Sunday, February 28, 2016

စဝ်ရွှေသိုက် (ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတကြီး)

စဝ်ရွှေသိုက် (ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတကြီး)

စဝ်ရွှေသိုက်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတဖြစ်သည်။ ၁၉၄၈-ခုနှစ် ဇန်နဝါရီ ၄ ရက် မှ ၁၉၅၂ ခုနှစ် မတ်လ ၁၆ ရက် အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။သမ္မတကြီး စဝ်ရွှေသိုက်သည် ညောင်ရွှေမြို့၌ အင်းတိန်မြို့စား အဖ စဝ်ချုံ ၊ အမိ စဝ်နန်းဆာတို့မှ ၁၈၉၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၂၅၇-ခုနှစ်)တွင် မွေးဖွားခဲ့သည်။ စဝ်ရွှေသိုက်၏ အမည်ရင်း မှာ စဝ်ရွှေဆိုက် ဖြစ်သည်။ အကြောင်းမှာ ၎င်းမွေးဖွားချိန်တွင် ရှမ်းပြည်ညောင်ရွှေဒေသရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဖောင်တော်ဦးစေတီတော်မြတ်ကြီး ပွဲတော်ကျင်းပနေခိုက်ဖြစ်သည်။ ထိုအချိန်အတွင်း မယ်တော်စဝ်နန်းကြီးသည် မီးမဖွားနိုင်ပဲ ဒုက္ခတွေ့လျက်ရှိပုံမှာ ဝမ်းတွင်းရှိသန္ဓေသားသည် ဘုန်းကြီးသူဖြစ်၍သာ မွေးဖွားရ ခက်ခဲသည်ဟု ယူဆကြသဖြင့် လောကီယတြာအဖြင့် ရွှေထီးမိုးပေးခဲ့သော်လည်း မီးမဖွားနိုင်ပဲဖြစ်နေသည်။ မီးတထိန်ထိန်အိုးစည် ဗုံမောင်းသံတညံညံဖြင့် လှည့်လည်လာသော် ဖောင်တော်ကြီးသည် ကန်တော်ကို လက်ယာရစ် လှည့်ကာ စေတီတော်မြတ်ကြီးအား ကန်တော့ဦးတိုက် ဆိုက်မိချိန်တွင် မွေးဖွားခဲ့သောကြောင့် စဝ်ရွှေဆိုက်ဟု အမည်မှည့်ခဲ့သည်။ စဝ်ရွှေသိုက် ဟု ဆိုက်မှ သိုက်အသံသို့ ပြောင်းလဲခေါ်ခဲ့ကြောင်း သိရှိရသည်။ 

Thursday, February 25, 2016

မဟာသရေစည်သူ ဦးသန့်


ဦးသန့်

မဟာသရေစည်သူ ဦးသန့် (၂၂ ဇန်နဝါရီ ၁၉၀၉ – ၂၅ နိုဝင်ဘာ ၁၉၇၄) သည် မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ကာ ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး ၁၉၆၁ ခုနှစ် စက်တင်ဘာလအတွင်း လေယာဉ်ပျက်ကျ သေဆုံးပြီးနောက်ပိုင်း ၎င်း၏ နေရာတွင် အရွေးချယ်ခံခဲ့ရခြင်း ဖြစ်ကာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဥရောပသားမဟုတ်သူများထဲမှ ပထမဆုံးထမ်းဆောင်သူလည်း ဖြစ်သည်။ အာရှတွင် ပထမဦးဆုံး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ ဦးသန့်အား ၎င်းမွေးဖွားရာ ပန်းတနော်မြို့ကို ရည်စူး၍ ပန်းတနော် ဦးသန့် ဟု အမည်တွင်ခဲ့သည်။

Wednesday, February 24, 2016

`` သင် မသိသေးတဲ့ ထောပတ်သီး ရဲ့ ရတနာ ´´


`` သင် မသိသေးတဲ့ ထောပတ်သီး ရဲ့ ရတနာ ´´
လူအများစုလည်း ‪#‎ထောပတ်သီး‬ စားရင်
ထောပတ်သီး အစေ့ကြီး ထုတ်ပစ်လိုက်ရ မှ သဘောကျကြတယ် ထင်တယ်။
ကျနော်ဆိုရင် အလယ်ခေါင်က အစေ့မာမာကြီး ကို ဇွန်းနဲ့ ကော်ထုတ်ပစ်ပီး ထောပတ်အသားလေး တွေချည်း ကျန်တော့ရင် သိပ်ပျော်တာ
smile emoticon
ဒါပေမဲ့ သိပ်မကြာသေးခင်က ` လူတွေ မသိသေးတဲ့ ထောပတ်သီး ´ အကြောင်းကို အင်တာနက် website တခုကနေ ဖတ်မိပီး အံ့သြခဲ့ရတယ်။

Tuesday, February 23, 2016

ငရုတ်သီးရောင်းသူ


ငရုတ်သီးရောင်းသူ
------------------------
ငရုတ်သီးရောင်းသူတွေမှာ ဒီလိုအခက်အခဲမျိုး ရှိကောင်းရှိလိမ့်မယ်။ အဲဒီအခက်အခဲက ငရုတ်သီးရောင်းသူကို "ငရုတ်သီးက စပ်လား"လို့ ဝယ်သူတွေမေးကြတဲ့ မေးခွန်းဖြစ်တယ်။
ငရုတ်သီးရောင်းသူက "စပ်တယ်"လို့ ပြန်ဖြေရင် ငရုတ်သီးဝယ်သူ အစပ်မကြိုက်ခဲ့ရင် မဝယ်ဘဲထွက်သွားတော့မယ်။ "မစပ်ဘူး"လို့ ဖြေပြန်ရင်လည်း ဝယ်သူက အစပ်ကြိုက်သူဆိုရင် ဒီအရောင်းအဝယ်က မဖြစ်တော့ဘူး။
ဒီလိုအခက်အခဲကို ဖြေရှင်းတဲ့နည်းက အားလုံးသိကြတဲ့နည်းဖြစ်တယ်။ ငရုတ်သီးကို နှစ်ပုံခွဲလိုက်မယ်။ တစ်ပုံကစပ်တယ်၊ တစ်ပုံကမစပ်ဘူးဆိုပြီး ရောင်းရင် ဝယ်သူက သူ့စိတ်ကြိုက်တစ်ပုံရွေးလိမ့်မယ်။ ဒါက အများသိတဲ့ စာအုပ်ထဲမှာရေးထားတဲ့နည်းဖြစ်တယ်။
တစ်နေ့မှာ ကျွန်တော်အားနေတာနဲ့ ငရုတ်သီးရောင်းသူဘေးမှာထိုင် ဒီအခက်အခဲကို သူဘယ်လိုဖြေရှင်းမလဲဆိုပြီး စောင့်ကြည့်ခဲ့တယ်။ ပြီးတော့ ဝယ်သူမရှိတဲ့အခိုက် ရောင်းသူကို

Monday, February 22, 2016

ဦးသန့်ကို ကုလသမဂ္ဂအတွင်းမှူးရေးချုပ်အဖြစ် ဘယ်တုန်းကစပြီး အစမ်းခန့်အပ်ခဲ့တာလဲ




ဦးသန့်ကို ကုလသမဂ္ဂအတွင်းမှူးရေးချုပ်အဖြစ် ဘယ်တုန်းကစပြီး အစမ်းခန့်အပ်ခဲ့တာလဲ

          မြန်မာနိုင်ငံသားစစ်စစ်ဖြစ်သော ဦးသန့်ကို (၁၉၆၁)ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်(အစမ်းခန့်)အဖြစ် စတင်ခန့်အပ်ခဲ့သည်။ (၃၀.၁၁.၁၉၆၂)ရက်နေ့ ရောက်သော အခါ အတည်ပြုခန့်အပ်ခဲ့ပါသည်။
          ဦးသန့်သည် ထိုအချိန်က ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင် နေချိန်ဖြစ်သည်။ သူသည် တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ပြီး ပထမ(၅)နှစ် သက်တမ်း ကုန်ဆုံးသွားပြီးနောက် (၁၉၆၇)ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့တွင် ဒုတိယ(၅)နှစ်သက်တမ်းအတွက် ထပ်မံခန့်အပ်ခြင်း ခံရပြန်ပါသည်။ (၁၉၇၁)ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့ရောက်လေမှ အထွေထွေအတွင်းရေး မှူးချုပ်ရာထူးမှ အငြိမ်းစားယူခဲ့သည်။

Monday, February 15, 2016

သင့်တစ်သက်တာပျော်ရွှင်စေမယ့်ရိုးရှင်းသောနည်းလမ်း (၂၅) သွယ်




သင့်တစ်သက်တာပျော်ရွှင်စေမယ့်ရိုးရှင်းသောနည်းလမ်း (၂၅) သွယ်
  • Posted by whitesnowcool 
  •  
  • ဒီကမ္ဘကြီးမှာ မပျော်ရွှင်လိုတဲ့သူဆိုတာ ရှိကောင်းရှိနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ဟာ လူတိုင်းပျော်ရွှင်ချင်ကြပေမယ့် လူတိုင်းတော့ မအောင်မြင်နိုင်ကြပါဘူး။ အဲဒါကြောင့် သင်တို့ရဲ့ တစ်သက်တာမှာ အနည်းဆုံးတော့ နည်းနည်းဖြစ်ဖြစ်ပိုမိုပျော်ရွှင်စေနိုင်မယ့် အောက်ပါ နည်းလမ်း (၂၅) သွယ်ကို တင်ပြလိုပါတယ်။

Sunday, February 14, 2016

အညွန့်ချိုးခံနေရတဲ့ခေတ်



အညွန့်ချိုးခံနေရတဲ့ခေတ်

     သာလွန်မင်းလက်ထက်က မွန်ဝန်ကြီးတစ်ပါးရှိတယ်။ ဗညားကြမ်းတောလို့ခေါ်တယ်။ အလွန်ဖြောင့်မတ်ပြီး သတ္တိရှိသူလို့ နာမည်ကြီးတယ်။ ၀န်ကြီးဖြစ်မှ တရားစီရင်တာတွေ၊ ဆုံးဖြတ်ချက်ပေးရာတွေမှာ အရမ်း နာမည် ကျော်တယ်။ လူရိုသေ ရှင်ကြောက်ရလောက်အောင် သြဇာကြီးမားသူဖြစ်တယ်။
တစ်နေ့တော့ အမတ်ကြီး ဗညားကြမ်းတောဟာ စစ်ကိုင်းဘက်ကို ဘုရားတည်ဖို့သွားတယ်။ မြစ်ကူးတော့ မြစ်ကမ်းဘေးမှာ ကြီးမားတဲ့ မန်ကျည်းပင်ကြီးတစ်ပင်ကိုတွေ့တယ်။ မန်ကျည်းပင်ပေါ်မှာ လူငယ်တွေ ဆော့ ကစားရင်းနဲ့ မန်ကျည်းရွက်ခူးနေကြတာကိုတွေ့လိုက်တော့
"ဒီလူငယ်တွေ အများကြီးထဲမှာ သူရဲကောင်း နှစ်ယောက် ထွက်ရင်ကောင်းမယ်" လို့ပြောပြီး မန်ကျည်းပင် ပေါ်က လူငယ်တွေကို

Wednesday, February 10, 2016

စောလူးမင်းကျောက်စာတူးဖော်တွေ့ရှိခြင်း



စောလူးမင်းကျောက်စာတူးဖော်တွေ့ရှိခြင်း
ရေးသူ=မျိုးဆွေသန်း

             သက္ကရာဇ် ၄၁၅ ခုလို့ပါတဲ့ လွန်ခဲ့သောနှစ်ပေါင်း ၉၆၀ က ၁၁ရာစုခေတ်
အနော်ရထာမင်းရဲ့သားတော် စောလူးမင်းရေးထိုးခဲ့တဲ့
မြန်မာ၊ ပျူ၊ မွန်၊ ပါဠိ၊ ဂျွမ်း (၅)ဘာသာနဲ့ရေးထိုးထားတဲ့ ကျောက်စာတစ်ချပ်ကို မြစ်သားမြို့ ပေတော ပရဟိတကျောင်းမှာရှာဖွေတွေ့ရှိခဲ့တယ်လို့
မြန်မာ့အသံကသတင်းထုတ်ပြန်သွားပါတယ်။
မြန်မာဘာသာ (၈)ကြောင်း၊ ပျူလက်ရေးဖြင့် ပါဠိစာ(၁၄)ကြောင်း၊ ပျူလက်ရေးဖြင့်ပျူစာ(၇)ကြောင်း ကတစ်မျက်နှာ
မွန်ဘာသာဖြင့်(၁၅)ကြောင်း၊ ပါဠိဘာသာဖြင့်(၈)ကြောင်း၊ ဂျွမ်းဘာသာဖြင့်(၄) ကြောင်းကတစ်မျက်နှာ အားလုံး(၂)မျက်နှာရေးထိုးထားတဲ့ (၅)ပေမြင့်ပြီး (၃) ပေခွဲလောက်ကျယ်တဲ့ကျောက်စာကို (၅)ပိုင်းကျိုးလျက်ကို (၄)ပိုင်း ရှာဖွေတွေ့ရှိပေါ်ပေါက်ခြင်းပါ။

Tuesday, February 9, 2016

အရေးကြီးတာက ...


အရေးကြီးတာက ...

ဗုဒ္ဓကပြောတယ်:
"လူတစ်ယောက်အကြောင်းကိုဂဃနဏသိသွားသည့်တိုင်အောင် လူအများသိအောင် ထုတ်ဖော်ပြောပြစရာ မလိုဘူး" တဲ့၊
လူတစ်ယောက်ရဲ့အကြောင်းစုံကိုသိသွားတောင်..သူရဲ့အကြောင်းကို သင်မထုတ်ဖော်ဘူးဆိုရင် သူတစ်ပါးအပေါ်လေးစားခြင်း (Respect) ဆိုတဲ့ အဓိပ္ပါယ်ကို သင်နားလည်သွားပြီ..ကိုယ်နဲ့မတည့်တဲ့သူရဲ့ အကြောင်းကို သင်မထုတ်ဖော်ဘူးဆိုရင်

Sunday, February 7, 2016

အလုပ်ခန့်အပ်သူများက အလုပ်ရည်ညွန်းထောက်ခံချက်တွေမှ ဘယ်လိုအချက်တွေ လိုချင်ကြပါသလဲ



အလုပ်ခန့်အပ်သူများက အလုပ်ရည်ညွန်းထောက်ခံချက်တွေမှ ဘယ်လိုအချက်တွေ လိုချင်ကြပါသလဲ
Posted by Betty on November 3, 2015 at 10:41 

       ကြီးကျယ်ခမ်းနားလှသည့် ကိုယ်ရေးရာဇဝင်တစ်စောင်နှင့် အင်တာဗျူးနည်းနာတွေ ခိုင်ခိုင်မာမာရှိပါက အလုပ်လျှောက် ထားသူတစ်ဦးသည် လစ်လပ်သောနေရာအတွက် လျာထားခြင်းခံရကောင်းခံရနိုင်ပါသည်။ သို့သော် အောင်မြင်နေသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုဖြစ်သော Office Team (ရုံးအဖွဲ့)အမည်ရ အကျိုးဆောင်ကုမ္ပဏီတစ်ခုရဲ့ စစ် တမ်းကောက်ချက်အရ Reference (ခေါ်) အလုပ်အတွက်ထောက်ခံပေးချက်များကို စစ်ဆေးကြည့်ပြီး ရရှိလာသော ရလာဒ်များကသာလျှင် အလုပ်ရှာဖွေခြင်းတစ်ရပ်ကို အမှန်တကယ် အောင်မြင်လာစေမလား၊ လွဲချော်သွားစေမလား