအ တွေ့အကြုံများအား မေးမြန်းခြင်း

(ဆောမြို့နယ်)

ကျွန်တော်တို့ ဆောမြို့နယ် ကံချောင်းနဲ့ကျောက်စစ်ကြားမှာ တက်လာတဲ့ တပ်ကိုတိုက်ဖို့အင်အား ၂၀၀ နဲ့ အင်အား ၃၀ဝိုင်းခဲ့တယ်။တပ်က။ တပ်ကိုတိုက်ဖို့မပြောနဲ့၊ တပ်ကစပစ်ပြီး လိုက်လို့ပြေးခဲ့ရတယ် ရွာကို တောင်တော်တော်နဲ့ပြန်မကပ်ရဲခဲ့ဘူး။ တောထဲမှာပုန်းပြီး တပ်ပြန်ခေါက်သွားမှ ရွာပြန်ဝင်ရဲတယ်။ သတင်းကတော့ တင်ရတာပေါ့ တပ်က ၁၇ ယောက်ကျပါ တယ်ဆိုပြီး။ (ကံချောင်း၊ကျောက်စစ်တိုက်ပွဲ ပါဝင်သူ ကျင်းလိန် PDFလူငယ် တစ်ဦး၏ ဖွင့်ဟချက်)
(ထီးလင်းမြို့နယ်)

ထန်းပင်ကုန်းနဲ့ဝက်သက်ရွာကြား မှာ တပ်က အင်အား ၇၀နဲ့တပ်က တက်လာ တယ်သတင်းရလို့ ကျွန်တော်တို့ သာလွန်အင်အား ၂၅၀ နဲ့ လမ်းက ခြုံခိုတိုက်ဖို့ စောင့်နေတာ တပ်က ကျွန်တော်တို့ရှိနိုင်မဲ့ နေရာတွေ ပစ်ရှင်းရှင်းပြီး တက်လာ တော့ ၅ ယောက်တစ်ခါထဲကျတယ်။ ကျွန်တော်တို့ လူတွေဘယ်အချိန်ပြေး သလဲတော့မသိဘူး။ဘယ်သူမှ သေနတ်သံမပေးရဲဘဲ ထွက်ပြေးကြတာ၊ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ။ မပြေးနိုင်ဘဲ ကျန်တဲ့သူ ၆ယောက် မိသွားတယ်။ သတင်းထဲမှာတော့ တပ်က ၂၀ကျတယ်ပြောတာပဲဗျ။
(ထန်းပင်ကုန်း၊ဝက်သက်ရွာကြား တိုက်ပွဲတွင် ပါဝင်သူPDFလူငယ်၏ဖွင့်ဟ ချက်)
( ပေါက်မြို့နယ်)

ကြည့်ငိုတောင်တိုက်ပွဲတဲ့ ကြားဖူးမှာပါ။ အဲဒီပွဲမှာ ကျွန်တော်လဲပါတယ်။ တိုက်ပွဲကပြင်းထန်သလားမမေးနဲ့။ တပ်ကတောင်ဘက်ရွာဆီရောက်လာတော့ ကျွန်တော်တို့ခေါင်းဆောင် ပျံလွှားကိုယ်တိုင်က ကဲမင်းတို့လည်း မင်းတို့မိဘ တွေဆီပြန်ကြတော့၊ ငါလည်း ရှောင်တော့မယ်ဆိုပြီး အရင်ဆုံး ပြေးတာပဲ။ မိုင်းဆွဲမဲ့ကောင်တွေလဲ ဘက်ထရီအိုးကြီးတွေ ထမ်းပြေးကြတာ။ နောက်နေ့ကျ တော့ တပ်က ၃၀ကျတယ် ဆိုပြီး သတင်းတက်လာတယ်။ကျွန်တော်တို့ကသာ ပြေးတာ သူတို့ဘယ်လိုကျလဲ စဉ်းစားမရဘူး။ ဆိပ်ဖြူညောင်နီချောင်းမှာတပ် က ၃၀ လောက်နဲ့တက်လာတာ။ရှားလှရွာဆီ ဝင်လာမယ်ကြားလို့ အဲဒီ ပုသိမ် မုံရွာ လမ်းကျော်ပြီးညောင်နီချောင်း မှာ ခံတိုက်တာ။ အင်းခံတိုက်တယ်လို့သာ ပြောတာပါ။ဟို တပ်ကစပစ်ပြီးကျားထိုးလိုက်လို့ ကျွန်တော်တို့ဘက်က ၆ ယောက်သေတယ်၊ ၁၇ယောက်အဖမ်းခံရတယ်။ ကျွန်တော်ကအသေခံရှေ့တန်း က ပါခဲ့တာ။ ပစ်ချိန်တောင်မရလိုက်ပါဘူး။ တပ်ကို မြင်တာနဲ့ ဒူးတွေတုန်ပြီး သေနတ်လွတ်ကျတာပဲ။ ကျွန်တော်တို့ PDFခေါင်းဆောင်ဗိုလ်လား။ သူကျန်နေ ခဲ့တယ်ထင်လို့ စိတ်ပူနေတာ။ ဘယ်ဟုတ်မလဲဗျ။သူကရွာကိုအရင်ပြန်ရောက် နေတာ။ တောင်ချိုရွာက လူငယ်၁ယောက်လည်း သေခဲ့တာပေါ့။ သတင်းထဲမ တော့ ကျွန်တော်တို့နိုင်တာပါပဲ။
(ညောင်နီချောင်းတိုက်ပွဲပါဝင်သူ PDF တစ်ဦး၏ ဖွင့်ဟချက်)

No comments:

Post a Comment