Monday, January 31, 2022

စံပြ ခေါင်းဆောင်ကောင်း

စံပြ ခေါင်းဆောင်ကောင်း

မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သမိုင်းကြောင်း.....
- မြန်မာစာ အရေးအသား ပေါ်ပေါက်လာဖို့ စတင်အားထုတ်သူက အနိရုဒ္ဓ (အနေရထာ).....
- စနစ်ကျတဲ့ မြန်မာစာအဖွဲ့ ၊ မြန်မာသတ်ပုံ ၊ မြန်မာသဒ္ဒါစာအုပ်များ ပေါ်ထွန်းလာရေးအတွက် လမ်းညွှန်အားထုတ်ခဲ့သူက ဦးနေဝင်း.....
8-7-1981
--------
"တင်ပြသွားတာတွေနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ဖိတ်ခေါ်ပေးတယ် ။ ဘယ်လိုမှ မဆွေးနွေးဘူး ။ ဆွေးနွေးစရာအကြောင်းမရှိလို့တော့ မဟုတ်ဖူး ။ ကျွန်တော်ထင်တယ် အမှန်အတိုင်းပြောလို့ရှိရင် ဟိုလူထိခိုက် ဒီလူထိခိုက်ပြီးတော့ ထိခိုက်မှာစိုးလို့ပေါ့လေ ။ စကားနည်း ရန်စဲဆိုတာ အဲဒီသဘောနဲ့ မပြောဘဲ နေကြတယ်ထင်တယ် ''
"ဒီတော့ ကျွန်တော်ပဲ နည်းနည်းပြောပါမယ် ။ စာ ၊ စကား ဘယ်လူမျိုးမှာပဲဖစ်ဖြစ် စာ နဲ့ စကား အရေးကြီးတဲ့ အကြောင်းကို အားလုံးသိပြီးသား ဖြစ်နေတော့ အကျယ်ချဲ့ပြီး ကျွန်တော်မပြောတော့ပါဘူး ။ သို့သော် မြန်မာစာရဲ့ လက်ရှိအခြေအနေကို ကျွန်တော်တို့ ပြန်ကြည့်တဲ့ အခါကျတော့ ဝမ်းနည်းစရာတွေ တွေ့ရပါတယ် ''
"ကျွန်တော်တို့ နေ့တိုင်းပြောဆို သုံးနှုံးနေကြတယ် ၊ စာနဲ့ ရေးကြတယ် ။ စောစောက ဝမ်းနည်းတယ်လို့ ပြောတဲ့ အကြောင်းကဘာလဲဆိုတော့ စည်းကမ်းတကျ စကားနဲ့ စာမှာ မရှိဖြစ်နေတာ တွေ့တာကြောင့်မို့လို့ ဝမ်းနည်းတယ်လို့ ကျွန်တော်ပြောတာပါ ''
"ဒီတော့ ဗမာစကားနဲ့ ပတ်သက်ပြီးတော့ ဒီအတိုင်းဆက်သွားလို့ရှိရင် ဟိုးးးရှေးခေတ်က ပျူစကားလည်းပျောက် ၊ ပျူစာလည်းပျောက် ၊ လူမျိုးလည်းပျောက် ၊ ကျွန်တော်တို့ မြန်မာလူမျိုးဟာလည်း ကျွန်တော် မြန်မာဆိုတဲ့ စကားကို သုံးတယ်နော် ၊ ဗမာလို့ မသုံးဘူး ။ မြန်မာလူမျိုးဟာလည်း ကိုယ့်စာနဲ့ ကိုယ့်စကားကို ဒီအတိုင်းပေါ့ပေါ့တန်တန် ဆက်ပြီးတော့ ကျင့်သုံးကြမယ်ဆိုလို့ရှိရင်တော့ ဟိုခေတ်က ပျူဆိုတာပျောက် ၊ ပျူစကားပျောက် အဲဒီပျောက်သလို လူမျိုးပါပျောက်မှာ စိုးရတယ် ''
"ဒီတော့ အခု ဒီမြန်မာစာနဲ့ ပတ်သက်ပြီးတော့ ပြန်ပြီး စည်းကမ်းကလနားရှိအောင်လို့ လုပိနေတာဟာ ဒီရေးထားတဲ့ အထဲမှာ ပါ ပါတယ် ။ ဗမာစာဟာ နှစ်ပေါင်း တထောင်ကျော်က ထည်ထည်ဝါဝါပေါ့လေ ရှိခဲ့တယ်ဆိုပြီးတော့ ဂုဏ်တင်ပြောကြပါတယ် ။ ကျွန်တော့အဖို့ကတော့ မြန်မာစာကို ပြန်ပြီးတော့ တိတိကျကျ စည်းကမ်းကလနားနဲ့ ဖြစ်စေချင်တာဟာ ကြွားဖို့ဝါဖို့ မဟုတ်ဘူး ၊ ဒီစကားဟာ မသုံးမဖြစ်တဲ့ ပစ္စည်းဖြစ်နေတယ် ''
"ပထမအချက်ကဘာလဲဆိုရင်ဖြင့်ရင် စာပေသမိုင်းနဲ့ပတ်သက်ပြီး ရေးတဲ့အခါ တန်ခိုးအာဏာရှိနေတဲ့လူ ၊ မျက်နှာကြီးတဲ့လူ သဘောကျအောင် သူ့အကြိုက် သူ့သဘောနဲ့တွေ့အောင် ရေးတာမျိုး မဖြစ်စေပါနဲ့ ''
"သတ်ပုံနဲ့ပတ်သက်လို့ ငြင်းတာ ၊ အဓိပ္ပါယ်နဲ့ ပတ်သက်လို့ ငြင်းတာ အဲဒီတော့ ဒါတွေရဲ့ပျော့ကွက် ဟာကွက်တွေကို ပပျောက်အောင်ဟာ ကျွန်တော်တို့ အဘိဓာန်ကို စတင်ထုတ်ဖို့ လုပ်ခဲ့တယ် ၊ ဒီတော့ အဘိဓာန် ထုတ်တာရယ် ၊ သဒ္ဒါထုတ်တာရယ်ဟာ စောစောက ကျွန်တော်ပြောသလို ကြွားဖို့ ဝါဖို့ ထုတ်တာ မဟုတ်ဖူး တကယ်အသုံးလိုနေလို့ အသုံးချရအောင်လို့ အသုံးကျအောင် ကျွန်တော်တို့ ထုတ်တာ ''
"နောက်တပိုင်း ကျွန်တော်တို့ လူမျိုးမှာ ဒါ ရှေးခေတ်ကတည်းက အကျင့်ရှိတယ် ။ ဒီ တန်ခိုးရှိတဲ့လူ ၊ အာဏာရှိတဲ့လူ ၊ ရာထူးရှိတဲ့လူကို ချီးမြှောက်ပြီးရေးတယ် ။ ချီးမွှမ်းပြီးရေးတာ အဲဒီတော့ အခု အဘိဓာန်ရေးတဲ့ကိစ္စမှာလည်း ကျွန်တော့နာမည်ဟာ ရွန်းရွှန်းဝေလို့ ပါနေတယ် ။ အဲဒီတော့ ဒါတွေဟာ မလိုပါဘူး ၊ အမှန်ဖြစ်ဖို့ကောင်းတာက စောစောက ကျွန်တော်ပြောသလိုပဲ သမိုင်းကို အမှန်ရေးသလိုပဲ ဒီ စာတို့ ပေတို့ ရေးကြတဲ့ ပုဂ္ဂိုလ်တွေဟာ ကျွန်တော်တို့ခေတ်မှာတော့ အဲဒီလို ပုဂ္ဂိုလ်ချီးမြှောက်မှုမျိုး ကိုးကွယ်မှုမျိုး မလုပ်ကြပါနဲ့ ။ မြန်မာစာအဖွဲ့ဟာ ပိုးထုတ်တဲ့ပိုးကောင်တွေနဲ့ တူနေတယ် ၊ အဲဒီပိုးဟာ သံသရာလည်တယ် ''
"၁၉၅၉ /၆၀ ခုနှစ်က အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ဝန်ကြီးချုပ်ဘဝနဲ့ ဒီ ဗျူရိုကရက် ဆိုတဲ့ အင်္ဂလိပ်စကား ဗမာစကားနဲ့ တလုံးထဲပြောလို့ ကျွန်တော့ခေါင်းထဲမပေါ်လို့ ဒါ ထည့်သုံးတာပါ ၊ ကျွန်တော်စဥ်းစားတာကတော့ ဒီနိုင်ငံခြား စကားလုံး တလုံးမှ မထည့်ပဲ ပြောမလို့ ပါ ''
"အဲဒီတော့ ဒီကနေ့ အစည်းအဝေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာစာကို ထိထိမိမိ စည်းနဲ့ ကမ်းနဲ့ ဖြစ်အောင်လုပ်ဖို့ စုဝေးတိုင်ပင်တဲ့ အစည်းအဝေးလို့ပဲ ခေါ်ဆိုကြပါစို့လို့ ပြောရင်း ကျနော် နိဂုံးချုပ်ပါတယ် ''
(အဲဒီလို နဲ့ ဦးနေဝင်းပြုစုခိုင်းခဲ့တဲ့ မြန်မာစာအုပ်တွေ အပြီး နဝတခေတ်မှာတော့ မြန်မာစာရဲ့ အဆီအနှစ်တို့ စုဝေးရာ မြန်မာညွှန့်ပေါင်းကျမ်းများ ထုတ်ဝေဖို့ ညွှန်ကြားခဲ့ပါတော့တယ် ။)
တိုင်းပြည်ခေါင်းဆောင် ဖြစ်တဲ့ ဦးနေဝင်းသည် မြန်မာစာ နဲ့ မြန်မာလူမျိုးတို့ ဆက်စပ်နေသည့်အပေါ် စာပေ နဲ့ လူမျိုး မပျောက်စေဖို့ အတွက် အထက်ပါ မိန့်ခွန်းနဲ့ စာပေအား စနစ်တကျ ထိမ်းသိမ်းစေခဲ့သလို လူမျိုး မပျောက်စေရန် အလို့ငှာ ၁၉၈၂ မှာ ယနေ့ မြန်မာလူမျိုးတို့ရဲ့ အုတ်တံတိုင်း သဖွယ် အားကိုးနေရတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို အတည်ပြု ပြဌာန်းပေးခဲ့ပါတယ် ။
ဒီလို လက်ကျတွေကနေ ပေါက်ဖွားလာရတဲ့ တပ်မတော်ခေါင်းဆောင် အဆက်ဆက်ရှိခဲ့ရာမှ ယနေ့တိုင် ဒီသဘောကနေ မသွေဖယ်သေးပါဘူး ။
လက်ရှိ တပ်မတော်အနေနဲ့လည်း နောင်တချိန်မှာ ဖြစ်တည်လာမယ့် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး စနစ်သစ်မှာ ဘယ်သူပဲ အာဏာပိုင်စိုးပါစေ အထက်ပါ ဦးနေဝင်း ရဲ့ မြန်မာစာ နဲ့ မြန်မာလူမျိုးအပေါ် ထိမ်းသိမ်း ကာကွယ်ပေးခဲ့ခြင်းအား လေးစားဖွယ် စံပြလုပ်ဆောင်ချက်အဖြစ် အမွေဆက်ခံဖို့ အရေးတကြီး လိုအပ်ပါတယ် ။
ကျူးကျော်ခြင်းတွေဟာ ပုံစံပြောင်းလာကြပါပြီ ။ စာပေတွေကျူးကျော်လာခြင်းက ဆိုင်းပုဒ်က စပါတယ် ။ နောက် အပိုဘာသာ စကားအဖြစ် သုံးစွဲလာစေရန် ဘာသာစကား သင်တန်းအမျိုးမျိုး နဲ့ စာပေကျူးကျော်လာကြပါတယ် ။
စီးပွားရေး ၊ ယဥ်ကျေးမှု ဓလေ့ထုံးစံ ကျူးကျော်မှုကလည်း အနုပညာက အစပြု ကျူးကျော်သလို လမ်းဘေးဆိုင်လေးတွေက အစပြုကျူးကျော်ခံရတတ်ပါတယ် ။
နိုင်ငံရေး ကျူးကျော်မှုကတော့ ရပ်ကျေး အုပ်ချုပ်ရေးမှူး အဆင့်ကနေ လွှတ်တော်အထိ ကျူးကျော်ခံရတတ်ပါတယ် ။ အဲဒါတွေကြောင့် အမတ်လောင်း အရည်အချင်း သတ်မှတ်ချက်အား UEC မှ ဟာကွက်မရှိအောင် ပြင်ဆင်သတ်မှတ် ပေးကြရပါ့မယ် ။
၂၀၀၈ ခြေ / ဥ အရ ဘာဘာကွိကွ ဆိုတာ ပြင်ဆင်ဖို့ ခက်ကောင်းခက်ပါ့မယ် ။ သို့သော် အမတ်လောင်း အရည််ချင်း ပြင်ဆင်သတ်မှတ်ဖို့ကတော့ UEC အတွက် လွယ်ကူလွန်းပါတယ် ။ အကောင်းဆုံး ဥပမာကတော့ ၂၀၁၂ ကြားဖြတ်ရွှေးကောက်ပွဲမှာ NLD ဝင်ပြိုင်နိုင်ဖို့ အမတ်လောင်းအရည်အချင်း သတ်မှတ်ချက်ကို ငှက်ပျောသီးအခွံခွာရသလို ဦးတင်အေး ရဲ့ UEC ကနေ ပြင်ဆင်ပေးခဲ့ပါတယ် ။ ယခုလည်း တင်းကြပ်ဖို့ လိုအပ်လျှင် အလွယ်တကူ တင်းကြပ်လို့ရပါတယ် ။
ရှေ့က တပ်မတော်ရဲ့ စံပြခေါင်းဆောင်ကြီးတွေ လက်နဲ့ရေးခဲ့သော စာပေ နဲ့ လူမျိုး တည်တံ့ခိုင်မြဲရေး အားထုတ်မှုများအား မျိုးဆက်သစ် တပ်မတော်သား ခေါင်းဆောက်များမှ လစ်ဘရယ်ကြောင်ပြီး မိုက်မဲစွာ ခြေနဲ့မဖျက်မိဖို့ တင်ပြရင်း နိဂုံးချုပ်လိုက်ပါပြီ ။
ကိုရွှေမျိုးဝင်း

No comments:

Post a Comment