Monday, January 17, 2022

ဦးဝဏ္ဏမောင်လွင်


ဦးဝဏ္ဏမောင်လွင်

ဦးဝဏ္ဏမောင်လွင် (၃၀ မေ ၁၉၅၂ မွေးဖွား) သည် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၁၉ ဦးမြောက် နှင့် ၂၁ဦး​မြောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။ ပထမအကြိမ်သက်တမ်းကို ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ရက်​နေ့မှ စ၍ ထမ်း​​ဆောင်​နေသည်။

ဦးဝဏ္ဏမောင်လွင်ကို မွန်ပြည်နယ်၊ သထုံမြို့တွင် မွေးဖွားသည်။ ဖခင်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး မောင်လွင်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၁၉၆၉ ခုနှစ်မှ ၁၉၇၀ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၁၆ မှဘွဲ့ရခဲ့သည်။

၁၉၇၁ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် သံတမန်လောကတွင်းသို့ရောက်ရှိလာသည်။ ၁၉၉၈ ခုနစ် ဇူလိုင်လမှ ၂၀၀၀ ခုနှစ် စက်တင်ဘာလအထိ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဘယ်လ်ဂျီယမ်နိုင်ငံနှင့် ဥရောပသမဂ္ဂ၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကုလသမဂ္ဂ အမြဲတမ်းဌာနေကိုယ်စားလှယ်အဖြစ် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့များတွင် အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၁ ဦးသိန်းစိန် အစိုးရတက်လာချိန်တွင် သူသည် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်လာကာ ၂၀၂၀ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဦးသိန်းစိန် အနိုင်ရခဲ့ဖူးသည့် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် ၁၃၀၆၇မဲသာ ရရှိခဲ့ပြီး အဓိကပြိုင်ဖက်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးကျော်ထွေးအား ရှုံးနိမ့်ခဲ့သည်။ သို့သော် မဲသမာမှုများဖြင့် အနိုင်ရခဲ့သည့် NLD ပါတီကို  ၂၀၂၁ တွင် အာဏာထိမ်းမှုဖြစ်ပွားပြီးနောက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီးနောက် ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမု၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီ တို့ဖြင့် တိတ်တဆိတ် အလွတ်သဘော သွားရောက် တွေ့ဆုံခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နှင့်လည်း ဒွန်မောင်းလေဆိပ်တွင် တွေ့ဆုံခဲ့သည်။

ဦးဝဏ္ဏမောင်လွင်ကို ပြည်သူအများနှစ်သက်ရခြင်းမှာ ပြတ်ပြတ်သားသား ပြောဆိုရမည့်အရေးကိစ္စများတွင် တာဝန်ယူမှုအပြည့်ဖြင့် ယောက်ျားပီပီ ပြောဆိုတတ်ခြင်း ဖြစ်သည်။ ထိုအရည်အချင်းမျိုးကို ရွေးကောက်ပွဲတွင် မဲအသာရရှိခဲ့သည့် NLD ပါတီတွင်ပင် တစ်ယောက်မျှ မရှိခဲ့ချေ။ မဲအသာရရှိခဲ့ခြင်းသည်လည်း မဲမသမာမှုပြုကာ ရရှိခဲ့ခြင်းဖြစ်၍ ၎င်းထက်မဲများခဲ့သည့် NLD ကိုယ်စားလှယ် ဦးကျော်ထွေးအား ရှုံးနိမ့်ခဲ့သည်ဆိုခြင်းကိုပင် ပြည်သူအများက သံသယ ဝင်လျှက် ရှိပေသည်။

 

No comments:

Post a Comment