Sunday, January 30, 2022

မိစ္ဆာပါတီကြောင့် ပျက်စီးသွားသူများ

NLD လက်ထက် တိုးတက်လာတဲ့ လူငယ်တွေ

nld 5 နှစ်အတွင်းမှာ ဘာတွေတိုးတက်လာသလဲဆိုရင်-
ကိုယ့်ရဲ့ ဘာသာတရားကို ကိုယ်ပြန်စော်ကားလာရဲတဲ့သူတွေ အတော်တိုးပွားသွားတယ်...
စာမျက်နှာ တစ်မျက်နှာတည်းကိုထိုင်ဖတ်ပြီး ဒါကကျွန်ပညာ ၊ ဒါကသခင်ပညာဆိုပြီး စာတစ်မျက်နှာတည်းနဲ့ လိုသလို အဓိပ္ပါယ်ဖွင့် ဘာမှန်းမသိတဲ့ အူကြောင်ကျား နလပိန်းတုံးတွေ တော်တော်တိုးပွားသွားတယ်...
သူများယောင်လို့ယောင် ကိုယ်ထောင်တဲ့လက်သုံးချောင်းက ဘာအဓိပ္ပါယ်လဲဆိုတာ အခုချိန်ထိသေချာမသိတဲ့လူ့ငဖျင်း ပေါကြောင်ကြောင် အချောင်သမားလူငယ်တွေလဲ တိုးပွားသွားတယ်...
ငယ်ငယ်က စာသင်ခန်းထဲဝင်ရင် အမြဲရွတ်ဖတ်နေရတဲ့ ၃၈ ဖြာမင်္ဂလာတရားတော်ကဗျာလေးတွေရဲ့အသံဆိုရင် NLD လက်ထက်မှာတိတ်ဆိတ်ငြိမ်သက်ပြီး ငါတစ်ကောကောတတ်လာတဲ့ မျိုးဆက်သစ်လူငယ်တွေ တိုးပွားသွားတယ်...
NLD ငါးနှစ်အတွင်းမှာ အိမ်ကမိဘအရင်းတွက် ဆေးတစ်ထုပ်ဖိုးရှာမပေးတတ်တဲ့ လူငယ်တွေက
တစ်စိမ်းတစ်ယောက်ကို အမေခေါ်ပြီး အမြင်မတူရင် မိဘအရင်းကိုတောင် ပြန်သတ်ကြမယ့် အဇာတစ်သက်လက်သစ် လူမိုက်လူရမ်းကားလူငယ်တွေ တိုးပွားလာတယ်...
နိုင်ငံအတွင်းမှာ ငါတို့ဟာသန်းကြွယ်သူဌေးကြီးဖြစ်တော့မယ်ဆိုပြီး အခုချိန်ထိ လိုက်တောင်းစားနေရတဲ့ ရူးပေါပေါအသိစိတ်နဲ့ ပေါကြောင်ကြောင်လူငယ်တွေ တိုးပွားသွားတယ်...
ကိုယ်စီးနေတဲ့ဖိနပ် ဘယ်ညာမခွဲခြားတတ်တဲ့ မျိုးဆက်လူငယ်တွေ တိုးပွားသွားတယ်...

FB ပေါ်မှာ အလိမ်အညာ မဟုတ်မဟတ် လုပ်ကြံသတင်းတွေကို တစ်နေကုန်ထိုင်ဖတ်ပြီး ငါမှသိ ငါမှတတ် လူတစ်ကာကို ဆရာလုပ် နားထင်သွေးရောက်နေတဲ့ အပေါစားလူငယ်တွေလဲ တိုးပွားသွားတယ်. ..
တော်ပါပြီ nld ငါးနှစ်မှာ တွေ့မြင်ရတဲ့ တိုးတက်မှုတွေက ပြောရရင်အရှည်ကြီးပဲမို့ ဒီလောက်နဲ့ပဲရပ်ပါတယ်😏

No comments:

Post a Comment