Friday, January 28, 2022

သီဟသူရဗိုလ်ကြီးသန်းထူး

သီဟသူရဗိုလ်ကြီးသန်းထူး

သီဟသူရဗိုလ်ကြီးသန်းထူးဆိုတာ မော်ဖိုးကေစခန်းမှာ ရန်သူ့စက်သေနတ်ကြောင့် ခွေကျနေပြီ။

အဲဒီနောက်ဒဏ်ရာပြင်းထန်နေတဲ့ကြားကရန်သူ့ဘန်ကာပေါက်ကို လက်ပစ်ဗုံးနဲ့လှမ်းပစ်တယ်။
ကံဆိုးစွာနဲ့ အဲဒီလက်ပစ်ဗုံးဟာ ရန်သူ့ဘန်ကာပေါက်ထဲမ၀င်ဘဲ သူ့နားကိုပြန်လိမ့်လာပြီး သူ့နားမှာပဲပေါက်ကွဲသွားတယ်။
သေနတ်ဒဏ်ရာ အများအပြားရပြီးသား ဗကသန်းထူးရဲ့၀မ်းဗိုက်နားမှာ လက်ပစ်ဗုံးထပ်ကွဲတော့ အူအခွေလိုက်ထွက်ကျလာတယ်။
သူ့အူတွေကို သူ့ဘာသာ ဗိုက်ထဲ ပြန်ထည့်ပြီးတော့မှ ၁၅ ကိုက်ကျော်ကျော်လောက်ဝေးနေသေးတဲ့ ဘန်ကာဆီကို တွားသွားတက်သွားတယ်။
ဘန်ကာထဲက ရန်သူက ရှေ့ကတက်နေသမျှ မိမိစစ်သည်တွေကို အတွဲလိုက် ကျွေးနေတာ။
ဗကသန်းထူးကပ်လာတာကို ဘန်ကာထဲက ရန်သူကမသိဘူး။ အပေါက်နားရောက်မှ ရှိသမျှနောက်ဆုံးအားကို စုစည်းပြီး ဝုန်းခနဲထရပ်ပြီးတော့ ကျောပေးပြီး ရန်သူ့ ပစ်ပေါက်ကို သူ့ခန္ဓာကိုယ်နဲ့ ပိတ်ထားလိုက်တာ။
ရန်သူက ကြောင်သွားပြီး ဘရောင်နင်စက်သေနတ်နဲ့အတွဲလိုက်ကုတ်ပေမဲ့ ဗကသန်းထူးခန္ဓာကိုယ်ကပြုတ်ကျမသွားဘူး။ အထဲကနေ သေနတ်ပြောင်းနဲ့ အတင်းတွန်းထုတ်တယ်။ မရဘူး။
စိတ်ဓာတ်ဝိညဉ်အပြည့်မိုင်ကုန်တင်ထားတဲ့ ခန္ဓာကိုယ်က ရန်သူ့ဘန်ကာပစ်ပေါက်ကနေ ကွာကျမသွားတော့ဘူး။ ခန္ဓာနဲ့ ဘန်ကာ ဆင်ကော်နဲ့စွဲထားသလို ကပ်နေတာ။
အဲဒီအချိန်ကျမှ ခြံစည်းရိုးအတွင်းပိုင်းရောက်နေတဲ့ စစ်သည်တွေ အတင်းပြေးတက်ပြီး
ဗကသန်းထူးပိတ်ထားတဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ကတစ်ယောက်၊ ညာဘက်ကတစ်ယောက် M79 လောင်ချာတွေ၊ G4 တွေနဲ့အထဲကို အတင်းပစ်၊ လက်ပစ်ဗုံးတွေပစ်သွင်းလုပ်တော့တာ။
ဗကသန်းထူးခေါ် ကိုသန်းထူးရဲ့ ဖခင်က ချင်းတိုင်းရင်းသားပါ။ ဗက သန်းထူး ဟာ ခလရ ၈၃ ကနေ သက်ပြည့်အငြိမ်းစား နဲ့ ပင်စင်ယူခဲ့တဲ့ အရခဗ မာန်အွမ် ရဲ့သား ပါ။မိခင်က ရှမ်း/ဗမာကပြားပါခင်ဗျား။
Credit ရဲကျော်သူရ

No comments:

Post a Comment