Friday, January 28, 2022

စစ်သားတယောက်ဖြစ်ဘို့ရာလွယ်သလား



စစ်သားတယောက်ဖြစ်ဘို့ရာလွယ်သလား

        ကျွန်တော်လေ့ကျင့်ရေးသင်တန်းကျောင်းရောက်တော့ပင်ပမ်းဆင်းရဲမှူ့တွေကိုစတင်ရင်ဆိုင်ခဲ့ရတယ်အိမ်မှာမနက် ၈ နာရီလောက်မှအိပ်ရာထတတ်တဲ့ကျွန်တော်သင်တန်းကျောင်းရောက်တော့အစောကြီးထရတာလေ ငိုချင်စိတ်တွေပေါက်လာတယ် ထွက်ပြေးချင်စိတ်တွေလဲဖြစ်လာတယ် တန်းစီနောက်ကျရင်လဲအရိုက်ခံရသေးတယ် နောက်ကျတဲ့သုံးတွဲလက်ထောက်မှောက်အရိုက်ခံရတယ် သင်တန်းမှာ အမြန်လျှောက်နဲ့အပြေးတက်ဘဲရှိတယ် အိမ်မှာမင်းသားလိုနေလာတာဆိုတော့ နဖူးကချွေးခြေမကျပေါ့ဗျာနေ့လည်ထမင်းစားချိန်ရောက်တော့ သိတဲ့အတိုင်းဘဲ ပဲဟင်း ငပိကြော် စားပြီး သင်တန်းပြန်လုပ် ပဲဆိပ်ကတက် အိပ်ကငိုက်အရိုက်ခံရပြန်ရော အဲ့အချိန်မှာအိမ်ကိုအရမ်းသတိရတယ်ညနေရောက်တော့ရေချိုး ထမင်းစား ဟင်းကဆိတ်သားလက်မလောက်လေးနှစ်ဖတ် ဘယ်လိုစားမလဲဟင်းဖတ်လေးနှစ်ဖတ်ပါးစပ်ထဲထည့်ပြီးထမင်းမစားတော့ဘဲဘားတိုက်ကိုပြန်ခဲ့တယ် ညရောက်တော့ဗိုက်ကအရမ်းဆာ မနေနိုင်တော့မီးဖိုကြီးသွားပြီးဆရာအိပ်နေတုန်းဟင်းခိုးစားတာမနက်လဲရောက်ရောတပ်ခွဲတခွဲလုံးလက်ထောက်မှောက်အရိုက်ခံရပါလေရော ဒါပေမဲ့သင်တန်းကာလကြာလာတာနဲ့အမျှကြံခိုင်မှူ့တွေရလာတယ် နေသားကျလာတယ် ပျော်ရွှင်လာတယ် ကိုစီသင်ခန်းစာရောက်လာတဲ့အချိန်မှာတော့သေချင်စိတ်ပေါက်အောင်ပင်ပမ်းတယ် တောင်ကုန်းပေါ်ကိုကျားတက်ထိုးရတာ သင်တန်းနည်းပြတွေကမကြိုက်ရင်ပြန်လုပ်ရတာကျားလို့အော်တဲ့အချိန်ဆရာတွေကမင်းတို့အော်တာတွေကကျားမအသံဖြစ်နေတယ် ကျားထီးအသံနဲ့ပြန်ထိုးသေချင်စော်နံရော စစ်သားတယောက်ဖြစ်ဘို့ရာလွယ်သလားဗျာ ဒါနဲ့ကျွန်တော်တို့ ၂၄ နာရီခရီးပြင်းထွက်ရတယ်တောတွင်းရှာဖွေစားသောက်မှူ့သင်ခန်းစာပေါ့ ပျော်စရာလဲကောင်းပင်လဲပင်ပမ်းအဲ့အချိန်မှာတော့ကောင်းကောင်းစားရတယ်ဗျ ဝက်သားအတုံးတွေကြီးတွေနဲ့ ပဲဟင်းခရီးဝေးလမ်းမလျှောက်ဘူးတော့ပင်ပမ်းတယ် ဒါနဲ့ကျွန်တော်တို့တတွေ သင်တန်းကျောင်ပြန်ရောက်ခဲ့ပါတယ်သင်တန်းကာလကလဲမကြာမီပြည့်တော့မှာဆိုတော့ခံနိုင်ရည်ရှိလာတယ် လူကလဲမဲပီးပဲဖော ဖောလာတယ် ညနေဆိုစစ်သီးချင်းဆိုရတယ် ကျောင်းဆင်းဘို့နီးလာတာနဲ့အမျှပျော်ရွှင်မှူ့တွေကလဲရင်နဲ့အပြည့်ဖြစ်လာတယ်နောက်မကြာခင်မှာဘဲခရီးရှည်ထွက်ရတယ် အရင်လိုသိပ်မပင်ပမ်းတော့ဘူး ချောင်းထဲမှာငါးဖမ်းချက်စားကျွန်တော်တို့ရောက်တဲ့နေရာကသနပ်ခါးပင်တွေအရမ်းပေါတာအဲ့အချိန်မှာသင်တန်းသားအကုန်လုံးပျော်နေကြတာဗျ သနပ်ခါးပင်တွေခုတ် ဒါကအမေ့အတွက် ဒါကချစ်သူရည်းစားအတွက်ဆိုပြီးခုတ်ဖြတ်ပြီးကျောပိုးအိပ်ထဲထည့်ပျော်စရာကောင်းဆုံးအချိန်ပေါ့ပြန်မယ်ဆိုတော့ကျောပိုးအိတ်ကသနပ်ခါးတုံးတွေနဲ့အရမ်းလေး ခရီးကဝေး နောက်ဆုံးတော့တတုံးမှမကျန်တော့ဘူး လေးလွန်းလို့လမ်းတလျှောက်ထားခဲ့ရတာသင်တန်းကျောင်းပြန်ရောက်တော့ ကျန်တော့ဘူးမကြာခင်အချိန်မှာဘဲကျွန်တော်တို့စက်ပစ်ကွင်းဝင်ရတယ်လေးပေပစ်မှတ်ကိုပစ်ရတာကျွန်တော်ကအတော်ဆုံးပေါ့ဗျာ တချို့ဆိုလေးပေပစ်မှတ်ကြီးကိုလွဲတယ်ဗျ ကျွန်တော်ကတော့ကျည်စုတောင်ဝင်သေးတယ် မထိတဲ့သင်တန်းသားကတော့အပြစ်ပေးခံရတာပေါ့ ဒီလိုနဲ့သင်တန်းကာပြည့်လို့သင်တန်းဆင်းချိန်ကိုရောက်ခဲ့ပါပြီ သင်တန်းသားအားလုံးရဲ့အပျော်ဆုံးနေ့ပေါ့အရမ်းပျော်ရွှင်ခဲ့ရပါတယ် ယူနီဖောင်းအသစ်လေးတွေနဲ့အရာရာဟာလှပနေတဲ့အချိန်ပေါ့ဗျာမကြာမီမှာဘဲကျွန်တော်တ်ို့သင်တန်းတပ်ခွဲတန်းစီရတယ် နိုင်ငံတော်အလံကိုကိုင်ပြီးကျမ်းသစ်စာကြိမ်ဆိုပြီး ခင်ဗျားတို့သိပ်မုန်းပါတယ်ဆိုတဲ့ စစ်သား ဘဝကိုရရှိခဲ့တယ် စစ်သားတယောက်ဖြစ်ဘို့ဘယ်လောက်ခက်ခဲကြမ်းတမ်းပင်ပမ်းလဲဆိုတာ ဒါမပြည့်စုံသေးပါဘူး စစ်ဆင်ရေးအတွေ့အကြုံတွေ အသက်ဘေးနဲ့ရင်ဆိုင်ခဲ့ရတာတွေ စားစရာမရှိလို့ငတ်ပြတ်နေခဲ့တာတွေ ဆေးလိပ်သောက်စရာမရှိလို့ဝါးရွက်တွေလိုပ်ပြီးသောက်လို့တညလုံးအိပ်မရအောင်ချောင်းတွေဆိုးခဲ့တာတွေအများကြီးအများကြီးကျန်ပါသေးတယ် နောက် post တွေကျမှတင်ပေးပါ့မယ်
အခုတော့မေးခွန်းလေးတခုနဲ့အဆုံးသတ်လိုက်ပါတယ်
စစ်သားတယောက်ဖြစ်ဘို့ရာလွယ်သလား
ဗျာ
ဖြေပေးကြပါ

Credit:Kyaw Thu

No comments:

Post a Comment