Saturday, January 22, 2022

မြန်မာ နဲ့အာဆီယံ

မြန်မာ နဲ့အာဆီယံ

ကမ္ဘာ့ နိုင်ငံရေးအခင်းအကျင်းမှာ အာဆီယံ နိုင်ငံတွေနဲ့ ဒေသ ဟာ ဘယ်လိုအရေးပါတယ်ဆိုတာတော့မပြောသေးဘဲ လက်ရှိမြန်မာနဲ့ အာဆီယံအရေးနဲနဲပြောပါ့မယ်။
အာဆီယံမှာ ၁၀ နိုင်ငံပါဝင်တယ်၊ ထိုင်း၊စင်္ကာပူ၊မလေးရှား၊အင်ဒိုနီးရှား၊ဘရူနိုင်း၊ဖိလစ်ပိုင်၊ဗီယက်နန်၊ကမ္ဘောဒီးယား၊လာအို၊မြန်မာ တို့ဖြစ်ပါတယ်(တီမောလက်စ်တေ မပါသေးပါ)
မလေးရှား၊ အင်ဒိုနီးရှား နဲ့ ဘရူနိုင်း ၃ နိုင်ငံက အစ္စလာမ်ဘာသာကိုးကွယ်ကြတဲ့ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံတွေ။
စင်္ကာပူက ကမ္ဘာ့ ဝန်ဆောင်မှု့ပွဲစားနဲ့ ကုန်သွယ်ရေကြောင်းစီးပွားရေးအရ အမေရိကနဲ့ ကင်းလို့မရသူ။
ဖိလစ်ပိုင်နိုင်ငံက တစ်ချိန်က အမေရိကန်ရဲ့ ကလပ် လေတပ်စခန်းနဲ့ ဆူဘစ်ရေတပ်စခန်းရှိခဲ့ပြီး လောလောဆယ်မှာလဲ တောင်တရုတ်ပင်လယ်နယ်မြေတုတ်နဲ့အငြင်းပွားမှု့အရေးနဲ့ပါတ်သက်လို့အမေရိကန်နဲ့ ဆက်ဆံရေးထူထောင်ထားရတယ်။
ထိုင်းနိုင်ငံကတော့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ နေတိုးအဖွဲ့ဝင်မဟုတ်သော စစ်ရေးမဟာမိတ်ဖြစ်ပါတယ်။
ဗွီယက်နန်ကလည်း တရုတ်နဲ့ တောင်တရုတ်ပင်လယ်အငြင်းပွားမှု့မှာ အမေရိကန်ကို မိတ်ဖွဲ့ထားရပါတယ်။
လာအိုကတော့ အာဆီယံမှာ ဩဇာ သိပ်မရှိလှပါဘူး။
ကမ္ဘောဒီးယားကတော့ လောလောဆယ်အာဆီယံဥက္ကဌဖြစ်ပြီးတော့ ကမ္ဘာမှာ ဗုဒ္ဓဘာသာလူဦးရေအများဆုံးရှိတဲ့နိုင်ငံပါ ။၉၅% လို့သိရပါတယ်။
မြန်မာ့အရေးနဲ့ပါတ်သက်လို့ အာဆီယံအဖွဲ့ကို အမေရိကန်နဲ့ အိုအိုင်စီအဖွဲ့တွေက ဖိအားပေးပြီး အကြပ်ကိုင်နေကြတာဖြစ်ပါတယ်၊ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းဝေးမှာ မြန်မာကို မဖိတ်သလို လာမယ့် ၁၈/၁၉ မှာကျင်းပမယ့် နိုင်ငံခြားရေးဝန်ကြီးတွေအစည်းဝေးမှာလည်း ဥက္ကဌ ကမ္ဘောဒီးယားကမြန်မာကိုဖိတ်ကြားတာကိုအကြောင်းပြုပြီး မလေး၊အင်ဒို၊ဘရူနိုင်းတို့က အကြောင်းအမျိုးမျိုးပြမတက်ရောက်နိုင်ကြောင်း၊ စင်္ကာပူဖိလစ်ပိုင်ကလည်းအကြောင်းအမျိုးမျိုးပြမတက်နိုင်ကြောင်း အကြောင်းပြန်ကြားခဲ့ကြလို့ အစည်းဝေးကိုရွှေ့ဆိုင်းလိုက်ရတယ်လို့သိရပါတယ်။
ပြောချင်တာက အာဆီယံကို အမေရိကန်နဲ့ အိုအိုင်စီက ကြိုးကိုင်နေသမျှ မြန်မာ့အရေးမှာ တစ်ဘက်သတ် နည်းမျိုးစုံဖိအားတွေရှိနေမှာမို့ အပြုသဘောဆွေးနွေးမှု့တွေဖြစ်လာနိုင်စရာမရှိဘဲ မြန်မာကို တစ်ဖက်သတ်ဖိအားပေးမှု့တွေသာ ဆက်ရှိနေမှာဟာ မထူးဆန်းပါဘူး။
ဒီတော့ မြန်မာအနေနဲ့ ကိုယ့်အားကိုယ်ကိုး ရပ်တည်ဖြေရှင်းဖို့ကိုသာကြိုးစားရမှာပါ။ဒီလိုရပ်တည်နိုင်ဖို့ကလည်း ပြည်ထောင်စုသားတိုင်းရင်းသားညီငိုများရဲ့ စုစည်းညီညွတ်မှု့အား လိုပါတယ်။
မစည်းလုံး မညီညွတ်သရွှေ့တော့ ပြည်ထောင်စုအနာဂတ်ဟာ မလှပနိုင်ပါဘူး။
မောင်ရိုး
၁၄/၁/၂၀၂၂

No comments:

Post a Comment