Sunday, January 2, 2022

နာဂစ် ဂျင်း

နာဂစ် ဂျင်း

တနေ့က နာဂစ် နဲ့ ပတ်သက်ပြီး မိတ်ဆွေတွေ နဲ့ မုန်တိုင်းသဘာဝတွေ ပြောကြရင်း နာဂစ် ကောလဟာလ ကို ပြန်မေးကြလို့ ပြောဖြစ်ခဲ့ကြပါတယ် ။
အဲဒီကာလတုန်းက ဦးသန်းရွှေကပဲ ဘာမှ လုပ်မပေးသလိုလို ၊ ဦးထွန်းလွင်ကပဲ တပတ်လောက် ကြိုသိပြီး တင်ပြခွင့် မရသလိုလို ၊ နအဖက ဘာမှ မကူညီ သလိုလို အပုပ်ချခဲ့ကြပါတယ် ။
ကျနော်တို့ နောက်ပိုင်းလေ့လာမိသမျှကတော့ မုန်တိုင်းလာမယ် မလာဘူး ဆိုတာ တိကျတဲ့ အဖြေကို ၂၄ နာရီထက် စောပြီး မသိနိုင်ပါဘူး ။ လမ်းကြောင်းက အချိန်မရွေး ပြောင်းရွှေ့သွားတတ်လို့ပါပဲ ။
ပြည်သူတွေကို စစ်အစိုးရက လူသိန်းချီသေခဲ့တဲ့ နာဂစ်အတွက် ကြိုတင်သိပါလျှက် မကြေငြာဘူးတို့ ဘာမှ မကူညီဖူးတို့ ဆိုတာ မဟုတ်ခဲ့ပါဘူး ။ အဲဒီကာလက မိုးလေဝသသတင်းများအတွက် မိုး ဇ လ ကသာ တာဝန်ယူ ကြေငြာပါတယ် ။ ဆင်ဆာ မရှိပါဘူး ။
၇ ရက်လောက် ကြိုသိတယ် ဆိုရာမှာ မုန်တိုင်းတိုက်မှာ ကြိုသိခြင်း ဖြစ်ပြီး မြန်မာပြည် ဝင်မဝင် မသိလို့ ဦးထွန်းလွင် တိတိကျကျ မကြေငြာနိုင်ခဲ့ပါဘူး ။ (ဒါလည်း နည်းပညာအရ သိမှ မသိနိုင်သေးတာပဲ ကိုး)
နောက် ၂၄ နာရီ အလိုမှာ သေချာပြီ ဆိုတော့မှ ဦးထွန်းလွင်က စစ်ရုံးကို ချက်ခြင်းသွားပြောတယ် ။ ဦးသန်းရွှေဆီ တိုက်ရိုက် မတွေ့ခဲ့ပဲ ဦးရွှေမန်းကတဆင့် သတင်းပို့ခဲ့ရတယ် ။ (ဒါကိုပဲ ဦးထွန်းလွင်က သူအတင်း ဝင်မတွေ့ခဲ့ရလို့ ဆိုပြီး ဟောပြောပွဲတွေမှာ ထည့်ဟောတော့ ပြည်သူက ဦးသန်းရွှေကို အထင်လွဲစရာ ဖြစ်ခဲ့ကြရတယ်)
ဒီတော့ အရေးပေါ် ကြေငြာပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာ မြို့ရွာအတွင်း လော်စပီကာတွေ နဲ့ ကြေငြာခဲ့ကြတယ် ။ သို့သော် မကြုံဖူးကြလို့ ပေါ့ပေါ့ဆဆနေကြလို့ နာဂစ်အဖြစ်ဆိုး ကြုံခဲ့ကြရတာပါပဲ ။
နောက် ဦးသိန်းစိန်က ဝန်ကြီးချုပ် ဘဝ ၊ သူ့ဇာတိဆိုတော့ ရဟတ်ယာဥ်နဲ့ အရင်ဆုံးသွားတယ် ။ အခုတော့ ဘာမှ မပါသေးဘူး နောက်ကနေ အကူအညီတွေ ရောက်လာမယ် စိတ်ဓာတ်မကျပါနဲ့ နိုင်ငံတော်က စောင့်ရှောက်ပေးပါ့မယ် လို့ အားပေးစကားပြောတယ် ။
မီဒီယာတွေက အခုတော့ ဘာမှ မပါသေးဘူး ဆိုတာကို ဖြတ် ညှပ် ကပ် လုပ်ပြီး ၂၀၂၀ အထိ ယုတ်မာစွာ အပုပ်ချခဲ့တာလည်း ဖြစ်ရပ်မှန်ပါပဲ ။
နအဖ အစိုးရဟာ နာဂစ် အတွက် နေအိမ်အစ ၊ စက်လှေ ၊ ပိုက် ၊ ကျွဲနွား အဆုံး အားလုံး သာတူညီမျှ ထောက်ပံ့ပေးခဲ့တာ နှစ်ချီ ကြာပါတယ် ။
လူပြောများတဲ့ အမေရိကန် စစ်သဘော် အဝင်ခံဘူးဆိုတာအကြောင်းရှိလို့ပါ ။ ဒီ့အရင် အင်ဒိုမှာ ဆူနာမီ ဖြစ်တော့ အမေရိကန် စစ်သဘော်ဝင်လာတယ် ။ ပြန်မထွက်တော့ဘူး အင်ဒိုက နှင်ထုတ်တော့လည်း ခပ်တည်တည်ပဲ သူက အင်အားကြီးတာကိုး ။ တရုတ်က ဒုံးတွေ အင်ဒိုကို အချိန်ခံထားရတဲ့ နမူနာ ရှိတယ်လေ ။
နာဂစ်အကူအညီသာ ပြောတယ် ပါလာတဲ့ ပစ္စည်းက ရေသန်းဗူးတွေ အဲသလို ညစ်ပတ်လို့ကို အဝင်မခံခဲ့တာ ပြည်သူအများစု မသိပဲ အပုပ်ချခံခဲ့ရတာလည်း တပ်မတော်ပါပဲ ။
နာဂစ် နဲ့ ပတ်သက်ပြီး ဦးထွန်းလွင်အကြောင်း ပြောနေတာ ဟုတ်ပါ့ ဟုတ်ပါ့မလား သံသယရှိနေရင်လည်း သက်သေရှိပါတယ် ။ ဦးထွန်းလွင် နဲ့ မော်ဒယ်မိခင်ကြီး တင်မိုးလွင် အင်တာဗျူး ခဲ့တာ ရှိပါတယ် ။ တင်မိုးလွင် ရှိပါသေးတယ် စုံစမ်းကြည့်ကြပါ ။
အနှစ်ချုပ် ပြောရမယ် ဆိုရင် နာဂစ် ပြဿနာကို....
- ၂၄ နာရီသာ အတိအကျလာမယ်ဆိုတာ ကြိုသိရပါတယ် ။
- သိလျှင် သိခြင်း တပ်မတော်သည် လုပ်ဖွယ်ရှိသည်များကို ပြုလုပ်ပေးခဲ့ပါတယ် ။
- ဖြစ်ပြီးနောက် အထောက်အပံ့များကို ပြန်လည်ထူထောင်နိုင်သည်အထိ နှစ်ရှည် ပြည့်စုံစွာ ထောက်ပံ့ပေးခဲ့ပါတယ် ။
- အမေရိကန် စစ်သဘော်အား လက်မခံခြင်းသည် ရေသန့်ဗူးလောက်နဲ့ လူလည်ကျပြီး မိမိရေပြင်ပိုင်နက်မှာ တပ်စွဲ မခံရစေရန် ဖြစ်ပါတယ် ။
ယခုခေတ်၏ ဖြူစင်နေသေးသော လူငယ်များ အမှတ်မမှားစေရန် နဲ့ သမိုင်း မှိုင်းတိုက်ခံရခြင်းမှ လွတ်ကင်းနိုင်ရန် တင်ပြလိုက်ရပါတယ် ။
ကိုရွှေမျိုးဝင်း

No comments:

Post a Comment